Latest News

Sunday, September 30, 2018

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည်

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည်


ဝါရှင်တန်  စက်တင်ဘာ  ၃ဝ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူနှင့်မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအန်တို့နှစ်ဦးသည် တစ်ဦး ကိုတစ်ဦး  ချစ်ခင်လေးစားလျက်ရှိသည်ဟု ယနေ့ ပြောကြားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ဝ ရက်တွင် အနောက်ဗာဂျီးနီးယား ပြည်နယ်အတွင်း  ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲ တစ်ခု၌ သမ္မတ ဒေါ်နယ်ထရန့်က ¤င်းနှင့်ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဆက်ဆံရေးကောင်းမွန်မှုကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သမ္မတ ဒေါ်နယ်ထရန့်က  ¤င်းအနေဖြင့်        မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထပ်မံ တွေ့ဆုံရန် ဆုံးဖြတ်ချက်ချမှတ်ပြီးကြောင်း ပြောကြားခဲ့ သည်။

ခေါင်းဆောင်ကင်ဂျုံအန်က ¤င်းဆီသို့ အပြုသဘော ဆောင်သည့် ပေးစာများ ပေးပို့ခဲ့ကြောင်းနှင့် ခေါင်းဆောင် ကင်က ¤င်းအပေါ် နှစ်သက်လေးစားသလို သူ့အနေဖြင့် လည်း ခေါင်းဆောင်ကင်အား အပြန်အလှန် နှစ်သက် လေးစားပါကြောင်း သမ္မတ ထရန့်က ဆိုသည်။

နိုဝင်ဘာလအတွင်း  ကျင်းပမည့်  အမေရိကန် ရွေးကောက်ပွဲမတိုင်မီ  အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန်  သမ္မတ ထရန့်အနေဖြင့် ဆန္ဒရှိကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  မိုက်ပွန်ပီယိုက အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲ   ကျင်းပနိုင်ရေးအတွက် စီမံမှုများ လုပ်ဆောင်ရန် အောက်တိုဘာလအတွင်း မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Mirror

No comments:

Post a Comment