Latest News

Saturday, September 22, 2018

Yangon New World စီမံကိန်း ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည်

Yangon New World စီမံကိန်း ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည်

ရန်ကုန်  စက်တင်ဘာ  ၂၂

အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံ  အကောင်အထည်ဖော် ဆောင်ရွက်မည့်    ရန်ကုန်မြို့၏ အကြီးဆုံး  စီမံကိန်းတစ်ခုဖြစ်သည့် Yangon New World  စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက်ရရှိပြီးပါက အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    ဇေကမ္ဘာ ကုမ္ပဏီမှ သိရသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့  ဗဟန်းမြို့နယ်    မြရိပ်ညိုဟိုတယ် ဟောင်းနေရာရှိ  မြေဧက  ၁၄ ဧက ကျယ်ဝန်းသည့်နေရာတွင် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး 5 Star  အဆင့်ရှိ ဟိုတယ်အပါအဝင်   လူနေအိမ်ခန်းများ၊   ရုံးခန်းများ၊  ဈေးဆိုင်များပါဝင်မည် ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  စီမံကိန်းမြေနေရာ အတွင်းရှိ  ရှေးဟောင်းအဆောက် အအုံတစ်ခုအား မူလအတိုင်းချန်လှပ် ထားရှိကာ  တည်ဆောက်မှုလုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ခွင့်ပြုချက်၊ ဌာနဆိုင်ရာအသီးသီး၏ ခွင့်ပြုချက်၊ စည်းကမ်းသတ်မှတ်ချက် များ အတိုင်းသာ  ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ  China   State Construction    Engineering Corporation နှင့် ဇေကမ္ဘာကုမ္ပဏီတို့ အကျိုးတူပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သည့်   အဆိုပါYangon New World  စီမံကိန်းတွင် တရုတ်ကုမ္ပဏီက   ၆ဝ  ရာခိုင်နှုန်း၊ ဇေကမ္ဘာကုမ္ပဏီက   ၄ဝ  ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း China   State  Construction Engineering   Corporation   မှ သိရသည်။

စီမံကိန်းအကောင်အထည်ဖော် မည့်မြေနေရာသို့ ယနေ့ မွန်းလွဲပိုင်းက ဟူနန်ပြည်နယ်   ပြည်သူ့အစိုးရ ဒုတိယဝန်ကြီးချုပ်He Bao Xiang  နှင့်အဖွဲ့ လာရောက်ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။   

သီသီမင်း

No comments:

Post a Comment