Latest News

Wednesday, September 19, 2018

ICC ဖမ်းဝရမ်းတစ်ချို့…အပိုင်း [၇]


[အမေရိကန်နိုင်ငံခြားရေးမူနှင့် U.S.-ICC ဆက်ဆံရေး…]
..
ICC က Bosco Ntaganda ကို သြဂုတ်လ ၂၀၀၆ မှာ ဖမ်းဝရမ်းထုတ်ခဲ့တယ်။ Rwanda နိုင်ငံ, Kigali မြို့က အမေရိကန်သံရုံးမှာ မတ်လ ၁၈ ရက်၊ ၂၀၁၃ မှာ သူလာရောက် အဖမ်းခံခဲ့တယ်။ သူ့ကို ‘The Terminator’ လို့ လူသိများတယ်။ Rwanda နိုင်ငံသား, the Patriotic Forces for the Libration of Congo (PFLC) တပ်ဖွဲ့ရဲ့ ဒု-ဦးစီးချုပ်။ အမေရိကန်နိုင်ငံက သူ့ကို ICC ကို ပြောင်းရွှေ့ပို့ဆောင်ဖို့ တာဝန် ယူဆောင်ရွက်ပေးခဲ့တယ်။ The Democratic Republic of the Congo နိုင်ငံတွင်းမှာ “war crimes” နဲ့ “crime against humanity” ကျူးလွန်းမှုနဲ့ ICC က အလိုရှိခဲ့ပြီး, ဇူလိုင် ၁၃ ရက်၊ ၂၀၁၂ မှာ ဒု-ကြိမ် ဖမ်းဝရမ်းထပ်ထုတ်ခဲ့တယ်။ ၂၀၁၅ မှာ ICC မှာ တရားရင်ဆိုင် ရတယ်။
..
အမေရိကန်နိုင်ငံက ၂၀၁၃ မှာ Uganda နိုင်ငံ, သူပုန်တပ် [Lord’s Resistance Army] က တပ်ချုပ်ကြီး/စစ်ခေါင်းဆောင် Joseph Kony (No-1) နဲ့ တပ်ဦးစီးမှူး Dominic Ongwen (No-5) ကို ဖမ်းနိုင်ရင် ဆုကြေးငွေ (၅) သန်းလို့ ထုတ်ပြန်ခဲ့တယ်။ သူတို့နှစ်ဦးကို ICC က “war crimes” နဲ့ “crime against humanity” ကျူးလွန်းမှုနဲ့ ၂၀၀၅ မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်တယ်။ Ongwen ဟာ အောက်တိုဘာ ၁၀, ၂၀၀၅ တိုက်ပွဲအတွင်းမှာ သေဆုံးတယ်လို့ သတင်းထွက်တယ်။ ICC ရဲ့ ခန္ဓာကိုယ်မျိုးရိုးဗီဇဆေးစစ်ချက်အရ သေဆုံးတဲ့သူဟာ Ongwen မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တယ်။ ICC ဟာ မျိုးရိုးဗီဇအထိလိုက် အတည်ပြုချက်ယူတယ်။ Ongwen ကို ဇန်န၀ါရီ ၆, ၂၀၁၅ မှာ Central African Republic နိုင်ငံမှာ ဖမ်းဆီးနိုင်ခဲ့ပြီး အမေရိကန်က ထိမ်းသိမ်းခဲ့ကာ ICC ကို ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့တယ်။ Joseph Kony ကတော့ အသက်ရှင်လွတ်မြောက်နေဆဲ ဖြစ်တယ်။ 
..
အမေရိကန်နိုင်ငံရဲ့ Foreign Policy သမိုင်းကို ပြန်ကြည့်ရင် - ဒုတိယကမ္ဘာစစ်ကစလို့ စစ်ဝါဒီခေါင်းဆောင်းတွေကို တရားစီရင်ပြစ်ဒဏ် ချမှတ်တဲ့ နုရင်ဘတ်တရားစီရင်ရေးကို ဦးဆောင်ခဲ့တယ်။ တိုကျိုတရားစီရင်ရေးမှာလဲ ပါခဲ့တယ်။ ကုလသမဂ္ဂရဲ့ UN War Crimes Commission ရဲ့ operations တွေမှာလဲ ဦးဆောင်ပါဝင်ခဲ့တယ်။ Yugoslavia, Rwanda, Sierra Leone, Cambodia, Lebanon နဲ့ တခြားနိုင်ငံတွေရဲ့ Case တွေမှာ UN နဲ့ အဓိကလက်တွဲပြီး ယာယီ-နိုင်ငံတကာစစ်ခုံရုံးတွေဦးဆောင်ဖွဲ့ခဲ့ကာ စစ်ဝါဒီခေါင်းဆောင်တွေကို ဖမ်းဆီးရာမှာ တရားစီရင်ပြစ်ဒဏ်ချရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာတရားစီရင်ရေးစနစ်တစ်ခု ယာယီမဟုတ်ဘဲ အမြဲတမ်းထားရှိဖို့ လိုအပ်တာကြောင့် နိုင်ငံတကာရာဇ၀တ်မှုခုံရုံး ICC ပေါ်ပေါက်လာခဲ့ရတာဖြစ်တယ်။ ICC က စစ်ရာဇ၀တ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ပစ်မှတ်ထားတယ်။
..
၂၀၀၀ ခုနှစ်မှာ အမေရိကန်က ICC ပြင်ဆင်ရေးကော်မရှင်မှာ ပါခဲ့ပြီး ICC ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြစ်ဖို့ လုပ်ပုံလုပ်နည်း၊ စည်း မျဉ်းတွေ အကြမ်းရေးဆွဲခြင်း၊ ရာဇ၀တ်မှုများကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်ခြင်း၊ တရားစီရင်ရေးအဆင့်ဆင့်မှာ မျှတမှုရှိရေး၊ သက် သေခံအထောက်အထားများတိကျမှုရှိရေး စတာတွေဖြစ်ပေါ်ဖို့ အဓိကရေးဆွဲရာမှာ ပါခဲ့တယ်။ ICC ရဲ့ ဥပဒေ၊ စည်းမျဉ်း စာသားတွေ ဟာ U.S. က စတင်ရေးသားခဲ့တာလို့ ဆိုတယ်။ အမေရိကန်က ၂၀၀၀ မှာ Rome Statute ကို လက်မှတ်ရေးထိုးခဲ့တယ်။ Rome Statute ဆိုတာ ICC ရဲ့ အခြေခံဖွဲ့စည်းပုံလို့ ဆိုနိုင်တယ်။ အမေရိကန်က ICC မှာ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ သဘောတူစာချုပ်ချုပ် တရားဝင်ဘောင်ထဲက ပါဖို့ကိုတော့ ရှောင်ခဲ့တယ်။ 
..
စက်တင်ဘာ (၁၁), ၂၀၀၁ မှာ အမေရိကန်နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရတယ်။ World Trade Center ပြိုတယ်။ Pentagon (စစ်ရုံးချုပ်) လဲ တိုက်ခိုက်ခံရတယ်။ အမေရိကန်က အောက်တိုဘာ (၇), ၂၀၀၁ မှာ Afghanistan ကို ကျူးကျော်ဝင်တိုက်ခဲ့တယ်။ ၂၀၀၃ မတ်လ (၂၀) မှာ Iraq ကို ကျူးကျော်ဝင်တိုက်ခဲ့တယ်။ အမေရိကန်စစ်သားတွေလဲ နိုင်ငံပြင်ပမှာ နွှဲတဲ့ စစ်ပွဲတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့တော့ ICC မှာ [State-party] နိုင်ငံတစ်ခုအနေနဲ့ ရှိနေရင် သူ့စစ်သားတွေလဲ ICC တရားစီရင်မှုနဲ့ သွားညိနိုင်တယ်။
..
[အီရတ်နိုင်ငံ, ၂၀၀၃, Abu Ghraib အကျဉ်းထောင်မှာ အမေရိကန်စစ်သားတွေက ဖမ်းဆီးထားတဲ့ (အကြမ်းဖက်သမားတွေကို-သံသ ယရှိသူ) တွေကို လူမဆန်စွာ နှိပ်စက်ဆက်ဆံခဲ့တယ်။ CIA ရဲ့အခြားနိုင်ငံတွေမှာထားတဲ့ လျှို့ဝှက်စစ်ကြောရေးစခန်းတွေမှာလဲ အဆိုပါ ချိုးဖောက်မှုမျိုးတွေရှိခဲ့တယ်]။ အဲဒါတွေဟာ အမေရိကန် ICC အဖွဲ့မ၀င်တဲ့ အကြောင်းရင်းခံတွေ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ အခြား ICC အဖွဲ့ဝင်နိုင်ငံတွေက ICC တရားစီရင်ရေးကို အသုံးချပြီး အမေရိကန်ကို ပြန်ဆန့်ကျင်လာမှာ စိုးလို့လဲ ဖြစ်တယ်။ ဧပြီ ၁၁, ၂၀၀၂ မှာ နိုင်ငံပေါင်း ၆၀ သဘောတူစာချုပ်ချုပ်ဆိုပြီး ICC က အမြဲတမ်းထားရှိမယ့် နိုင်ငံတကာတရားရုံးတစ်ခုအဖြစ် တရားဝင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်တယ်။ 
..
အီရတ်နိုင်ငံ, Abu Ghraib အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်စစ်သားတွေရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် သမ္မတ George W. Bush က လူမဆန်တဲ့ပြုမူမှုတွေ ကြုံတွေ့ခဲ့ရတာအတွက် စိတ်မကောင်းဖြစ်ကြောင်း “sorry for the humiliation suffered” လို့ မီဒီယာမှာ ဖော်ပြတယ်။ ကာကွယ်ရေးဝန်ကြီး (အတွင်းဝန်) – Secretary of Defense, Donald Rumsfeld ရာထူးက နှုတ်ထွက်ပေးခဲ့တယ်။ အမေရိကန် တရားရေးဌာနက ဖမ်းဆီးထားတဲ့ အကျဉ်းသား (၂) ဦး အီရတ်မှာ သေဆုံးမှု၊ အကျဉ်းသား (၁) ဦး အာဖဂန်နစ်စတန်မှာ သေဆုံးမှုကို စစ်ဆေးတယ်။ ကာကွယ်ရေးအတွင်းဝန် Donald Rumsfeld လွှတ်တော်ရဲ့ကော်မတီခွဲတစ်ခုမှာ ကြမ်းကြိမ် အစစ်ဆေးခံရတယ်။ ၂၀၁၂ မှာ Abu Ghraib အကျဉ်းထောင်မှာ ထိမ်းသိမ်းခဲ့တဲ့ အကျဉ်းသား (၇၁) ဦးကို လျော်ကြေး ဒေါ်လာ ၅.၂၈ သန်းပေးခဲ့တယ်။ 
..
၂၀၀၂ သြဂုတ်လ - အမေရိကန်သမ္မတ George W. Bush လက်ထက်မှာ U.S က American Service-members Protection Act [ASPA]-နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့တယ်။ ASPA က (UN ရဲ့ ငြိမ်းချမ်းရေးတပ်တွေမှာ၊ စစ်ဆင်ရေးတွေမှာ အမေရိကန်စစ်သားတွေ ပါဝင်မှုကို လျော့ချဖို့၊ ICC နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေးထောက်ပံ့မှုကို တားမြစ်ဖို့၊ ICC က အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးထိမ်းသိမ်းမှုရှိက ကယ်ထုတ်ရန် တပ်ဖွဲ့အသုံးပြုခွင့်နဲ့ ICC တရားစီရင်ရေး သဘောတူအဖွဲ့ ၀င်နိုင်ငံတွေကို စစ်သင်တန်းမပေးဖို့၊ စစ်ရေးအထောက်အပံ့မပေးဖို့) စတာတွေပါတယ်။ ASPA နောက်ပိုင်း ပြင်ဆင်ချက်မှာတော့ လူမျိုး တုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇ၀တ်မှုစတာတွေနဲ့ စွဲချက်တင်ထားတဲ့ “အချို့လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးရာမှာ” အမေရိကန်အနေနဲ့ အကူအညီပေးဖို့ ဖြည့်စွက်ခဲ့တယ်။ 
..
အမေရိကန်သမ္မတ Barack Obama လက်ထက် - ၂၀၀၉ ခုနှစ်မှာ U.S. က ICC သဘောတူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ညီလာခံ စတင်တက် ရောက်တယ်။ ၂၀၁၀ မှာလဲ U.S. က ICC က ပြန်လည်ကျင်းပတဲ့ ညီလာခံကို သံတမန်စေလွှတ်ပြီး လေ့လာသူအနေနဲ့ တက်ရောက် ခဲ့တယ်။ Libya (လစ်ဗျား) နိုင်ငံရဲ့အခြေအနေကို ICC က စုံစမ်းစစ်ဆေးဖို့ အမေရိကန်က စေ့ဆော်ပေးခဲ့တယ်၊ UN မှာ မဲပေးထောက်ခံ ခဲ့တယ်။ ၂၀၁၃ မှာ အမေရိကန်သမ္မတအိုဘားမားက Justice Expansion အဖြစ် “World’s Most Wanted” တွေကို ဖမ်းဆီးနိုင်ဖို့ ဆုကြေးငွေ [Reward] ကို ဒေါ်လာ (၅) သန်းအထက်ဖြစ်ဖို့ လွှတ်တော်အတည်ပြုချက်ရယူပြီး ဥပဒေအဖြစ်လက်မှတ်ရေးထိုးနိုင်ခဲ့ တယ်။ အမေရိကန်က ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ရာဇ၀တ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့၊ ပြောင်းရွှေ့ဖို့၊ တရားစီရင်နိုင်ဖို့တို့ အတွက် ဒေါ်လာ(၅)သန်းအထက် သုံးစွဲနိုင်တယ်။ 
..
အမေရိကန်သမ္မတ ရီပက်ပလစ်ကန်ပါတီဘက်က တက်လာသူတွေက Realism/Realpolitik ကို ကိုင်ဆွဲကြတယ်။ National interest first (မိမိပြည်တွင်းရေး-တစ်), International system [United Nations, World Trade Organization, ICC, etc.] နဲ့ International interest (နိုင်ငံတကာအရေးကိစ္စတွေ) က second။ Realists တွေက super-power maximum ဖြစ်ဖို့၊ U.S. Empire ကို construct လုပ်ဖို့ အားသန်ကြတယ်။ အမေရိကန်သမ္မတ ဒီမိုကရက်ပါတီဘက်က တက်လာသူတွေက Idealism, Liberalism နဲ့ သွားတယ်။ နိုင်ငံ တစ်နိုင်ငံထဲ သိပ်အင်အားကြီးနေတာ မကြိုက်ဘူး။ U.S ရဲ့ Super-power ကို လျော့ချဖို့ International system ကို ပိုအားကောင်း အောင်လုပ်ဖို့၊ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ အခြား International affairs တွေကို ပိုမိုဇောင်းပေးဆောင်ရွက်ကြတယ်။ U.S. Foreign Policy မှာ key players နှစ်ဦးကတော့ ‘သမ္မတနဲ့ လွှတ်တော်’ ဖြစ်တယ်။ အဲဒီနှစ်ခု အပေါ်မူတည်ပြီး U.S. ရဲ့ နိုင်ငံခြားရေးရာမူတွေ ရွေ့ လျားနေတာ ဖြစ်တယ်။
..
အမေရိကန်က ICC မှာတော့ မပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတော့ ပြုတယ်။ Bosco Ntaganda တို့ Dominic Ongwen တို့ အမေရိကန် သံရုံးမှာ၊ အမေရိကန်ရဲ့ ထိမ်းသိမ်းရေးစခန်းမှာ လာရောက် အဖမ်းခံတဲ့အခါမှာ သူတို့ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးပြီး ICC ရှိတဲ့ဆီ နယ်သာလန်နိုင်ငံကို ပြောင်းရွှေ့ပို့ဆောင်ပေးတယ်။ Lord’s Resistance Army (LAR) ရဲ့ No-1 တပ်ချုပ်ကြီး စစ်ခေါင်းဆောင် Joseph Kony ကတော့ အသက်ရှင်လွတ်မြောက်နေတုန်းပဲ။ သူ့ကို အမေရိကန်က ဆုကြေးငွေ ဒေါ်လာ(၅)သန်း ထုတ်ထားတယ်။ 
..
သူ Ugnada နိုင်ငံမှာ မရှိဘဲ မြန်မာနိုင်ငံ, နေပြည်တော်ဘက် တိတ်တဆိတ်ထွက်ပြေးသွားခဲ့ပြီး ပုန်းအောင်းနေတယ်ဆိုရင်တော့ သတင်း ပေးနိုင်သူ ဖမ်းဆီးပေးနိုင်သူကို ဆုကြေးငွေတွေက အမေရိကန်သံရုံးမှာ စောင့်နေပါလိမ့်မယ်… … … ။ 
..
ကိုချမ်းမှိုင်း
သြဂုတ် ၂၀၁၈
..
Ref:
1. U.S. Department of State. “War Crimes Rewards Program (WCRP) Expansion,” 3 April, 2013. Retrieved 30 August, 2018 from https://2009-2017.state.gov/r/pa/prs/ps/2013/04/207023.htm.
2. International Criminal Court. “Case Information Sheet,” ICC-01/02/06. January, 2017. ICC. <https://www.icc-cpi.int/…/ntaganda/Documents/ntagandaEng.pdf>
3. Fisher, Max. “Why did Infamous War Criminal Bosco Ntaganda just Surrender at a U.S. Embassy?” 18 March, 2013. The Washington Post. 30 August, 2018. <https://www.washingtonpost.com/…/why-did-infamous-war-cri…/…>
4. American Bar Association. “The US-ICC Relations,” American Bar Association’s International Criminal Court Project, 5 July, 2018. https://www.aba-icc.org/about-the-…/the-us-icc-relationship/
5. Human Rights Watch. “Transfer LRA Commander to International Court,” HRW, 9 January, 2015 at <https://www.hrw.org/…/transfer-lra-commander-international-…>
6. BBC. “Joseph Kony – Child Kidnapper, Warlord, ‘Prophet,’” 27 July, 2018. BBC. <https://www.bbc.com/news/world-africa-17299084>
7. History Staff. “U.S.-led Attack on Afghanistan Begins,” History, 7 October, 2001. https://www.history.com/…/u-s-led-attack-on-afghanistan-beg…
8. Hersh, Seymur. “Torture at Abu Ghraib,” The New Yorker. 10 May, 2014 Issue. < https://www.newyorker.com/…/2004/05/10/torture-at-abu-ghraib>
9. Ashouri, Aida and Bowers, Caleb. “Digital Evidence and the American Servicemembers’ Protection Act,” Salzburg Workshop on Cyberinvestigations. https://www.law.berkeley.edu/…/Digital-Evidence-and-the-Ame…
10. CNN. “Iraq Prison Abuse Scandal Fast Facts,” 18 March, 2018. CNN Library. Retrieved 31 August, 2018 at < https://www.cnn.com/…/iraq-prison-abuse-scandal-…/index.html>
11. ဓါတ်ပုံများကိုတော့ Google search မှာ ရှာဖွေပါတယ်။

No comments:

Post a Comment