Latest News

Sunday, September 23, 2018

ICC စုံစမ်းစစ်ဆေးနေသည့် နိုင်ငံများနှင့် ရာဇဝတ်မှုများ အပိုင်း [၈] …



..
၁. Darfur, Sudan နိုင်ငံ - ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC ကို ဆူဒန်နိုင်ငံ ဒါဖါးဒေသကို စုံစမ်းစစ်ဆေးဖို့ မတ်လ ၂၀ဝ၅ မှာ လွှဲ ပြောင်းခဲ့တယ်။ ICC က စုံစမ်းမှုကို ဇွန်လ ၂၀ဝ၅ မှာ စတင်တယ်။ ဇူလိုင်လ ၂၀ဝ၂ ကနေ ၂၀ဝ၈ အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခမှာ လူပေါင်း ၂ သိန်းကနေ ၃ သိန်းကြား သေဆုံးခဲ့တယ်။ ဆူဒန်နိုင်ငံမှာ လူဦးရေ ၆.၂ သန်းပဲရှိပြီး ၂.၇ သန်း အိုးအိမ်စွန့်ခွာပြီး ပြောင်းရွှေ့နေရာချထားခံခဲ့ရတယ်။ ‘ဒါဖါး’ ဒေသ ပဋိပက္ခအတွင်းမှာ “genocide, war crimes, crime against humanity” ကျူးလွန်ခဲ့ တဲ့ တာဝန်ရှိသူတွေကို ICC က စုံးစမ်းဆဲဖြစ်တယ်။ 
..
၂. Libya နိုင်ငံ - ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC ကို လစ်ဗျားနိုင်ငံ “Inter alia, Tripoli, Benghazi နဲ့ Misrata ဒေသတွေကို စုံစမ်းစစ်ဆေးဖို့ ဖေဖေါ်ဝါရီ ၂၀၁၁ မှာ လွှဲပြောင်းခဲ့တယ်။ ICC က စုံစမ်းမှုကို မတ်လ ၂၀၁၁ မှာ စတင်တယ်။ ဖေဖေါ်ဝါရီ ၂၀၁၁ ခုနှစ်နဲ့ နောက်ပိုင်းမှာ လစ်ဗျားနိုင်ငံမှာ “crime against humanity” ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ICC က စုံးစမ်းဆဲဖြစ်တယ်။
..
၃. Uganda နိုင်ငံ - နိုင်ငံအစိုးရက ICC ကို ယူဂန်ဒါနိုင်ငံရဲ့ မြောက်ပိုင်းမှာ “Lord’s Resistance Army (LRA)” နဲ့ အုပ်ချုပ်သူအာဏာပိုင်တွေကြား ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ဓတမေ ခမငာနျယ ခမငာနေါငေညျအ့ ကာညေငအပ” ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို စုံးစမ်းဖို့ ၍ဃဃ ကို ဇန်နဝါရီ ၂၀ဝ၄ မှာ လွှဲပြောင်းတယ်။ ၍ဃဃ က ဇူလိုင် ၂၀ဝ၄ မှာ စတင်စုံစမ်းတယ်။ 
..
၎. Democratic Republic of the Congo နိုင်ငံ - နိုင်ငံအစိုးရက ICC ကို DRC ရဲ့ အရှေ့ပိုင်း “Ituri” နဲ့ “Kivu” ဒေသတွေမှာ ဇူလိုင် ၂၀ဝ၂ မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း “war crimes, crime against humanity” ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို စုံးစမ်းဖို့ ဧပြီ ၂၀ဝ၄ မှာ လွှဲပြောင်းတယ်။ ICC က ဇူလိုင် ၂၀ဝ၄ မှာ စတင်စုံစမ်းတယ်။ 
..
၅. Central African Republic I နိုင်ငံ - နိုင်ငံအစိုးရက ဒီဇင်ဘာ ၂၀ဝ၄ မှာ ICC ကို ၂၀ဝ၂-၂၀ဝ၃ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လက် နက်ကိုင်ပဋိပက္ခအတွင်း “war crimes, crime against humanity” ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို စုံးစမ်းဖို့လွှဲပြောင်းပြီး ICC က မေ ၂၀ဝ၇ မှာ စုံစမ်းမှုစတယ်။ 
..
၆. Central African Republic II နိုင်ငံ - နိုင်ငံအစိုးရက မေ ၂၀၁၄ မှာ ICC ကို ၂၀၁၂ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်လက်နက်ကိုင် ပဋိပက္ခအတွင်း "war crimes, crime against humanity” ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို စုံးစမ်းဖို့ လွှဲပြောင်းပြီး ICC က စက်တင်ဘာ ၂၀၁၄ မှာ စုံစမ်းမှု စတယ်။
..
၇. Kenya နိုင်ငံ – ICC ရဲ့ (တရားလိုပြုရှေ့နေအဖွဲ့) က စတင်ဦးဆောင်ပြီး ၂၀ဝ၇-၂၀ဝ၈ မှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲလွန် ကာလ အကြမ်းဖက်မှုတွေမှာ “crime against humanity” ကျူးလွန်တာဝန်ရှိသူတွေကို တရားစီရင်ဖို့ မတ်လ ၂၀၁၀ မှာ စုံစမ်းမှု စတင် တယ်။ 
..
၈. Georgia နိုင်ငံ - ICC ရဲ့(တရားလိုပြုရှေ့နေအဖွဲ့) က စတင်ဦးဆောင်ပြီး ၂၀ဝ၈ ခုနှစ် ဇူလိုင် (၁) မှ အောက်တိုဘာ (၁၀) ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခမှာ “crime against humanity” ကျူးလွန်တာဝန်ရှိသူတွေကို တရားစီရင်ဖို့ ဇန်နဝါရီ ၂၀၁၆ မှာ စုံစမ်းမှု စတင်တယ်။
..
၉. Burundi နိုင်ငံ - ၍ဃဃ ရဲ့ (တရားလိုပြုရှေ့နေအဖွဲ့) က စတင်ဦးဆောင်ပြီး ၂၀၁၆ ခုနှစ် ဧပြီ (၂၆) မှ အောက်တိုဘာ (၂၆) ရက်အတွင်း Kirundi ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ “crime against humanity” ကျူးလွန်တာဝန်ရှိသူ (နိုင်ငံထဲနေထိုင် နဲ့ နိုင်ငံပြင်ပမှာ နေထိုင်တဲ့ ဘူရန်ဒီနိုင်ငံသား) တွေကို တရားစီရင်ဖို့ အောက်တိုဘာ ၂၀၁၇ မှာ စုံစမ်းမှု စတင်တယ်။
..
၁၀. Ivory Coast နိုင်ငံ - နိုင်ငံအစိုးရက ICC ရဲ့တရားစီရင်ရေးကို ဧပြီ ၂၀ဝ၃ မှာ လက်ခံ၊ ဖေဖေါ်ဝါရီ ၂၀၁၃ မှာ “Rome Statute” ကို သဘောတူညီမှုကို လက်မှတ်ရေးထိုးတယ်။ ICC က အိုင်ဗရီကိုစ့်နိုင်ငံအနောက်ဖက်ခြမ်းနဲ့ မြို့တော် “Abidjan” မှာ ၂၀၁၀-၂၀၁၁ ရွေးကောက်ပွဲလွန်ကာလအတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှာ ကျူးလွန်တာဝန်ရှိသူတွေကို တရားစီရင်ဖို့ အောက်တိုဘာ ၂၀၁၁ မှာ စုံးစမ်းမှု စတယ်။
..
၁၁. Mali နိုင်ငံ - နိုင်ငံအစိုးရက ICC ကို ဇူလိုင် ၂၀၁၂ မှာ သူ့နိုင်ငံရဲ့ Gao, Kidal နဲ့ Timbuktu ဒေသတွေအတွင်းဖြစ်ပွားခဲ့တဲ့ စစ်ရာဇ ဝတ်မှု “war crimes” တွေမှာ ကျူးလွန်တာဝန်ရှိသူတွေကို တရားစီရင်ဖို့ လွှဲပြောင်းတယ်။ ICC က စုံးစမ်းမှုကို ဇန်နဝါရီ ၂၀၁၃ မှာ စတင်တယ်။ 
..
ICC က စုံစမ်းနေဆဲ Case ၁၁ ခုရှိပြီး၊ (၄) ခုက တရားရင်ဆိုင်၊(၁) ခုက အယူခံဝင်၊ (၃) ခုက အမှုကျေအေးသွားခဲ့ပြီး၊ (၆) ခုကို တော့ တရားစီရင်ခဲ့ပြီးဖြစ်ပါတယ်။
..
Ref:
1. International Criminal Court. “Situation under Investigation.” ICC. 8 August, 2018. Retrieved from https://www.icc-cpi.int/pages/situations.aspx.
2. ဓါတ်ပုံများကိုတော့ Google search မှာ ရှာဖွေပါတယ်။
..
ကိုချမ်းမှိုင်း
စက်တင်ဘာ၂၀၁၈



No comments:

Post a Comment