ဘိုကလေး၌ ရေလုပ်သားတစ်ဦး မိချောင်းဆွဲခံရ
ဘိုကလေး စက်တင်ဘာ ၎
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာ၌ ယနေ့နံနက် ၆ နာရီတွင် ရေလုပ်သားတစ်ဦး မိချောင်း ဆွဲခံရသည်။
မိချောင်းဆွဲခံရသူ ဦးကျော်ဆန်း ၄၂ နှစ်မှာ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာနေသူဖြစ်ပြီး ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း၊ လှေလုံးကွဲချောင်းအတွင်းရှိ တံတားတွင် ခြေဆေးနေစဉ် မိချောင်းမှပုတ်ချပြီး လက်ကိုကိုက်ခဲ့ရာ ¤င်းမှ ရုန်းကန်သဖြင့် ခြေထောက်ကို ကိုက်ရန်ကြိုးစားခဲ့ကြောင်း၊ ¤င်းနှင့် ¤င်း၏ဇနီးတို့ ဝိုင်းဝန်း ခြောက်လှန့်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်းနှင့် လက်၊ ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment