Latest News

Wednesday, September 5, 2018

မြစ်သားမြို့၌ အမျိုးသမီး မောင်းလာသောဆိုင်ကယ်အား ဆွဲလှဲပြီး ဆွဲကြိုး၊နားကပ်ဖြုတ်ကာ လက်အား ဓါးဖြင့်လှီးပြေး

မြစ်သားမြို့၌   အမျိုးသမီး မောင်းလာသောဆိုင်ကယ်အား ဆွဲလှဲပြီး ဆွဲကြိုး၊နားကပ်ဖြုတ်ကာ လက်အား ဓါးဖြင့်လှီးပြေး

မြစ်သား စက်တင်ဘာ ၄ 

မန္တလေးတိုင်းဒေသကြီး မြစ်သား-မင်းစုလမ်း ကသဲကုန်းကျေးရွာ မြောင်းတံတား အုတ်ခုံအနီးတွင်  စက်တင်ဘာ ၄ရက် နံနက် ၅နာရီအချိန်ခန့် အမည်မသိလူနှစ်ဦးက အမျိုးသမီးတစ်ဦး မောင်းလာသော ဆိုင်ကယ်အား ဆွဲလှဲပြီး ဆွဲကြိုး၊နားကပ်ဖြုတ်ကာ လက်အား ဓါးဖြင့်လှီးပြေးမှု  ဖြစ်ပွားကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ကင်းစိန်ဈေးကျေးရွာနေ ဒေါ်နီသည် မင်းစုကျေးရွာသို့ ပန်းရောင်းရန် ဆိုင်ကယ်ကို မောင်းနှင်လာစဉ် ကသဲကုန်းကျေးရွာ မြောင်းတံတားအုတ်ခုံပေါ်တွင်  အမည်မသိ လူနှစ်ဦးသည် ထိုင်နေရာမှ တစ်ဦးက လေ့ကျင့်ခန်းလုပ်သည့် ပုံစံဖြင့် လမ်းမပေါ်တက်လာရာ ဒေါ်နီကရှောင်၍မောင်းစဉ် ထိုသူကဆိုင်ကယ်လက်ကိုင်အား လှမ်းဆွဲသဖြင့် လမ်းအရှေ့ဘက်ဘေးသို့ လဲကျ သွားသည်။

ထိုသူနှစ်ဦးကဒေါ်နီ၏လည်ပင်းမှရွှေဆွဲကြိုးနှင့် ဝဲဘက်နားတွင်ဝတ်ဆင်ထားသော နားကပ်တစ်ဖက် အားဆွဲဖြုတ်ကြပြီး လက်ဖျံအား ဓါးဖြင့်လှီးလိုက်သဖြင့် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိစဉ် ထိုသူ နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment