နယ်နိမိတ်အတွင်းရှိ ကုန်ပဒေသာတိုက် မီးလောင်
မဲဆောက် စက်တင်ဘာ ၃ဝ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအလုပ် သမား အလုပ်လုပ်ကိုင်နေကြသော မဲဆောက်ဈေးကြီး နယ်နိမိတ်အတွင်း ရှိ ကုန်ပဒေသာတိုက်၌ ယနေ့ဒေသ စံတော်ချိန် နံနက် ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်း နိုင်ငံရှိ ရုပ်သံသတင်းဌာနများမှ ဖော် ပြချက်အရ သိရသည်။
မီးငြှိမ်းသတ်
မီးလောင်ရာနေရာသို့ မဲဆောက် မြို့ပိုင်၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် နယ်မြေခံမီးသတ်စခန်း များမှ မီးငြှိမ်းသတ်ယာဉ် ၁ဝ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ကြရာ ငါးနာရီအကြာ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရ ကြောင်း သိရသည်။
ဆိုင်ခန်းအချို့မီးလောင်
ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ် သော မဲဆောက်မြို့ရှိ မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဦမိုးကြိုး(ခ)ဆရာမိုးက ''ဒီနေ့မနက်ဖြစ်ပွားခဲ့တဲ့ မဲဆောက် ဈေးကြီးမီးလောင်မှုက နံနက် ၇ နာရီ မှာ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အောင်မြင်စွာ မီးငြှိမ်းသတ်နိုင်ခဲ့ကြ တာကို တွေ့ရပါတယ်။ ကုန်ပဒေသာ တိုက်ရဲ့အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကို တော့ စိတ်ချရအောင် ဆက်လက် မီးငြှိမ်းသတ်ခဲ့ကြတာပါ။ ပြီးတော့ မဲဆောက်ဈေးကြီး မီးလောင်တယ်ဆို ပြီး တချို့တွေထင်နေကြတာ အမှန် တော့ မဟုတ်ပါဘူး။ သုံးထပ် အဆောက်အအုံကုန်ပဒေသာ တိုက်နဲ့ ဆက်စပ်နေတဲ့ ဆိုင်ခန်းတချို့ပဲ မီးလောင်တာပါ။ မြန်မာအလုပ်သမား တွေလည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်ဦးမှ မရှိပါဘူး။ မီးလောင်ဆုံးရှုံး မှုတန်ဖိုးကတော့ ထိုင်းဘတ်ငွေသန်း ၃ဝ ကျော်ဆုံးရှုံးတယ်လို့ ထိုင်းသတင်း ဌာနတွေက ဖော်ပြပါတယ်''ဟု ယနေ့ ညပိုင်းက ဆက်သွယ်ပြောကြားသည်။
အနီးကပ်ကူညီဆောင်ရွက်
မီးလောင်နေစဉ် ဈေး၏အပေါ် ထပ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံ သားတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင် များက အရေးပေါ်ကယ်ဆယ်ရေး လှေကားအသုံးပြုကာ ကယ်ထုတ် နိုင်ခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာတွင် အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက် နေသော မဲဆောက်မြို့ပိုင်မှာ ကယ် ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် ¤င်း၏ လက်ဒဏ်ရာရရှိခဲ့ကြောင်း မဲဆောက်သတင်းရပ်ကွက် စာမျက်နှာ များက ဖော်ပြခဲ့ကြသည်။
ပွင့်သစ္စာ(ကြေးမှုံ)
No comments:
Post a Comment