Latest News

Friday, September 7, 2018

အိုင်စီစီ မှ မြန်မာ စစ်အရာရှိများ အပေါ် စွပ်စွဲထားသည့် ရာဇ၀တ်မှုများ အပေါ် တရားစွဲဆိုခွင့် ပြုလိုက်ပြီ

အိုင်စီစီ မှ မြန်မာ စစ်အရာရှိများ အပေါ် စွပ်စွဲထားသည့် ရာဇ၀တ်မှုများ အပေါ် တရားစွဲဆိုခွင့် ပြုလိုက်ပြီ

နိုင်ငံတကာ ရာဇ၀တ်မှုများ ဆိုင်ရာ တရားရုံးမှ မြန်မာမှ ရိုဟင်ဂျာ ဆိုသူများ အား အဖွဲ့ဝင်နိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် နှင်ထုတ်ခဲ့မှုသည် လူသားများ အပေါ် ကျုးလွန်သည့် ရာဇ၀တ်မှု အဖြစ် မိမိတို့တွင် စီရင်ပိုင်ခွင့် ရှိကြောင်း ကြာသပတေးနေ့ က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။

ထို ဆုံးဖြတ်ချက်ကြောင့် တရားလို ရှေ့နေအဖြစ် စွဲချက်တင်မည့် မစ္စက် ဖာတို ဘင်ဆိုဒါ အတွက် လိုအပ်သည့် သက်သေ အထောက်အထား များ တရားဝင် စုဆောင်း တင်သွင်းရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ် အပေါ် နယ်ခြား ဖြတ်ကျော် ထိခိုက်နစ်နာအောင် ပြုမူခဲ့သည့်အတွက် အိုင်စီစီ အနေဖြင့် တရားစွဲဆိုခွင့်ရှိသည်ဟု အဖွဲ့ဝင် သုံးဦးပါ တရားသူကြီး အဖွဲ့က ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်သည် ဥပဒေပညာရှင်များ မျှော်လင့်ခဲ့သည်ထက် ပို၍ ကျယ်ပြန့်သည့် သဘော ဆောင်နေပါတယ်။

မြန်မာ အနေနဲ့ နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ရည်ညွှန်း ပြောဆိုမှု များ ရှိနေပါတယ်။

ကိုးကား၊ ။ ရိုက်တာ သတင်းဌာန
ဓါတ်ပုံ။ ။ VOA

သို့သော်လည်း သက်သေ အချက်အလက်များ တရားဝင် စုဆောင်းရရှိဖို့ကပင် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ မြန်မာ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမှာလည်း မဟုတ်တဲ့ အတွက် မျက်ကွယ်တွင် တရားစီရင်ခြင်း မျိုးသာ ဖြစ်နိုင်ပါတယ်။ တရားရုံး မှာ တကယ် ကျုးလွန်ခြင်း ခံရတဲ့ သူတွေ လာရောက် အစစ်ခံရမှာ ဖြစ်ပြီး ယခင် အင်တာဗျုးတွေမှာလို လိမ်ညာ ထွက်ဆိုလို့ မရတော့ပါဖူး၊ လိမ်ညာသူထွက်ဆိုသူ ကို တရားပြန်စွဲမှာ ဖြစ်တဲ့ အတွက် တကယ် ကျုးလွန်မှသာ အကျုံးဝင်ပါတယ်။ သွယ်ဝိုက် သက်သေများလည်း တင်သွင်းခွင့် မရှိပါဖူး၊ တရားရုံး အနေနဲ့ သက်သေများကို အတင်းအကျပ် လာရောက် အစစ်ခံဖို့ ဆင့်ခေါ်ပိုင်ခွင့်လည်း မရှိတာ တွေ့ရပါတယ်။ အစွပ်စွဲခံရသူ အနေနဲ့လည်း ရှေ့နေရှေ့ရပ်ငှားပြီး ထုချေပိုင်ခွင့် ရှိပါတယ်။

အချက် နှစ်ချက် နဲ့ တရားစွဲဆိုမှုကို ရပ်ဆိုင်းနိုင်တယ်လို့ အကြမ်းဖျင်း သိရပါတယ်၊ ပထမ အချက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဆက်လက်မပြုလုပ်ရန် တားမြစ်ခြင်း၊ နဲ့ ဒုတိယ အချက်က အပြစ်ကျးလွန်သူများက လက်ရှိ အာဏာ အလွဲသုံးစားမှုများ ရပ်ဆိုင်းကာ ရာထူးမှ ဆင်းပေးမည်ဆိုက ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်းကို ကူညီပေးသည့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ရာထူးမှ မဆင်းတော့ပဲ အတင်း ဖက်တွယ်ထားမှာကို စိုးရွံ့လို့ပဲ ဖြစ်ပါတယ်။

သို့သော် အိုင်စီစီ အနေနဲ့ ပြစ်မှု ထင်ရှားကြောင်း မျက်ကွယ်တွင် တရားစီရင်ပြီးပါက ပါဝင်နေသည့် အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ တရားခံများကို ၎င်းတို့ မြေပေါ် ရောက်ရှိလာပါက ဖမ်းဆီးပေးဖို့ ဥပဒေအရ တာဝန်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ တရားခံများကို ထားရှိဖို့ အိုင်စီစီ ရုံးချုပ်ရှိရာ နယ်သာလန် မြို့တော့ ဟေ့ဂ် နဲ့ မနီးမဝေး ရှီဗင်နင်ကာ (Schievenigen) ပင်လယ်ကမ်းခြေအနီးတွင် အချုပ်ခန်း ၁၂ ခန်းပါ အဆောက်အဦးမှာ ထားရှိတယ်လို့ သိရပါတယ်။

ယခု အချိန်ထိ အိုင်စီစီ မှ ၃၉ ဦးတရားစွဲဆို တင်ပို့နိုင်ခဲ့ပြီး ၃၄ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ထိုအထဲတွင် ယူဂန္တာ သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ၊ ဆူဒန် သမ္မတ အိုမာ အယ် ဘာရှီရား၊ ကင်ညာ သမ္မတ ယူဟူရူ ကင်ယတ်တာ၊ လစ်ဗျား ခေါင်းောင် ကဒါဖီ၊ အိုင်ဗိုရီ သမ္မတ လော့ရင် ဂါဘာဂို၊ နှင့် ကွန်ဂို ဒုသမ္မတ ယန်း ပဲရီ ဘမ်ဘာ တို့ ဖြစ်ကြပါတယ်။

အိုင်စီစီမှာ လက်ရှိ မပါတဲ့ နိုင်ငံများစွာထဲတွင် အမေရိကန်၊ အစ္စရေး၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှားတို့ ပါဝင်နေတာ တွေ့ရပါတယ်။

အာဖရိက နိုင်ငံများကတော့ အိုင်စီစီသည် မိမိတို့ကဲ့သို အားနည်းသော နိုင်ငံများ အပေါ်သာ နိုင်လိုမင်းထက် ဆက်ဆံတတ်သော နယ်ချဲ့ လက်ကိုင်တုတ်များသာ ဖြစ်ပြီး ချမ်းသာပြီး အင်အားကြီး နိုင်ငံများ မှ ကျုးလွန်သော အမှုများကို မျက်ကွယ် ပြုနေတယ်လို့လည်း စွပ်စွဲခဲ့ကြပြီး ဖြစ်ပါတယ်။

လောလောဆယ် အိုင်စီစီ မှ ဖွင့်ထားတဲ့ အမှု ဆယ်တစ်ခု မှာ ကိုးမှုက အာဖရိက နိုင်ငံတွေ ဖြစ်နေလို့ပါပဲ။

Hla Soe Wai

No comments:

Post a Comment