Latest News

Saturday, September 22, 2018

ဖားကန့်မြို့နယ်၌ စိတ်ဖောက်ပြန်နေသူမှ မိမိနေအိမ်အား ကိုယ်တိုင်မီးပြန်ရှို့

ဖားကန့်မြို့နယ်၌ စိတ်ဖောက်ပြန်နေသူမှ
မိမိနေအိမ်အား ကိုယ်တိုင်မီးပြန်ရှို့


ဖားကန့် စက်တင်ဘာ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွတ်ယန်ကျေးရွာ၌ စက်တင်ဘာ၂၁ရက် ညနေ၆နာရီက စိတ်ဖောက်ပြန်နေသူမှ မိမိနေအိမ်အား ကိုယ်တိုင်မီးပြန်ရှို့မှုကြောင့် နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံးခင်းကျေးရွာအုပ်စု၊မဇွတ်ယန်ကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်နေကြောင်း တယ်လီဖုန်းသတင်းအရ လုံးခင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းစံထွန်း ဦးဆောင်သည့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး၊အရံတပ်ဖွဲ့ဝင် ၃၀ ဦးတို့က မီးငြိမ်းသတ်ယာဉ် ၄ စီး၊ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညနေ ၆နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ၎င်းအိမ်တွင်နေထိုင်သည့် မောင်ဇာ်(၄၂)နှစ် (စိတ်မူမမှန်ပဲရူးသွပ်သူ)သည် နေအိမ်၌တစ်ဦးတည်းရှိနေစဉ် မီးခြစ်မီးဖြင့်နေအိမ်အားမီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့်  သွပ်မိုး၊ထရံကာ၊ပျဉ်ခင်း တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ဇော်သည် ရူးသွပ်နေသူဖြစ်နေခြင်းကြောင့်နောက်ထပ် မလိုလားအပ်သည့်ပြသနာများ မဖြစ်ပေါ်စေရေးအတွက် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment