Latest News

Sunday, September 23, 2018

ဇေရဲထွန်း(ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်)နှင့် ခင်မောင်ဝင်းတို့ ၂ ဦးအားစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ဇေရဲထွန်း(ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်)နှင့် ခင်မောင်ဝင်းတို့ ၂ ဦးအားစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ စက်တင်ဘာ ၂၃

လားရှိုးမှ ရန်ကုန်သို့ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် လူမဲ့တန်ဆာ ခရီးဆောင်အိတ်အား အမျိုးသား ၂ ဦးမှ လာရောက်ထုတ်ယူစဉ် ရှာဖွေစစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ပါသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှုဖြင့် မူးယစ်တပ်ဖွဲ့စု (၄၀)(ရန်ကုန်မြောက်ပိုင်း)မှ တပ်ဖွဲ့စုမှူး ရဲမှူးအောင်မြတ်စိုး ဦးစီး သောအဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၂၄)(လားရှိုး)မှ ရဲအုပ်မင်းဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့တို့မှ သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ရတနာယာဉ်လိုင်းဂိတ် (လားရှိုး-ရန်ကုန်)တွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် (AYY) DD/---- နံပါတ်ပါ NISSAN TIIDA အမျိုးအစား အငှားယာဉ်ဖြင့် ဇေရဲထွန်း (ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်) ၃၈ နှစ်နှင့် ခင်မောင်ဝင်း ၄၅ နှစ်တို့ ၂ ဦးရောက်ရှိလာပြီး လူမဲ့တန်ဆာ VERAGE စာတန်းပါ ခရီးဆောင်အိတ်အား ရွေးယူလာသဖြင့် ရှာဖွေ စစ်ဆေးခဲ့ရာ အဆိုပါ အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီးတောင့် ၁၀ တောင့်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ပြားနှင့် ၄င်းတို့ စီးနင်းလာသော မော်တော်ယာဉ်အမှတ် (AYY) DD/---- မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။



CCDAC Myanmar


(Unicode)

လားရှိုးမှ ရန်ကုန်သို့ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် လူမဲ့တန်ဆာ ခရီးဆောင်အိတ်အား အမျိုးသား ၂ ဦးမှ လာရောက်ထုတ်ယူစဉ် ရှာဖွေစစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ စက်တင်ဘာ ၂၃

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှုဖြင့် မူးယစ်တပ်ဖွဲ့စု (၄၀)(ရန်ကုန်မြောက်ပိုင်း)မှ တပ်ဖွဲ့စုမှူး ရဲမှူးအောင်မြတ်စိုး ဦးစီး သောအဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၂၄)(လားရှိုး)မှ ရဲအုပ်မင်းဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့တို့မှ သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ရတနာယာဉ်လိုင်းဂိတ် (လားရှိုး-ရန်ကုန်)တွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် (AYY) DD/---- နံပါတ်ပါ NISSAN TIIDA အမျိုးအစား အငှားယာဉ်ဖြင့် ဇေရဲထွန်း (ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်) ၃၈ နှစ်နှင့် ခင်မောင်ဝင်း ၄၅ နှစ်တို့ ၂ ဦးရောက်ရှိလာပြီး လူမဲ့တန်ဆာ VERAGE စာတန်းပါ ခရီးဆောင်အိတ်အား ရွေးယူလာသဖြင့် ရှာဖွေ စစ်ဆေးခဲ့ရာ အဆိုပါ အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီးတောင့် ၁၀ တောင့်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ပြားနှင့် ၄င်းတို့ စီးနင်းလာသော မော််တော်ယာဉ်အမှတ် (AYY) DD/---- မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက် ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်ရှိ ဇေရဲထွန်းနှင့် ခင်မောင်ဝင်းတို့ ငှားရမ်းနေထိုင်သော နေအိမ်သို့ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၃ ပြား ပါ ၁ ထုပ်အား ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၈၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ၆၀၂၄၉၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိသော ဇေရဲထွန်း(ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်)နှင့် ခင်မောင်ဝင်းတို့ ၂ ဦးအား အရေးယူရန် မင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၅၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း နှင့် ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment