င်းဆောင်ထူးချွန်ဆုနှင့် နိုင်ငံတကာဗုဒ္ဓဘာသာငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်မည်
မန္တလေး စက်တင်ဘာ ၁၂
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ Inter- national Buddhist Education Center - IBECဗုဒ္ဓဘာသာပညာရေး စင်တာ၏ ပဓာနနာယက ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တသောဘိတအား World Alliance Of Buddhists အဖွဲ့က ကမ္ဘာ့ဗုဒ္ဓဘာသာ ခေါင်းဆောင် ထူးချွန်ဆုနှင့် နိုင်ငံတကာဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်သွား မည်ဖြစ်ကြောင်း IBEC သတင်း ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဆုနှင့် သံတမန်အဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၂ ရက် မှ ၂၇ ရက် အထိ အိန္ဒိယနိုင်ငံ နတ်ပူမြို့တွင် World Alliance Of Buddhists အဖွဲ့က ပြုလုပ်မည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ ဗုဒ္ဓဘာသာညီလာခံကြီးတွင် IBEC ဆရာတော် ဘဒ္ဒန္တ သောဘိတကို ချီးမြှင့် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက် အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံတွင် BEC ဆရာတော်သည် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုအား ရရှိခဲ့ပြီး ယခုအခါတွင် က္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခံရ ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့ IBECဗုဒ္ဓဘာသာ ပညာရေးစင်တာ၏ ပဓာန နာယက ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ သောဘိတသည် ၂ဝ၁၅ ခုနှစ်အတွင်းက ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ငြိမ်းချမ်း ရေးအဖွဲ့ကြီး၏ ငြိမ်းချမ်းရေးသံတမန် အဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရသည်။
ယခုအခါတွင် ဆရာတော် ဘဒ္ဒန္တ သောဘိတ အရှင်သူမြတ်သည် စစ်ကိုင်း မြို့ စစ်ကိုင်းတောင်ရိုးတွင် IBEC ဗုဒ္ဓဘာသာပညာရေးစင်တာကို တည် ထောင်ခဲ့ပြီး အဆိုပါ ဗုဒ္ဓဘာသာပညာ ရေးစင်တာ၌ ပရိယတ္တိဘုန်းတော်ကြီး သင် ပညာရေးအထက်တန်းကျောင်း၊ လူငယ်များအတွက် အင်္ဂလိပ်စာနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်သည့် လုပ်ငန်းပေါင်းမြောက်မြားစွာကိုလည်း ဆောင်ရွက်ပေးနေသည့်အပြင် ကျွန်းလှ မြို့တွင် သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည် ထောင်ပြီး Community in Budd- hism သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချနေကာ နိုင်ငံတကာသာသနာပြု လုပ်ငန်းများနှင့် ပညာရေးအစီအစဉ်များ ကို နယ်သာလန်နိုင်ငံတွင် ဆောင်ရွက် နေကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား )
No comments:
Post a Comment