Latest News

Wednesday, September 12, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍
မြေပြင် လှည့်ကင်းဆောင်ရွက်


နေပြည်တော်၊ စက်တင်ဘာ ၁၂

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲအုပ် ဇော်လင်းအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Jaruliachari ကင်းစခန်းမှ Naib Subedar Md. Abdul Hannan ဦးစီး(၁၅)ဦး၊ စကားပြန်/လမ်းပြ(၃)ဦး တို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆) မှ (၄၇) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၅ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ဒုတိယရဲမှူး အောင်မျိုးဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Ghumdhum ကင်းစခန်းမှ Naib Subedar Md. Ragfiqul Islam ဦးစီး(၁၅)ဦး၊ စကားပြန်/လမ်းပြ(၁)ဦးတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၃၁) မှ (၃၄) ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

No comments:

Post a Comment