Saturday, September 8, 2018
CNN သတင်းထောက်အမေး၊ဖိလစ်ပိုင်သမ္မတအဖြေ
CNN သတင်းထောက်ကမေးတယ်
သမ္မတ အနေနဲ့ စတက်လာကတည်းက ၆ပတ်အတွင်း လူတွေသတ်လိုက်တာ လမ်းပေါ်မှာ အများကြီးပဲ။ ဘယ်တော့ပြီးမှာလဲ။ လူအခွင့်အရေးအရမဖြစ်သင့်တော့ဘူး။
သမ္မတ ကပြန်ဖြေတယ်----
ငါတို့တက်ကတည်းက ပြစ်သတ်ခဲ့တာ လူတစ်ထောင်ကျော်ပြီ မပြစ်ရဲတဲ့ရဲကို ငါ့သေနတ်စာမိမယ်လို့ပြောထားတယ်။အချို့က ကြောက်တယ် တရားဆွဲခံရမှာကြောက်တယ် အလုပ်ပြုတ်မှာ ကြောက်တယ်။
မလုပ်နိုင်ရင် အလုပ်ထုတ်မယ် လူသေမှုတွေအတွက် ငါတာဝန်ယူတယ်။
မူးယစ်နှိမ်နင်းမှုမှာ ရှေ့နေနဲ့ တရားရုံးမရှိဘူး မအပ်ဘူး သွေးမစစ်ရင် လိုက်ဖမ်းတဲ့အချိန် ပြေးရင် ခုခံရင် ပြစ်သတ်မှာပဲ။
အဲ့လို ဆေးတွေအပ် သွေးလာစစ် မလုပ်ရင်ပြစ်မယ်ဆိုလို့ မူးယစ်ဆေးဆွဲသူ ၃ သန်းကျော်မှာ ၆ သိန်းကျော် ဆေးတွေအပ်ပြီး သွေးစစ်ခံနေပြီ။ ဒါဟာအဖြေပဲ။
မူးယစ်ဆေးလွှမ်းမိုးနေတဲ့ နိုင်ငံရဲ့ သမ္မတ တစ်ယောက် စစ်သေနာပတိ တစ်ယောက်အနေနဲ့ ငါလုပ်တာ မှားလား။
ကျန်တဲ့ ငါ့နိုင်ငံသားတွေ ငြိမ်းချမ်းဖို့ ရှေ့ရေးကောင်းဖို့ ငါက ဘယ်လူ့အခွင့်အရေးကို ဂရုစိုက်ရမှာလဲ။
ဒါကြောင့် လူသေတယ်ဆိုရင် မင်းတို့ အမေရိကန်မှာရော ဟိုနားပြစ် ဒီနားပြစ် ရဲကပြစ်နဲ့ လမ်းပေါ်မှာ သေနတ်မှန် လူတွေသေနေတာပဲ မဟုတ်ဘူးလား။
အနည်းနဲ့ အများပဲ ကွာတယ်။ အမေရိကန်မှာလဲ ဖြစ်ခတ်မှုကြောင့်သေနေတာပဲ ငါ့နိုင်ငံမှာလဲ မူးယစ်နှိမ်နင်းရင်း ပြစ်ခတ်မှုကြောင့်သေကျတာပဲ
ဘာကြောင့် ငါ့နိုင်ငံကျမှ အထူးအဆန်း အံ့သြဖြစ်နေတာလဲ သူငယ်ချင်း။
အမေရိကန် က ဆီးရီးယားတို့ အီရတ်တို့မှာ ဗုံးတွေကျဲ တိုက်ခိုက်နေတာ ကျောင်းတွေ ဆေးရုံတွေ ထိလိုက်တာမှ အများကြီး အပြစ်မဲ့ပြည်သူတွေ မသေဘူးလို့ ဘယ်သူပြောလဲ သေတာမှ အများကြီးပဲ ဘယ်မှာလဲ UN ဘယ်မှာလဲ လူ့အခွင့်အရေး ဘယ်သူတွေက ဘာပြောလဲ။ ငါ့နိုင်ငံကျမှာ ဘာလို့ လာထူးဆန်းနေတာလဲ။ဒီမယ် သူငယ်ချင်း ငါ့နိုင်ငံမှာ မူးယစ်ဆေးနှိမ်နင်းရေးနဲ့ ပက်သက်ရင် Discount မရှိဘူး။
==================================================
အမေရိကန်တွေ သတင်းဌာနအင်အားနဲ့ နိုင်ငံတကာကို ချယ်လှယ်လို့ရတဲ့ခေတ် ကုန်ပြီဖြစ်ကြောင်း ဒူတာတေးက ပြသခဲ့တာ ဖြစ်ပါတယ်။
အမေးမတတ်တော့ နိုင်ငံပါသိက္ခာကျပြီး သတင်းဆရာများ အလယ်မှာ CNN Journalist ခင်မျာ နင်တောင်နေတယ် ဘာမှ မပြောနိုင်ဘူး။
winhlaingoo
CNN သတင်းထောက်အမေး၊ဖိလစ်ပိုင်သမ္မတအဖြေ
Reviewed by timeayeyar
on
9:04 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment