ဒုတိယကမ္ဘာစစ် လက်ကျန်ဟုယူဆရသည့် တင့်ကားပျက်တစ်စီး ဖားကန့်မြို့နယ်၌ တွေ့ရှိ
ဖားကန့် စက်တင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝါရာဇွတ်ကျေးရွာအနီး နန်ဆန်ချောင်းအတွင်း၌ ဒုတိယကမ္ဘာစစ် လက်ကျန်ဟုယူဆရသည့် တင့်ကားပျက်တစ်စီးအား စက်တင်ဘာ၂၂ရက်က နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တင့်ကားပျက်အား ဖားကန့်မြို့နယ်၊ကာမိုင်းမြို့ အပိုင်နယ်မြေအတွင်းရှိ ဝါရာဇွတ်ကျေးရွာအုပ်စု၊ဝါရာဇွတ်ကျေးရွာ၏ အနောက်မြောက်ဘက်၊လီဒိုလမ်းမကြီးနှင့် ၃ ဖာလုံခန့် အကွာ၊ နန်ဆန်ချောင်းအတွင်း အမှတ် ၂၉၇ ခြေမြန်တပ်ရင်းမှ တပ်မတော်သား များက တွေ့ရှိခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက နယ်မြေခံတပ်မှ တပ်မတော်သားများက ဘက်ဟိုးယာဉ်တစ်စီးဖြင့် ဆယ်ယူခဲ့ရာ ညနေ ၄ နာရီတွင် ချောင်းကမ်းပါးပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။
အဆိုပါ တင့်ကားပျက်မှာ အလျား ၁၆ ပေ၊အနံ ၈ ပေ၊အမြင့် ၈ ပေရှိပြီး ယခုအခါ ချောင်းကမ်းပါးပေါ်သို့ ဆယ်ယူထားပြီးဖြစ်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ဆက်လက်တင်ပြ ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment