Latest News

Sunday, September 23, 2018

နရသိန်အကျဉ်းထောင်ထဲက သူလိုလူ ။(၆)




၁၉၉၅ ဇန်န၀ါရီလ (၄)ရက်။
အင်းစိန်သီးသန့် ထောင်ရဲ့ အုပ်ချုပ်ရေးဖွဲ့ စည်းပုံက အင်းစိန်အကျဉ်းထောင် ထောင်ပိုင်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော်ငြာလည်း သီးခြားလွတ်လပ်သော ထောင်ခွဲလေးတခုဖြစ်တာကြောင့် ၂ပွင့်အဆင့်ရှိ ထောင်မှုးကြီး တယောက်က အုပ်ချုပ်ပြီး သူအောက်မှာ ထောင်မှုးငယ် (၃) ယောက်တို့ ရှိကြသည်။ သီးသန့် ထောင်ကို အုပ်ချုပ်ရသော ထောင်မှုးကြီးများ၏ စိတ်နေသဘောထားပေါ်မှုတည်ကာ အောက်ခြေထောင်ဝန်ထမ်းများက အကျဉ်းသားများပေါ် အုပ်ချုပ်သည့်အခါ ဖိဖိစီးစီး ကိုင်တွယ်အုပ်ချုပ်ကြသလို့  အထက်အရာရှိ၏ ပျော့ပြောင်းသော သဘောထာပေါ်ကြည့်ကာ ဖိအားများကို လျောပေါ့အုပ်ချုပ်ခြင်းများလဲ ရှိနေတက်သေးသည့် အချိန်ကာလများလဲ ရှိတက်ပါသည်။

သီးသန့် ထောင်၏ ထောင်မှုကြီး တယောက်၏ အုပ်ချုပ်ရေးသက်တမ်းမှာ ၁နှစ်ခွဲမှ ၂နှစ်ဖြစ်ကြသည်။ ဖိနှိပ်အုပ်ချုပ်မှုကို ထောင့်စေ့အောင် အုပ်ချုပ်ကြသော ထောင်မှုးကြီးများ လက်ထပ်များတွင် တိုက်ဆောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံကြရသော နိုင်ငံရေးအကျဉ်းသားများအဖို့  အနေအထိုင်ကျပ်တည်း၊ အစားအသောက်ကျပ်တည်း၊ ရောဂါပရာပေါများခဲ့ကြရသည်။ အနေအထိုင်ကျပ်တည်းခြင်းဆိုသည်ကာ တိုက်ဆောင် တိုက်ခန်းလေးများသည် အကျယ်အ၀န်း ၈ပေ ပတ်လည်အခန်းလေးများသာဖြစ်ကြပြီး အခန်းတခန်းထဲမှာ နှစ်ရှည်ပြစ်ဒဏ် ထောင်ကျအကျဉ်းသား ၃ ယောက်မှ ၄ ယောက်ထားခြင်းခံရသည်။ ထိုအခန်းကျဉ်းလေးထဲမှာပင် ချီးပါ၊ သေပေါက်၊ ထမင်းစား၊ အိပ် စသည့် လူမှုကိစ္စတွေကိုလုပ်ကြရပြီး တနေ့ နာရီ(၂၄)နာရီမှာ တနေ့ တာ အပြင်ထွက်ချိန်မှာ ရေချိုး၊ မိလ္လချချိန်(၁၅)မိနစ်သာ အခန့် တံခါဖွင့်ခွင့်ရှိပြီး ၂၃နာရီ၄၅မိနစ်က ထိုတိုက်ခန်း အခန်းကျဉ်းလေးထဲမှာ ၃ ယောက်၊ ၄ ယောက်နေကြရသည်။ အိပ်ယာဝင်ချိန်မှာ ၃ ယောက်နေရသော အခန်းများက သက်တောင့်သက်သာရှိသော်လည်း ၄ ယောက်နေရသောအခန်းများက အလွန်ကျပ်တည်းစွာ အိပ်ကြရတော့သည်။ အခန်းအတွင်း ၃ယောက်၎ယောက်နေကြရာမှာ လူတိုင်းက နှစ်ရှည်ထောင်ပြစ်ဒဏ်များဖြစ်ကြတာကြောင့် အသုံးအဆောင်ပစ္စည်းများအပြင် အိပ်ယာလိပ်များပါ ရှိကြတာကြောင့် အခန်းတွင်းက မတ်တပ်ရပ်ယုံသာအခွင့်အရေးရှိပြီး လမ်းလျှောက်၍မရကြပါ။

ထို့ ကြောင့် သဘာဝကို လွန်ဆန်ကာ နေထိုင်နေကြရခြင်းကြောင့် ကျန်းမာရေးများ ထိခိုက်ချိုယွင်းလာကြရတော့သည်။ အစားအသောက်က ထောင်ကကျွေးသော အစားအသောက်က အကျဉ်းသားတယောက်တိုင်းအတွက် လုံလောက်မှုမရှိ။ ထမင်းမှလွှဲ၍ ပဲဟင်း၊ တာလပေါဟင်းချိုတို့ က စားမရလောက်အောင်ကို ညံဖျင်းလွန်သော ဟင်းများဖြစ်တာကြောင့် အဟာရမဖြစ်ပါ။ ထိုကြောင့် ထောင်ဝင်စာ မိသာစု ထောက်ပံမှုကို အားကိုးစာသောက်ရပြန်သည်။ ထိုသို့ ထောင်ဝင်စာ အားကိုးစာသောက်သောအခါမှာလဲ အကျဉ်းထောင်၏ ထောင်ဝင်စာဌာနက ထောင်ဝင်စာပစ္စည်း ကန့် သတ်မှုကြောင့်တကြောင်း နှစ်ရှည်ထောင်ပြစ်ဒဏ်များဖြစ်ကြသောကြောင့် ထောင်ဝင်စာ မလာနိုင်ကြသူတွေ တနှစ်နဲ့ တနှစ် တိုးလာခဲ့သလို ထောင်ဝင်စာလာနိုင်သူများ၏ ထောင်ဝင်စာထုတ်များက တဖြေးဖြေးနည်းပါးလာတော့သည်။ အခန်းအတွင်းရှိ ထောင်ဝင်စာလာသူရော မလာနိုင်ကြသူတွေရော မျှတ စာသောက်ကြရသဖြင့် အစာအဟာရချို့ တဲ့ပြီး ရောဂါပရာထူးပြောလာကြရသည်။ ထိုကဲ့သို့ နေထိုင်ရခြင်းက အုပ်ချုပ်ရေးတင်ကြပ်စွာ ကိုင်တွယ်ဖိနှိပ်ကြသော ထောင်မှုးကြီးများ အုပ်ချုပ်သော အချိန်ကာလများတွင် နိုင်ငံရေးအကျဉ်းသားများ၏ဘ၀များက ကြက်ခြင်းထဲ ထည့်ခံထားရသော ကြက်များဘ၀လို နေထိုင် စားသောက်ခဲ့ကြရတော့သည်။ ရှားရှားပါးပါး အုပ်ချုပ်ရေး ပျော့ပြောင်လှသော ထောင်မှုးကြီးများလဲ ရှိတက်ပါသေးသည်။

သူတို့ ၏ သဘောက စာနာသနားတက်လွန်၍တော့မဟုတ် သူတို့ ၏ ရောက်ရာအရပ်တွင် အုပ်ချုပ်တက်သော ပုံစံသာဖြစ်သည်။ သူတို့ အယူအဆက ထောင်ကျအကျဉ်းသားများကို ကောင်းကောင်းမွန်မွန်ထားပါက ပြဿနာ နည်းပါမည်ဟု ယူဆကာ အကျဉ်သားများနှင့် အောက်လက်ငယ်သားများကို အတင်းဖိအုပ်ချုပ်ခြင်မျိုးမဟုတ်။ ပျော့ပြောင်းနိုင်သလောက် ပျော့ပျော့ပြောင်းပြောင်း အုပ်ချုပ်တက်ကြသည်။ ကျနော်တို့ အတွေ့ အကြုံ့ အရ ထောင်သန္ဒေ ထောင်ပေါက် ထောင်ပိုင်၊ ထောင်မှုးကြီးများက နိုင်ငံရေးအကျဉ်းသားတွေအပေါ် အထက်အာဏာပိုင်အဖွဲ့ အစည်းများအလိုကျ ဖိနှိပ်အုပ်ချုပ်ပြပြီး သူတို့ ၏ ရာထူးတိုးရေး ရည်မှန်ချက်များကို အကောင်အထည်ဖေါ်ဆောင်ရာမှာ ထိုလုပ်ရပ်များကို ထူထူးချွန်ချွန် ထက်ထက်မြတ်မြတ်လုပ်ဆောင်ခဲ့ကြပြီး သူတို့ ၏ ဘ၀ပန်းတိုင်အောင်မြင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ၏ အသက်နှင့် ဘ၀များက လှေကားထစ်များအဖြစ်ရောက်ခဲ့ကြရတော့သည်။ ၁၉၉၁မှ ၁၉၉၄အထိ အင်းစိန်သီးသန့် ထောင်ကို အုပ်ချုပ်ခဲ့သော နရသိန်အကျဉ်းထောင် အာဏာပါးကွပ်သား တံခါးမှုးကြီး(၂) ယောက်က ထောင်မှုးကြီးမြသိန်း၊ ထောင်မှုးကြီးကျော်သန်းမြင့်တို့ ဖြစ်ကြသည်။ ၂ယောက်လုံးမှာ တရုပ်ကပြားများဖြစ်ကြပြီး ထိုအချိန်က အင်းစိန်သီးသန့် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို လူမဆံစွာ ကြက်ခြင်းထဲက ကြက်များလို နေထိုင်စေပြီး ညှင်းပန်း အုပ်ချုပ်ခဲ့သူ ၂ ယောက်ဖြစ်ကြသည်။ ၁၉၉၄ ခုနှစ် နှစ်လည်လောက်မှာတော့ သီးသန့် ထောင်ကို အုပ်ချုပ်ခဲ့တဲ့ ထောင်မှုးကြီး လှအောင်(ကျောက်ရူးလှအောင်) လက်ထပ်မှာ အရင်အခြေတွေထပ် နည်းနည်းသာလွန် ကောင်မွန်တဲ့ အုပ်ချုပ်မှုမျိုးကရခဲ့တဲ့အချိန်မှာ ထောင်အောက်ခြေ၀န်ထမ်းရော၊ တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေပါ သက်တောင့်သက်သာ နေခွင့်ရခဲ့ကြတော့သည်။ ခါတိုင်းက ထောင်အောက်ခြေ၀န်းထမ်းများက တိုက်ခန်းတခန်းကို (၁၅) မိနစ်နှုန်း ရေချိုး၊ မိလာချခဲ့ရာမှာ တခန်းချင်းစီ ချပေးရသဖြင့် တနေ့ ကုန် အလုပ်များခဲ့ရပြီး ထောင်မှုးကြီးလှအောင်ရောက်လာသောအခါ ၂ ခန်းပေါင်းပြီး ရေချိုး၊မိလာချ မိနစ်(၂၀)ဖြစ်သွားခဲ့သည်။ ထိုအတွက်ကြောင့် တနေ့ ကို ၂၄နာရီမှာ မိနစ်(၂၀) အပြင်ထွက်ခွင့်ရလာတော့သည်။

အဆောင်တာဝန်ခံများလဲ အလုပ်မများကြတော့သဖြင့် ညနေ မိလာချချိန်များတွင် အခန်းအတွင်းက မိလာထွက်ချသူတယောက်က မိလာဂံဖလာကို ထွက်ဆေးကြောခွင့်ရသဖြင့် အခန်းတွင်း ချီစော်၊ သေးစော်နံဟောင်းပြီး နေထိုင်ရာသော အခြေအနေမှ နည်းနည်းသတ်သွားခဲ့ကြရသည်။ ထိုကာလမှာပင် အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်များသို ပို့ ဆောင်ခဲ့ရာ သီးသန့် ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသား အချို့ ပါ ပြောင်းရွေ့ ခံကြသဖြင့် သီးသန့် ထောင် တိုက်ဆောင်များမှာ အနည်းငယ်ချောင်ချီကာ လူနည်းသွားတာကြောင့် တိုက်ခန်းများကို လေးသုတ်ခွဲကာ ရေချို၊ မိလာချပေးအောင် အဆောင်ဝန်ထမ်းများကို စည်းရုံးအောင်မြင်ခဲ့သဖြင့် တနေ့ ကို မိနစ်(၃၀)အထိ အောက်ဆင်ခွင့်ရရှိလိုက်တော့သည်။ ကျနော်တို့ နေထိုင်ရာ တိုက်ဆောင်(၂)ဖက်ခြမ်းက ထိုကဲ့သို့ အခြေအနေ ကောင်းမွန်နေချိန်မှာ တိုက်ဆောင်(၁)ဖက်ခြမ်းက ထိုအခွင့်အရေးမျိုးမရကြသေး။ ကျွန်းတိုက်(၁၀)ခန်းတွဲရှိ အခန်းများတွင်းက နိုင်ငံရေးအကျဉ်းသားများကို တိုက်ဆောင်(၁)၊ (၂)ကိုခွဲပို့ ခဲ့ပြီး ကျွန်တိုက်(၁၀)ခန်တွဲအတွင်းသို့  ထောင်မကြီးအဆောင်များမှ ရာဇ၀တ်လူဆိုးများကို ထည့်ထားလိုက်ကြသည်။ ကျနော်တို့ နေထိုင်ရာ တိုက်ဆောင်(၂)က အနည်းငယ်ချောင်ချီလာသောကြောင့် တိုက်ခန်းများအတွင်း ဟင်းခိုးချက်စားဖို့ အခွင့်အရေးများရလာခဲ့ကြတော့သည်။ ဟင်းခိုးချက်စားသည်ဆိုသည်က ထောင်ဝင်စားငပိကျော်နဲ့  အသားကျော်များကို ထောင်စိုက်ခင်းများက ထွက်သော ဟင်းရွတ်များဖြစ်သော မုန်ညင်၊ ကိုက်လန်၊ ဟင်းနုနွယ်တို့ ဖြင့် ရောနှောချက်ပြုပ်ပွားစား ရသော အလုပ်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ၌ ကိုယ်ပိုင်စိုက်ခင်းများမရှိသောကြောင့် ထိုင်းလူမျိုးများ စိုက်ခင်းများမှ တောင်းယူကြရသည်။

နောက်ပိုင်း အဆောင်ဝန်ထမ်းနဲ့ ညှိုနှိုင်းက စိုက်ခင်းလုပ်ကွက် အနည်းငယ်တောင်းယူ စိုက်ပျိုးစားကြရတော့သည်။ နိုင်ငံရေးသမားများ တောင်ယာခင်းရလာသော အခါ အဘဦးရှိန်တင်၊ ကိုအောင်ချမ်း(ကဗျာဆရာ အောင်ချမ်းမြိုင်)၊ ပြည်စိုး၊ အောင်မျိုးဆန်း(စာကလေး)၊ရွှေကြီး(ခင်မောင်ရွှေ)၊ ဘူးသီး(ယမင်ဦး)၊ ကိုခင်မောင်လေး၊ ကိုကြည်လွင်(ပေပင်ရှည်ရွာသားကြီး)၊ ကိုကျော်သိုက်၊ တို့ က ပင်တိုင် စိုက်ပျိုးကြပြီး အခြားသူများက လုပ်အားပေး ရေကူလောင်း ၊ ပေါင်းမြတ်နုတ်စသော အလုပ်များကို တက်ညီလက်ညီ ကူလုပ်ပေးကြသည်။ ပိုက်ဆံတက်နိုင်သူများက မျိုးစေ့ ၀ယ်ပေခဲ့ကြပြီး ထွက်လာသော သီးနှံ၊ဟင်းသီးဟင်းရွက်များကို ဝေခြမ်းစားသောက် ကြသော ပျော်စရာ အ ချိန်များလဲ ရှိခဲ့ကြပါသည်။ ထိုအချိန်က အဘရှိန်၏အသက်က (၆၀)ကျော်စ အရွယ်ဖြစ်သော်လည်း သူက စိုက်ပျိုရေးအတွေ့အကြုံ့ လက်တွေ့ ရှိပြီး ဦးဆောင်ပေးခဲ့သည်။ ကျနော်ထဲက ကိုအောင်ချမ်းက စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားတယောက်ဖြစ်ပြီး စိုက်ပျိုးရေးအတွေ့အကြုံ့ စာတွေ့ ရှိသူဖြစ်သည်။ ကျနော်တို့  စိုက်ပျိုးကြသော တောင်ယာကွက်များက သိပ်မများလှသော်လည်း အလုပ်တခါမျှ မလုပ်ဖူးခဲ့ကြသော အမောင်ကျောင်းသားများအတွက်က များပြားလှသည်။ မိမိတို့ ကိုယ်တိုင် ချမှတ်ပြီး ထောင်အာဏာပိုင်တို့ ကို ဆန့် ကျင်ခဲ့သော ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အလုပ်မလုပ်ရေးမှုဘောင်ကို ကျော်လွန်ပြီး လုပ်ဆောင်ရခြင်းလဲဖြစ်နေခဲ့ သောကြောင့် တောင်ယာအနည်းငယ်သာ အညှောင်းပြေ၊ ကျန်းမာရေးကိုယ်လက်လှုပ်ရှားဖို့ အတွက်သာ ရည်ရွယ်လုပ်ကြတာဖြစ်သည်။ နောက်တကြောင်းက မိမိတို့ အပြင်ဖက်မှာ ဈေးကြီးကြီးပေးပြီး သတင်းနှင့် အပြင်အခြေအနေများ သိရအောင် ၀ယ်ဖတ်ကြသော မဂ္ဂဇင်းများ ၊ အင်္ဂလိပ်စာ လေ့လာရန် စာအုပ်များကို မိမိတို့ စိုက်ခင်းအတွင်း မြုပ်နှံဖွတ်ထားရန်လဲ ဖြစ်သည်။ ထောင်ယာလုပ်ကြရင်း စကားပြောကြ၊ ခြေလက်လှုပ်ရှားကြနဲ့ ၊ တခါတလေ စာတွေ့ သမား စိုက်ပျိုးရေးကျောင်းဆင်းကိုအောင်ချမ်းနဲ့  ခြံစိုက်တောင်သူကြီး အဘရှိန်တို့ အကြား ငြင်းခုံမှုလေးများ/ှိနေပြီးဆိုရင် ကျနော်တို့ တွေက နောက်ပြောင်ကာ သူတို့ အနားမှာ ထွက်လာခဲ့ကြပြီး

‘’’’’’’ကိုအောင်ချမ်း--ခင်မျာနဲ့ အဘရှိန် ဆွေးနွေးလိုက်ကြဦး ခင်များတို့ (၂)ယောက် ညှိုနှိုင်းလို့ ရရင် ကျုပ်တို့ ပြန်လာခဲကြမယ် ‘’’’’’’

ကျနော်တို့ က ထိုသို့ ပြောဆို နောက်ပြောင်ကာ ဂိုထောင်တွေဘေးက မြေကွပ်လပ်မှာ ပိုက်ကျော်ခြင်းလုံး သွားခတ်နေတက်ကြသည်။ သူတို့ ငြင်ခုံနေကြသည်က ဘာမှ မဟုတ် ချဉ်ဘောင်စေ့ကို မြေကြီးထဲ နက်နက် ထည့်စိုက်ဖို့ နဲ့  တိမ်တိမ် အပေါ်ယံမြေဖုံးစိုက်ရန်သားဖြစ်သည်။ ကျနော်တို့ က ကျနော်တို့ ခြင်းခတ်ဝမှ သူတို့ ၂ ယောက်စီ ပြန်လာခဲ့ကြချိန်မှာတော့ သူတို (၂) က စိုက်ပြီးနေပြီးဖြစ်သည်။ ကျတော်တို့ တိုက်ဆောင်မှာ နိုင်ငံရေးအကျဉ်းသားဆောင်ဖြစ်ပြီး အမောင်ကျောင်းသားများအပြင် ပါတီများမှာ နိုင်ငံရေးသမားမျာလဲရှိကြသေးသည်။ ပါတီနိုင်ငံရေးသမာများက ကွန်မြူနစ်ပါတီနှင့် NLD မြို့ နယ်အဆင့်ပါတီဝင်များဖြစ်ကြပြီး အသက်ရွယ်ကြီးသူများက အဘရှိန်၊ ဦကျော်သန်း၊ ဦးထွန်းမြင့်၊အဘဦသောင်းကြည် ၊ ဦးဝင်ကြည်(ပုဆိုတိုဝင်ကြည်)၊ ဦဘဲဥ( ကဗျာဆရာကြည်တင်ဦး)၊ ဦးထွန်းကြိုင်၊ ဦးကြိုင်၊ တို့ဖြစ်ပြီး ကျန်သူများက အဘရှိန်လို တောင်ယာစိုက်ခင်းများကို ၀ိုင်းမလုပ်ကြ။ လူငယ်များထဲလဲ ၀ိုင်းမလုပ်သူများလဲ ရှိကြသည်။ အသီးအပွင့်ဖြစ်လာသော အခါ ၀ိုင်းမလုပ်ပဲ ခဏခဏ လာရောက်တောင်းသူများကို စာကလေးနဲ့ ဘူးသီးတို့ က ဗျစ်တောက်ဗျစ်တောက်လုပ်သောအခါ ရွှေကြီးနဲ့  ကိုအောင်ချမ်းတို့ က ပေးရန်သာ တိုက်တွန်းကြသည်။ အဘရှိန်ကတော့ ပစ္စည်မဲ့တယောက်၏ ဝေဖန်ရေး လုပ်ယုံကလွှဲရင် ဘာမှ ၀င်မပြောပါ။

အဆောင်မှာ အနည်းငယ်လွတ်လပ်လာသဖြင့် မှတ်မှတ်ရရ ၁၉၉၅ ဇန်န၀ါရီလ (၄) ရက်နေ့ မှာ ကျနော်နဲ့ ကိုကျော်ကျော်ဦးတို့ နှစ်ယောက် တိုင်ပင်ကြပြီး တိုက်ဆောင်ဖွင့်ချိန်မှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲလုပ်ကြရန် မုန့် များ ၊ ကော်ဖီမစ်ထုတ်များ အခန်တိုင်း လိုက်အလှုခံကြပြီး အဆောင်ဝန်ထမ်းကို တဆောင်လုံးအခန်းများကို ဖွင့်ခိုင်းခဲ့သည်။ အဆောင်တာဝန်ကျဝန်ထမ်းကလဲ ဖွင့်ပေးတာကြောင့် လွတ်လပ်ရေးပွဲ ကစားနည်းအတိုင်း ကစားနည်းတချို့ နဲ့ ကစားခဲ့ကြသည်။ ထိုကစားနည်းထဲမှမှာ လူကြီး ၃ ယောက်ဖြစ်တဲ့ ဦးလေးဦးကျော်သန်း ၊ အဘဦးရှိန်တင်၊ ဦးလေးဦးထွန်းမြင့်(ကျောက်ဘီလူး) တို့ သုံးယောက်အတွက် အပ်ထဲ အပ်ချည်ထိုး ရသော ပြိုင်ပွဲကို လုပ်ပေးကြရာ အသက်ကြီးသူ ၃ ယောက်မှာ မျက်စီမှုန်သူများဖြစ်ကြသဖြင့် မျက်မှန်များတက်ပြီး ၀င်ပြိုင်ခဲ့ကြတော့သည်။ သူတို့ ၃ ဦအတွက်က နိုင်သူရော ရှုံးသူပါ ဆုရကြမှာဖြစ်သည်။ ထိုအစီစဉ်းကိုတော့ ဘယ်သူမှကိုမပြောပဲ လျှိုဝှတ်ထားခဲ့ကြသည်။ ပြိုင်ပွဲစသောအခါ ၃ ယောက်သာ လမ်းလျှောက် အပ်ချည်ထိုးခဲ့ရာ ကျန် (၂)ယောက်က အပ်ပေါက်ထဲ အပ်ချည်ထိုးမရပဲ အရှုံးပေးခဲ့သော်လည်း အဘဦးရှိန်တင်က အလျောမပေး ရအောင် ထိုးသည်။ သူက သူရပြီး အပ်ပေါက်ထဲ အပ်ချည်ရောက်ပြီးလို အော်တဲ့အခါ စစ်ဆေးသူ နှစ်ယောက်က ကျနော်ရယ်၊ ကဗျာဆရာဦးကြည်တင်ဦးတို့ ဖြစ်ပြီး သူအပ်ကို ယူကြည်တဲ့အခါမှာ သူက အပ်ထိပ်ဖျားကို အပ်ပေါက်ထင်ကာ မမြင်မစမ်း ထိုးနေခဲ့ခြင်းဖြစ်ပြီး သူတံထွေးများဖြင့် အပ်ချည်က စိုကာ အပ်ဖျားတွင် ကပ်နေခြင်းဖြစ်သည်။ အားလုံးကလဲ သူက အသက်ကြီးပြီး မျက်စီမှုန်နေသော်လည်း အပ်ပေါက်ထဲ အပ်ချည်ထိုးနိုင်သည်ဟု ယုံကြည်ပြီး ၀ိုင်းအုံကြည့်ခဲ့ကြရာ အပ်ချည်က တံထွေးများစိုကာ အပ်ထိပ်မှာ ကပ်နေတာ တွေ့ ကြပြီး ၀ိုင်ရယ်ကြတော့သည်။ ကျနော်တို့ အားလုံးသော နိုင်ငံရေးအကျဉ်းသားများသည် အနေချောင်သော အခြေအနေများမှာလဲ ထိုကဲ့သို့ ပျော်ပျော်ရွင်ရွှင်ပဲ စစ်အာဏရှင်များအကျဉ်းထောင်အတွင်း ဤကဲ့သို့ ဖြတ်ကျော်ခဲ့ကြသည်။

(ဆက်ရန်)

ထွန်းထွန်း (အရေးတော်ပုံတပ်သား)

၁၅-၀၉-၁၈

No comments:

Post a Comment