Latest News

Saturday, September 22, 2018

လားရှိုးမြို့နယ်၌ ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

လားရှိုးမြို့နယ်၌ ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော်  စက်တင်ဘာ  ၂၂

နမ့်ပေါင်ရဲကင်းစခန်းမှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂ဝ ရက် ညပိုင်းက လားရှိုးမြို့နယ် နမ္မဘောဒကျေးရွာရှိ နမ္မဘောဒ တံတားတွင် လားရှိုးမြို့မှ မိုင်းရယ်မြို့သို့ မောင်းနှင်လာသည့် ယာဉ်ကိုရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးတိမ်းရှောင် သွားပြီး မော်တော်ယာဉ်၏ နောက်ပိုင်းတွင် ပလတ်စတစ်ပုံး ၁၄ဝ ဖြင့် ထည့်လျက် ANTHRANILIC  ACID  လီတာ ၂၈ဝဝ၊ သံပီပါ ၂၃ လုံးဖြင့် ထည့်လျက်TOLUENE လီတာ ၄၆ဝဝ၊ သံပီပါနှစ်လုံးဖြင့် ထည့်လျက် 1-PHENYL-2-PROPANONE လီတာ ၄ဝဝ၊ သံပီပါငါးလုံးဖြင့်ထည့်လျက်N-ACETYLANTHRANIC  ACID လီတာ ၁ဝဝဝ၊ လေအိုးအလုံး ၂ဝ နှင့် မြေဆီအိတ် ၆ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။                                             

ကိုရဲ

No comments:

Post a Comment