Latest News

Wednesday, September 12, 2018

မန္တလေး၌ ဘောလုံးကစားနေသည့်လူငယ်အား ဓားဖြင့်ခုတ်

မန္တလေး၌ ဘောလုံးကစားနေသည့်လူငယ်အား ဓားဖြင့်ခုတ်

မန္တလေး  စက်တင်ဘာ  ၁၂

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ၃၁လမ်း၊ ၇၅×၇၆လမ်းကြား၊ လမ်းမပေါ်တွင် စက်တင်ဘာလ ၁၁ရက်နေ့ ည ၁၁နာရီအချိန်ခန့်က ထွန်းထွန်းခိုင်၊ ၂၈နှစ်၊ (ခေါင်ရည်ဆိုင် လုပ်သား)သည် ၄င်း၏ သူငယ်ချင်းများနှင့်အတူ ဘောလုံးကန်နေစဉ် ည ၁၁:၂၀ နာရီအချိန်ခန့်၌ အဆိုပါလမ်းအတွင်းနေ ထွန်းထွန်းဝင်း၊ ၂၅ နှစ်၊ဆိုင်ကယ်ဝပ်ရှော့လုပ်၊ မောရဂီဝါရပ်ကွက်နေသူနှင့် သက်နိုင်ဦး၊ ၂၈နှစ်၊ ရွှေရည်မွန်ရပ်၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် နေသူတို့ ရောက်ရှိလာပြီး ထွန်းထွန်းဝင်းမှ ဂိုးတိုင်လုပ်ထားသည့် အုတ်နီခဲအား ဖယ်ကာ လှဲအိပ်နေသဖြင့် ထွန်းထွန်းခိုင်မှ ထိုသို့မလုပ်ရန် ပြောဆိုခဲ့ရာ သက်နိုင်ဦးက ထွန်းထွန်းဝင်းအားတွဲ၍ ထွန်းထွန်းဝင်းနေအိမ် ထဲသို့ခေါ်သွားခဲ့ကြောင်း၊၄င်းနောက် သက်နိုင်ဦးက  အရိုးအသွား(၁)တောင် ကျော်ခန့်ရှိ ဓားရှည်အားကိုင်ဆောင်လျက် ဘောလုံးကန်သည့်နေရာသို့ရောက်ရှိလာပြီး သက်နိုင်ဦးက ထွန်းထွန်းခိုင်အား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊
သက်နိုင်ဦးက ဓားဖြင့်ခုတ်ခဲ့သဖြင့် ထွန်းထွန်းခိုင်၏ လည်ဂုတ် ဝဲဘက်အခြမ်း၊  ဝဲဘက်လက်မောင်းနှင့် ဝဲဘက်ဒူးခေါင်းတို့တွင် အလျား(၆)လက်မခန့်စီရှိ ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ ကုသမှုခဲယူခဲ့ရသည်။

အခင်းဖြစ်ရာသို့ အမှတ်(၈)မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးကိုကိုမောင်နှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် မြှောက်ပင့်ပြောဆိုသူ ထွန်းထွန်းဝင်းကို ဖမ်းဆီးရမိခဲ့ပြီး ဓါးဖြင့်ခုတ်သူသက်နိုင်ထွန်းမှာ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရှာဖွေလျက်ရှိသည်။

ဖြစ်စဉ်အပေါ် ထွန်းထွန်းခိုင်၏အစ်မဖြစ်သူ မရီရီခိုင်က စက်တင်ဘာလ ၁၂ရက်နေ့ နံနက် ၀၁၄၅အချိန်တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၈)မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

တင်မောင်မန်းကိုယ်ပွား

No comments:

Post a Comment