Latest News

Tuesday, September 11, 2018

ကာတာခြေစမ်းခရီးစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲငါးပွဲကစားမည်

ကာတာခြေစမ်းခရီးစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်း
 ခြေစမ်းပွဲငါးပွဲကစားမည်

နေပြည်တော် စက်တင်ဘာ ၁ဝ

၂ဝ၁၈    အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် မြန်မာ့လက်ရွေးစင်   အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲအပြင် ပြည်ပ လေ့ကျင့်ရေးခရီးစဉ်လည်း သွားရောက် မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည်       ကာတာနိုင်ငံသို့ သုံးပတ်ကျော် သွားရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲငါးပွဲ   ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုပွဲ များကို  အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲ ကစားရမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန်  ပိုမိုရုန်းကန်ရ ဖွယ်ရှိနေရာ ပြိုင်ပွဲအကြိုပြင်ဆင်မှုများ စနစ်တကျ  ပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်    အသင်းသည်

စက်တင်ဘာလတွင် နိုင်ငံတကာခြေစမ်းပွဲကစားခွင့် မရသော် လည်း  အောက်တိုဘာလတွင်  ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲအနေအထားအရ အနည်းဆုံးခုနစ်ပွဲ ကစား မည်ဖြစ်ရာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လုံလောက်မည်  ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်အသင်းတို့နှင့်  ခြေစမ်းပွဲကစားပြီးပါက  ကာတာနိုင်ငံတွင်   သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင်  ထွက်ခွာကာ နိုဝင်ဘာ ပထမပတ်မှ ရောက်ရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည်  မေလနောက်ပိုင်း အောက်တိုဘာလမှသာ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး  လက်ရှိနည်းပြချုပ်  အန်တွမ်နီဟေး အနေဖြင့်  တရုတ်လက်ရွေးစင်အသင်းနှင့်  ခြေစမ်းပွဲ တစ်ပွဲသာ  ကိုင်တွယ်ရသေးသည်။  မြန်မာ့လက်ရွေးစင် အသင်းသည် ကာတာခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲငါးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ကာတာဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  အသင်း  ၁ဝ သင်း  ယှဉ်ပြိုင်မည်ဖြစ် သည်။

သတင်း-ရှိုင်းထက်ဇော်(ကြေးမှုံ)
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment