Latest News

Sunday, September 23, 2018

မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ထိုးသတ်သည့် ဂျပန်နိုင်ငံသား ခနဲကို ထိုင်းနိုင်ငံသား ဖစ်(ခ) ဆန်ခွန်းကို အလဲထိုးဖြင့်ရှုံးနိမ့်

မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ထိုးသတ်သည့် ဂျပန်နိုင်ငံသား ခနဲကို ထိုင်းနိုင်ငံသား ဖစ်(ခ) ဆန်ခွန်းကို အလဲထိုးဖြင့်ရှုံးနိမ့်

ရန်ကုန်     စက်တင်ဘာ     ၂၃

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးLethwei Nation Modern Myanmar Synergy နှင့်  H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation Cham-pionship  ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၂ နာရီ တွင်  ရန်ကုန်မြို့    သိမ်ဖြူရိုးရာ   လက်ဝှေ့အားကစားရုံ၌       ကျင်းပရာ   မြန်မာနိုင်ငံကိုယ်စားပြု     ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်သော   ဂျပန်နိုင်ငံသား  ခနဲကို  မွေထိုင်းလက်ဝှေ့ကျော်         ဖစ်(ခ) ဆန်ခွန်းကို အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ် သည့် ဂျပန်နိုင်ငံသား ခနဲကို(ခ)ရွှေကို(သတ္တိကလပ်)သည် ယခင်MMAနှင့် ကစ်ဘောက်စင် အားကစားသမားအဖြစ် ရပ်တည်ရာမှ ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ရိုးရာလက်ဝှေ့ လောကသို့ ချင်းနင်းဝင်ရောက်လာသူဖြစ်သည်။ 
ခနဲကိုသည် လက်ရှိတွင် ဆရာဦးဝင်းဇင် ဦး၏ ပြည်တွင်းသတ္တိကလပ်၌ နည်းပြ ဆရာ မြန်မာနိုင်ငံအလွတ်တန်း ချန်ပီယံ ဟောင်း လုံးချောနှင့် လေ့ကျင့်သင်ကြား ခဲ့ပြီး  ယခုအခါ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ထိုးသတ် ခြင်း ဖြစ်သည်။ 

ရိုးရာလက်ဝှေ့ပွဲပေါင်းကိုးပွဲ ယှဉ်ပြိုင် ထိုးသတ်ထားရာ ငါးပွဲနိုင် လေးပွဲရှုံးရလဒ် ပိုင်ဆိုင်ထားပြီး   ယခုပွဲသည်  ခနဲကို၏ ငါးပွဲမြောက် ရှုံးပွဲဖြစ်သည်။

ယနေ့    ယှဉ်ပြိုင်ထိုးသတ်သည့်Lethwei Nation Championship ၏ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ များတွင် ခနဲကို (ခ)ရွှေကို(သတ္တိကလပ်)နှင့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ကျော် ဖစ်(ခ)ဆန်ခွန်းတို့ပွဲတွင် ပွဲစသည်နှင့်  ခနဲကို တရစပ် လိုက်လံထိုးသတ်ခဲ့သော် လည်း  မွေထိုင်းလက်ဝှေ့သ္ဘာရင့် ဖစ်က ပွဲကြိုလေ့ကျင့်မှုအဆင့်သာ    ယှဉ်ပြိုင် ခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၂၃ စက္ကန့်တွင် အလဲထိုး အနိုင်ယူခဲ့သည်။

အခြား အထူးစိန်ခေါ်ပွဲစဉ်များတွင် ရဲသွေးနီ(တောင်ကလေး)က    ခင်မို အင်တာမန်း(ထိုင်း)ကို ပထမအချီ ၁ မိနစ် ၂၉ စက္ကန့်တွင်  အလဲထိုးအနိုင်ယူခဲ့ပြီး စောဖိုးထွန်း(သတ္တိကလပ်)နှင့် ရောဝီ ထရာ(ထိုင်း)တို့ပွဲတွင် စတုတ္ထအချီ ၁ မိနစ် စက္ကန့် ၂ဝ တွင် စောဖိုးထွန်း ညာမျက်ခုံး ကွဲ ဆေးရှုံးဖြင့် ဒိုင်ပွဲရပ်အရှုံးပေးခဲ့ရသည်။

Lethwei Nation Champion-ship     ဆီမီးဖိုင်နယ်   ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ရာ ၄၈ ကီလို တန်းတွင်  စောထွန်းမြိုင်(ရွှေမိုးထိ)နှင့် ချစ်ဆူးငယ်(ရွှေသထုံ)တို့ပွဲ၌ ငါးချီပြည့် ရေကုန်ရေခန်း  ယှဉ်ပြိုင်ထိုးသတ်ခဲ့သော် လည်း တစ်ဖက်နှင့်တစ်ဖက် အရှုံး၊ အနိုင် မပေါ်ဘဲ   သရေကျခဲ့ပြီး  ထက်လင်းဦး (တိုက်ဂါး)နှင့် သန့်ဇင်ဦး (ရွှေဘားလား)တို့ပွဲတွင် စတုတ္ထအချီ ၂ မိနစ် ၁၇ စက္ကန့် တွင် ထက်လင်းဦး လက်ရည်မမျှ အရှုံးပေး ခဲ့သဖြင့်သန့်ဇင်ထူး(ခ)နေရိုင်းနောက်ဆုံး ဖိုင်နယ်သို့ တက်လှမ်းသွားခဲ့သည်။

(၇၅)ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ် များတွင်   ထွန်းလင်းခန့်(စစ်ကိုင်း)နှင့် စိုးမောင်ဦး(ရတနာပုံ)တို့ပွဲ၌ စိုးမောင်ဦး က ဒုတိယအချီ ၅၄ စက္ကန့်တွင် လက်ရည် မျှဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး စောဆဝါး (ဒို့ရိုးရာ)နှင့်         ထွန်းတောက်ကြယ် (မုဒုံစတား)တို့ပွဲတွင်      စောဆဝါးက  ဒုတိယအချီ  ၂၄ စက္ကန့်အရောက်တွင် ထွန်းတောက်ကြယ်ကို    အလဲထိုးဖြင့်  အနိုင်ရခဲ့သည်။ အမျိုးသမီး အထူးစိန်ခေါ် ပွဲဖြစ်သည့်    နော်ဥမ္မာစိုး(ဖီးနစ်)နှင့် စုလှိုင်ဦး (ရွှေသထုံ)တို့ပွဲတွင် သုံးချီပြည့် သည်အထိ   ယှဉ်ပြိုင်ထိုးသတ်ခဲ့သော် လည်း အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ Lethwei  Nation  Championship  ဖိုင်နယ်ပွဲစဉ်များကို   လာမည့်  အောက်တိုဘာ ၇ ရက်တွင် မ္တလေး၌  ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment