Latest News

Tuesday, September 11, 2018

ပုဇွန်တောင်မြို့နယ်တွင် မိန်းကလေးတစ်ဦး (၉)လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ်

ပုဇွန်တောင်မြို့နယ်တွင် မိန်းကလေးတစ်ဦး (၉)လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ်


ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့မရဲစခန်း
နယ်မြေ၌မိန်ကလေးတစ်ဦး(၉)လွှာတိုက်ခန်း
ပေါ်မှခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်မှာစက်တင်ဘာ ၁၀ ရက်နေ့ ညနေ (၄)နာရီကျော်ခန့် အချိန်တွင် ပုဇွန်တောင်မြို့နယ်ရှိအမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလတာဝါ၊ တိုက်အမှတ် (စီ/၉လွှာ) အခန်းနံပါတ် (၉၀၄) မှ  အမျိုးသမီးတစ်ဦး ခုန်ချ၍သေဆုံးသွားကြောင်း သတင်းအရ ပုဇွန်တောင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါနေရာသို့သွားရောက်၍ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မခိုင်သဉ္ဇာ (၁၆)နှစ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော(၁)လကျော်ခန့်က အိမ်အကူအဖြစ်
အဆိုပါ တိုက်ခန်းပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်၏နေအိမ်တွင်လုပ်ကိုင်နေသူဖြစ်ကြောင်း ယင်းနေ့ ညနေ  ၃:၄၅ နာရီအချိန်ခန့်က အိမ်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်မှ ၎င်း၏ပိုက်ဆံအိတ် ပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ သေဆုံးသူမှာ စိတ်ဆိုးပြီး အခင်းဖြစ်ရာတိုက်ဝရန်တာပေါ်တက်ကာ ခုန်ချသွားခဲ့ကြောင်းသိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်းတွင်သေမှုသေခင်းရေးဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံး ခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရသိရသည်။

ကျော်ကျော် (မလိုင်)ကြေးမှုံ

No comments:

Post a Comment