အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား
ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပူဇော်ခံမည်
ညောင်ရွှေ စက်တင်ဘာ ၎
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ၁၃၈ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁ဝ ရက်)မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (အောက်တိုဘာ ၂၇ ရက်)ထိ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံ မည်ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့သို့ အောက်တိုဘာ ၁၆ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်အထိ ကိန်းဝပ်ပူဇော်ခံမည်ဖြစ်သည်။ အောက် တိုဘာ ၂၇ ရက်တွင် အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်း တော်ကြီးသို့ ပြန်လည်ကြွမန်းကိန်းဝပ်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၃ ရက်တွင် အင်းလေးဖောင်တော်ဦးဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ကျင်းပသည့် သြဝါဒစရိယဆရာတော်ကြီးများ၊ အင်း တိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များပါဝင်သော ဒေသန္တရ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment