Latest News

Saturday, September 22, 2018

အလဲထိုးဘုရင် ဝိုက်ဒါနှင့် တိုင်ဆန်ဖူရီတို့၏ ကမ္ဘာ့ဟဲဗီးဝိတ်ခါးပတ်လုပွဲ ဒီဇင်ဘာတွင် ထိုးသတ်မည်

အလဲထိုးဘုရင် ဝိုက်ဒါနှင့် တိုင်ဆန်ဖူရီတို့၏
ကမ္ဘာ့ဟဲဗီးဝိတ်ခါးပတ်လုပွဲ ဒီဇင်ဘာတွင် ထိုးသတ်မည်

ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား တိုင်ဆန်ဖူရီ သည် ကမ္ဘာ့ဟဲဗီးဝိတ်ခါးပတ်လုပွဲအဖြစ် ဒဗလျူဘီစီ ချန်ပီယံဒီအွန်တေးဝိုက်ဒါနှင့် ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့၌ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်ဆန်ဖူရီသည် လက်ရှိတွင် အသက် ၃ဝ အရွယ် သာရှိသေးပြီး ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် လက်ဝှေ့ သမားဘဝစတင်ခဲ့သူဖြစ်သည်။ လက်ရှိအချိန်အထိ ၂၆ ပွဲယှဉ်ပြိုင်ထိုးသတ်ထားကာ ၂၆ ပွဲစလုံးအနိုင်ရရှိထားပြီး ၁၉ ပွဲမှာ အလဲထိုးနိုင်ပွဲရရှိထားခဲ့သူဖြစ်သည်။

လက်ဝှေ့လောကတွင် အလဲထိုးဘုရင်အဖြစ် နာမည် ကြီးနေသည့် အမေရိကန်ပရော်ဖက်ရှင်နယ် လက်ဝှေ့ သမား ဒီအွန်တေးဝိုက်ဒါကမူ အသက်အားဖြင့် ၃၂ နှစ်ရှိ ပြီဖြစ်ပြီး လက်ဝှေ့သမားဘဝကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင်ခဲ့ကာ လက်ဝှေ့ပွဲပေါင်း ၄ဝ အထိ ယှဉ်ပြိုင်ထိုးသတ်ထားခဲ့ပြီးဖြစ်သည်။ ယင်းသို့ ပွဲပေါင်း ၄ဝ ပါဝင်ထိုးသတ်ခဲ့ရာတွင် ပွဲ ၄ဝ စလုံးနိုင်ပွဲရရှိခဲ့ပြီး အလဲထိုးနိုင်ပွဲ ၃၉ ပွဲအထိ ရှိထားခဲ့သူဖြစ်သည်။

တိုင်ဆန်ဖူရီသည် ပြစ်ဒဏ်ကျခံထားရခြင်းကြောင့် နှစ်နှစ်ကြာ ကြိုးဝိုင်းပြင်ပရောက်နေခဲ့ရသူဖြစ်ပြီး လက်ရှိ တွင် ဒီအွန်တေးဝိုက်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုထားပြီဖြစ်သည်။

တိုင်ဆန်ဖူရီနှင့် ဒီအွန်တေးဝိုက်ဒါတို့ နှစ်ဦးစလုံးသည်  ဟဲဗီးဝိတ်လက်ဝှေ့လောကတွင်    နာမည်ကြီးလက်ဝှေ့ သမားများဖြစ်ခြင်းကြောင့် ယခုပွဲသည် ပြိုင်ဆိုင်မှုပြင်းထန် လာမည်ဖြစ်သည်။

ငွေကြယ်

No comments:

Post a Comment