ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲတွေက ပြန်စနေပြီဖြစ်တာကြောင့် ထိပ်တန်းအသင်း တော်တော်များများကလည်း ရလဒ် ကောင်းတွေရရှိဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အဲဒီထဲမှာမှ ထိပ်တန်းကစားသမားတွေကလည်း ဥရောပအဆင့် ပြိုင်ပွဲမှာ ခြေစွမ်းပြကစားကာ ပိုမိုကြိုးစားလာကြပါတယ်။ မတူညီတဲ့ ထိပ်တန်းဥရောပလိဂ်ပေါင်းစုံရဲ့ ကစားသမား တွေကလည်း အခွင့်အရေးကို အမိအရယူပြီး ခြေစွမ်းပြဖို့လည်း ကြိုးစားနေကြပါတယ်။ အဲဒီထဲမှာမှ ပရီမီယာလိဂ် ထိပ်တန်းကစားသမားတွေရဲ့ အရည်အသွေးတွေကိုလည်း ချန်ပီယံလိဂ်မှာတော့ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။အဲဒီထဲမှာမှ ပိုမိုစောင့်ကြည့်ချင်စရာကောင်းတဲ့ ပရီမီယာလိဂ်ကစားသမား သုံးဦးကတော့....
ဆာလတ်
ဆာလတ်ရဲ့ နည်း ဗျူဟာပိုင်း အရည်အသွေး၊ အံ့သြဖွယ်ကောင်းတဲ့ ခြေစွမ်း တွေကိုတော့ ပြီးခဲ့တဲ့ရာသီက ကောင်းကောင်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ရာသီ မှာတော့ ဆာလတ်အနေနဲ့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ဘယ်လောက်အထိ ခြေစွမ်းပြကစားနိုင်မလဲဆိုတာကို လူတိုင်းက သိချင်နေကြတာ ဖြစ်ပါတယ်။
အီဂျစ်တောင်ပံကစားသမား ဆာလတ်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လီဗာပူးအသင်း နဲ့အတူ အဆက်မပြတ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်း ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်မှုနဲ့အတူ လီဗာပူးအသင်းအတွက်တော့ ဆယ်စုနှစ်တစ်ခုကြာပြီးမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဆာလတ်ဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာ တော့ ၁ဝ ဂိုး သွင်းယူပေးပြီး ဂိုးရရှိဖို့ ငါးကြိမ်တိုင် ပံ့ပိုး ပေးခဲ့သူ ဖြစ်ပါတယ်။
ဆာလတ်ဟာ ဒီနှစ်ချန်ပီယံလိဂ်မှာတော့ ပထမဦးဆုံး ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲမှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေမယ့် ပြိုင်ဘက်အသင်းတိုင်းကတော့ သတိထားစောင့်ကြည့်ရတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ သူ့ရဲ့အဆုံးသတ်ပိုင်း ကောင်းမွန်မှုတွေနဲ့အတူ လီဗာပူးအသင်းဟာ ဒီနှစ်ရာသီမှာလည်း ချန်ပီယံလိဂ် ဘယ်အဆင့်အထိ ရောက်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်း
လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးကို ပြပါဆိုရင်တော့ ဟယ်ရီကိန်းကို ပြရမှာဖြစ်ပါတယ်။ သူဟာနှစ်အနည်းဆုံးနဲ့ ဂိုး ၂ဝ ကျော် သွင်းယူနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ပထမဦးဆုံးပွဲစဉ်မှာ ဟယ်ရီကိန်းအနေနဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် အသင်းတိုင်းက သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့် နေကြတာပါ။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ က္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးပြီး က္ဘာ့ဖလား ရွှေဖိနပ်ဆု ရယူနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
ဒီနှစ်ရာသီမှာဆိုရင်လည်း သူဟာအသင်းနဲ့ အတူ ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ သုံးဂိုး သွင်းယူပေးထားသူ လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ခြေစွမ်း ကောင်းတွေကိုတော့ ပရီမီယာလိဂ်မှာသာမက ချန်ပီယံလိဂ်မှာပါ တွေ့မြင်ရဖို့ရှိနေတာလည်း ဖြစ်ပါ တယ်။ ကိန်းဟာ နည်းစနစ်ပိုင်းကောင်းမွန်သလို အဆုံးသတ် ပိုင်း ကောင်းမွန်လွန်းတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဘယ်ခြေ၊ ညာခြေသာမက ခေါင်းတိုက်ဂိုးတွေကိုပါ သွင်းယူနိုင်စွမ်းရှိတဲ့သူဖြစ်သလို ပယ်နယ်တီ ဧရိယာထဲမှာသာမက ပင်နယ်တီဧရိယာ အပြင်ပကနေပါ ဂိုးသွင်းယူနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။
အဂူရို
ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်မှာတော့ ခြေစွမ်းပြကစားနိုင်ဖို့ရှိတဲ့ ပရီမီယာလိဂ် တိုက်စစ်မှူးတစ်ဦးကတော့ အဂူရို ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ရာသီမှာတော့ အသင်း နဲ့အတူ ပြိုင်ပွဲစုံ ခုနစ်ပွဲ ပါဝင်ကစားကာ
လေးဂိုးသွင်းယူပေးပြီး ဂိုးရရှိဖို့
အတွက် တစ်ကြိမ် ပံ့ပိုး ပေးထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဒီနှစ်ရာသီ မှာတော့ အဂူရိုဟာ မန်စီးတီးအသင်းနဲ့ အတူ ဂိုးများမယ့် ရာသီအဖြစ် တွေ့မြင် ရဖို့လည်း ရှိနေပါ တယ်။
အဂူရိုရဲ့ လျင်မြန်မှု၊ အကွက်မြင်မှု၊ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကလည်း ပြိုင်ဘက် ခံစစ်မှူးတွေကို ရူးသွပ်စေတယ်လို့လည်း ပြောရမှာပါ။ ဒါကြောင့်လည်း သူဟာ မန်စီးတီးအသင်းမှာ ကစားနေခဲ့တဲ့ ခုနစ်နှစ်ကျော်ကာလအတွင်း အသင်းနှင့် အတူ ဂိုးပေါင်း ၂ဝ၅ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အဂူရိုဟာ ဒီနှစ်ရာသီမှာတော့ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံ လိဂ်မှာ ဘယ်လောက်အထိ ခြေစွမ်းပြကစားနိုင်မလဲဆိုတာကို ကြည့်ရဦးမှာပါ။ မန်စီးတီးအသင်းအနေနဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲစဉ်မှာ လိုင်ယွန်အသင်းနဲ့ ပွဲမှာတော့ ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် လာမယ့်ဟော့ဖန်ဟိန်းနဲ့ပွဲစဉ်မှာတော့ အဂူရိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
အောင်ကို
No comments:
Post a Comment