Latest News

Saturday, September 22, 2018

ဖာဂူဆန် ဦးနှောက်ခွဲစိတ်ပြီး ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်သို့ ရောက်ရှိ

ဖာဂူဆန် ဦးနှောက်ခွဲစိတ်ပြီး
ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်သို့ ရောက်ရှိ


မန်ယူအသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် သည် ဦးနှောက်ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိုးထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။ ဆာအဲလက်စ်ဖာဂူဆန်သည် မေ ၅ ရက်က အရေးပေါ်ဦးနှောက်ခွဲစိတ်ကုသရန်အတွက် ဆဲလ်ဖော့ဒ်ရိုင်ရယ်ဆေးရုံတွင် ရက်ပေါင်းများစွာ ကုသမှု  ခံယူခဲ့ရကြောင်း သိရသည်။

ဖာဂူဆန်သည် ဦးနှောက်ခွဲစိတ်ကုသမှုခံခဲ့ရပြီးနောက် စက်တင်ဘာ၂၂ ရက်(စနေနေ့)ညပိုင်းက ယှဉ်ပြိုင်ကစား ခဲ့သည့် မန်ယူအသင်းနှင့်  ဝုလ်ဗာဟမ်တန်အသင်းတို့ ၏ ပရီမီယာလိဂ်ပွဲစဉ်ကို  လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ် သည်။

ဖာဂူဆန်သည် မန်ယူအသင်းတွင်     ၁၉၈၆ ခုနှစ်မှ စတင်ကာ ၂ဝ၁၃ ခုနှစ်အထိ  နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပြီး မန်ယူအသင်းအား ပရီမီယာလိဂ် ဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလားငါးကြိမ်၊ ချန်ပီယံလိဂ် ဖလားနှစ်ကြိမ် စသည်ဖြင့် ရယူပေးနိုင်ခဲ့သူဖြစ်သည်။

ငွေကြယ်

No comments:

Post a Comment