Latest News

Wednesday, September 12, 2018

ဖြိုးပြည့်စုံနှင့် အောင်ထက်တို့၏ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ဖြိုးပြည့်စုံနှင့် အောင်ထက်တို့၏ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ကြယ်ဟု အမည်ပေးထားသည့် တေးစီးရီးခွေထွက်ရှိ ခဲ့ပြီးနောက် ဂီတလောက၏ ကြယ်နှစ်ပွင့်ဖြစ်နေသူ ဖြိုးပြည့်စုံနှင့်    အောင်ထက်တို့နှစ်ဦး၏   ပထမဆုံး ဖျော်ဖြေပွဲကြီးကို ပြုလုပ်တော့မည်ဟု သိရသည်။

အောင်ထက်က ''ကျွန်တော်က အိပ်မက်ဆုံရာက၊ ဖြိုးပြည့်စုံက Melody World က၊ မတူညီတဲ့ သီချင်း ဆိုပြိုင်ပွဲနှစ်ခုကနေ တက်လှမ်းလာခဲ့ကြတဲ့ အဆိုတော် တွေ၊ အသံကာလာ၊ ဆိုပုံဆိုပေါက် မတူညီကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်     ချစ်ချစ်ခင်ခင်ပါပဲ။ ဖြိုးပြည့်စုံနဲ့အတူ အနုပညာမှတ်တိုင်စိုက်ထူခွင့်ရလို့ ပျော်ပါတယ်။   ကျွန်တော်တို့နှစ်ယောက်တွဲ    ရှိုးပွဲ လုပ်ဖို့ လောလောဆယ်မှာ အဆင်သင့်မဖြစ်သေးဘူး ပေါ့နော်၊ ဒါပေမယ့် ကြိုးစားကြတာပေါ့။ အမှတ်တရ တစ်ခုအနေနဲ့    ကျွန်တော်တို့   ရှိုးပွဲလုပ်ကြမယ်။ ကျွန်တော်တို့ ပထမဆုံးအဖြစ်လုပ်ဖြစ်မှာပါ၊ ကိုဖြိုး ကတော့ ဂီတလောကထဲမှာ ကျွန်တော့်ထက် အရင် စောပါတယ်၊ ကိုဖြိုးက  လေ့လာတယ်။  ကြိုးစားတဲ့ လူတစ်ယောက်ပါ၊ သူနဲ့ သီချင်းတွေ အတူတူဖန်တီးခွင့် ရတာကိုက ကျေနပ်စရာပါ''ဟု ပြောသည်။

ဂီတအလုပ်များနှင့်ပတ်သက်၍လည်း အဆိုတော် အောင်ထက်က ''ပြီးခဲ့တဲ့ ၂ဝ၁၇၊ ၉ လပိုင်းက ထွက်ရှိ ထားတဲ့ နှစ် ဆိုတဲ့ အခွေကို Music Videoအနေနဲ့ ရိုက်ကူးပြီးတော့  Youtubeမှာ  တင်ဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေက နည်းနည်းတော့ လိုဦးမှာပါ။ လောလောဆယ်  ကြယ် အခွေလေးကတော့ အလွန်အားရတယ်။  ကျေနပ်တယ်။  စိတ်ထဲမှာရှိတာ လုပ်ခွင့်ရလို့ပေါ့။  ပြီးတော့  ရှေ့က နှစ် အခွေမှာလည်း ကျွန်တော်စိတ်တိုင်းကျလုပ်ခွင့်ရခဲ့လို့ ကျေနပ်နေတုန်း ပဲဆိုတော့ ဒီအထဲက သီချင်းတွေကိုပဲ ကျွန်တော်တို့ စမသာသအန လုပ်မယ်။ လူတွေခံစားလို့ရအောင်၊ ဒီ့ထက် ပိုပြီးတော့ ဉ်ငခငေူ ဖြစ်အောင် ကြိုးစားနေပါတယ်''ဟု ဆိုသည်။

ကိုလင်း

No comments:

Post a Comment