Latest News

Sunday, September 30, 2018

အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈ဝဝ ကျော်ရှိလာ

အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈ဝဝ ကျော်ရှိလာ

ဂျကာတာ  စက်တင်ဘာ   ၃ဝ

ဆူလာဝေစီကျွန်းတွင် မြေငလျင်လှုပ် မှုနှင့် ဆူနာမီကြောင့် သေဆုံးသည့်ဦးရေ သည် တနင်္ဂနွေနေ့တွင် ၈၃၂  ဦးအထိရှိ လ ပြီဟု  အင်ဒိုနီးရှားအာဏာပိုင်များက  ပြောသည်။ ပြင်းအား ၇ ဒသမ ၅  မဂ္ဂနီ ကျုရှိ   ငလျင်သည်    သောကြာနေ့  မွန်းလွဲပိုင်းက     လှုပ်ခဲ့ရာ    ပါလူနှင့် ဒေါင်ဂလာတို့တွင်   သုံးမီတာအမြင့်ရှိ    ဆူနာမီလှိုင်းများ    ရိုက်ခတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပါလူတွင် သေဆုံးသူ ဦးရေ ၈၃၂ ဦး  ထိ ရှိလာပြီဟု   အင်ဒို နီးရှား      အမျိုးသားသဘာဝဘေး လျော့ပါးသက်သာစေရေး အေဂျင်စီမှ အကြီးအကဲက ပြောသည်။
အပျက်အစီးများ   အောက်တွင် လူပေါင်းများစွာ ပိတ်မိနေခဲ့သည်။ လမ်း များပျက်စီးခြင်းကြောင့်  ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်   အတား အဆီးဖြစ်ခဲ့ရသည်။ ဒေါင်ဂလာမြို့သည် လည်း   ဆူနာမီဒဏ်ခံစားခဲ့ရသည်ဟု ယူဆရသည်။

သို့သော် ဆက်သွယ်ရေးအခက် အခဲကြောင့် အပျက်အစီးစာရင်းမှာမူ မသိရသေးပေ။     သေဆုံးသူအရေ အတွက်မှာ     မြင့်တက်လာနိုင်သေး ကြောင်း   သဘာဝဘေးအေဂျင်စီက ပြောသည်။

အင်ဒိုနီးရှား      ဒုတိယသမ္မတ ဂျူဆက်ဖ်ကယ်လမ်က  သေဆုံးသူ ဦးရေမှာ    ထောင်ဂဏန်းထိလည်း ရောက်သွားနိုင်ကြောင်း၊    အဘယ် ကြောင့်ဆိုသော် အချို့သောဒေသများမှ အပျက်အစီးများကို    မသိရသေး၍ ဖြစ်ကြောင်း ပြောသည်။ အသက် ၃၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ   ရီဆာ ကူဆူမာက     သူသည်    ကယောင် ချောက်ချား ဖြစ်ခဲ့ရကြောင်း ၊     ¤င်း၏သားမှာ    ကယ်ဆယ်ရေးစခန်းတွင်      ရှိနေ၍  စိတ်သက်သာရာရခဲ့ကြောင်း ပြောသည်။ မိနစ်တိုင်းတွင် လူနာတင် ယာဉ်များမှ           အလောင်းများကို သယ်ဆောင်သွားခဲ့ပြီး သန့်ရှင်းသော သောက်ရေမှာလည်း     ရှားပါးလာခဲ့ သည်။

အင်ဒိုနီးရှားသမ္မတ  ဂျိုကိုဝီဒိုဒို သည်  တနင်္ဂနွေနေ့  မွန်းလွဲပိုင်းတွင်      ငလျင်လှုပ်ရာဒေသမှ       အပျက် အစီးများကို   သွားရောက်  ကြည့်ရှုခဲ့ သည်။
ကယ်ဆယ်ရေးနှင့်   ရှာဖွေရေး လုပ်ငန်းများ  လုပ်ဆောင်ရန်  အင်ဒို နီးရှားတပ်များကို  စေလွှတ်ထားသည်။  အပျက်အစီးများကို     ရှင်းလင်းရန် လူအားဖြင့် မလုံလောက်ဘဲ စက်ယ္တရား ကြီးများ လိုအပ်ကြောင်း သိရသည်။

ပါလူမြို့တွင်  နိုင်ငံခြားခရီးသွား ပေါင်း  ၆ဝ ခန့်ရှိသည်ဟု  အမျိုးသား သဘာဝဘေးအေဂျင်စီမှ  ယူဆထား သည်။  ဃ-၁၃ဝ   စစ်ဘက်  သယ်ယူပို့ ဆောင်ရေးလေယာဉ်သည်    ထောက်ပံ့ ပစ္စည်းများ     သယ်ဆောင်ပေးပြီး  လူသားချင်း      စာနာထောက်ထားမှု ဆိုင်ရာ လေယာဉ်ပျံသန်းမှုများကို ခွင့်ပြု ထားကာ စီးပွားရေးအရ ပျံသန်း သော      လေကြောင်းလိုင်းများကိုမူ  ကန့်သတ် ထားသည်။ 

မြန်မာ့အလင်း/ကိုးကား _အင်န်အိတ်ခ်ျကေ၊ အေအက်ဖ်ပီ

No comments:

Post a Comment