Latest News

Monday, September 17, 2018

မင်းကွန်းဆရာတော်ကြီး တည်ထောင်တော်မူခဲ့သော နန်းတော်ရှေ့က ဇီဝိတဒါနသာသနာ့ အထူးကုဆေးရုံ

မင်းကွန်းဆရာတော်ကြီး တည်ထောင်တော်မူခဲ့သော
နန်းတော်ရှေ့က ဇီဝိတဒါနသာသနာ့ အထူးကုဆေးရုံ

စာရေးဆရာ သတင်းစာဆရာကြီး မောင်သစ်လွင်
(လူထု) က (၈၄) နှစ်မြောက် မွေးနေ့နှင့် စာနယ်ဇင်း
သမားအသက် ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၃၁ ရက်နေ့က မန္တလေးမြိ့ ၁၄ လမ်းနှင့်
၆၂ လမ်း၊ ၁၅ လမ်းနှင့် ၆၂ လမ်း၊ အောင်မြေသာစံမြို့နယ်
ရှိ ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး (နန်းရှေ့) သို့ ငွေကျပ် ၁ဝ သိန်းနှင့် စာအုပ်စာတမ်းများ လှူဒါန်းသည်။

ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီး (နန်းရှေ့) ကို မန္တလေးသားအများစုက သတိမထားမိကြ။ ဘယ်နေရာမှာလဲဟု မေးကြမြန်းကြသည်။ တကယ်တော့ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီး (နန်းရှေ့) ဆိုသည်က မန္တလေးတွင် လွန်ခဲ့သော ၃၂နှစ်ကတည်းက ပထမဦးဆုံး ပေါ်ပေါက်ခဲ့သော သာသနာ့ အထူးကုဆေးရုံ
ကြီးဖြစ်သည်။

ဖန်ရည်ဆိုးတပ်၊ လွန်တင့်အပ်သား၊ သပ်သပ်ပယ်ပယ်၊ ကြီးငယ်သင်္ဃာ၊

မန္တလေးရတနာပုံနေပြည်တော်ကို မင်းတုန်းမင်း
တည်တော်မူသောအခါ အဂ္ဂမဟာသေနာပတိ ဝန်ရှင်
တော် လယ်ကိုင်းမြို့စား သေနတ်ဝန်မင်းကြီး မင်းသတိုး
သုဓမ္မ မဟာသက်တော်ရှည်ဆက်သွင်းသည့် မင်္ဂလာ
ဧချင်းတွင် ရေးဖွဲ့သည့် မြန်းမဏ္ဍလာ၊ ရှုတိုင်းမှာတည့်၊
သာယာကဲလွန်၊ နတ်ရေကန်ဝယ်၊ ဖန်ရည်ဆိုးတပ်၊ လွန်တင့်အပ်သား၊ သပ်သပ်ပယ်ပယ်၊ ကြီးငယ်သင်္ဃာ၊
ရွှေဟင်္သာတို့၊ ကျာကျာညံညံ၊ ပျော်မြူးစံလျက် ဟူသ
ကဲ့သို့ လေးပြင်လေးရပ် မြို့တော်မျက်နှာစာများရှိ ကြီးမား
ကျယ်ဝန်းလှသော ကျောင်းတိုက်ကြီးများတွင် သံဃာ
တော်များ သီတင်းသုံးတော်မူခဲ့သည်။ သီပေါမင်းလက်
ထက် ၁၂၄၃ ခုနှစ် ကထိန်အလှူတော်စာရင်းတစ်ခု၌ ရွှေမြို့တော် လေးမျက်နှာတွင် ကျောင်းတိုက် ၁၅၄
တိုက်၊ ကျောင်းအဆောက်အအုံပေါင်း ၁၂၅၇ ကျောင်းရှိ
သည်ဟု ပါရှိသည်။ ကျောင်းတိုက်တစ်တိုက်တွင် အနည်း
ဆုံး ကျောင်းရှစ်ကျောင်းမှ အများဆုံးကျောင်း ၂ဝ ထိရှိရာ
ကျောင်းတိုက်တစ်တိုက်တွင်လည်း သံဃာအပါးရေ ရာဂဏန်းမှ တစ်ထောင် တစ်ထောင်ကျော်ထိ ရှိသဖြင့်
ရွှေမြို့တော် လေးပြင်လေးရပ်တွင် သံဃာအပါးရေ
သောင်းချီရှိခဲ့သည်။ ထိုကျောင်းအရေအတွက်နှင့် သံဃာအရေအတွက်မှာ ပါတော်မူပြီးကာလနှင့် စစ်ကြီး
အပြီးကာလများတွင် အနည်းငယ်လျော့ခဲ့သော်လည်း လွတ်လပ်ပြီးကာလမှစ၍ မန္တလေးအနှစ် ၁ဝဝ ကာလ
အတွင်း ပိုမိုတိုးတက် များပြားလာမှာ သေချာသည်။

မည်သို့ပင် စစ်ကြောင့် ခေတ်ကြောင့်ဟူသော လောကဓံလှိုင်း ရိုက်ပုတ်ပါစေ မန္တလေးတွင် သာသနာ
တော် အရောင်မညှိုးခဲ့ခြင်းမှာ မြို့တည် နန်းတည်စဉ်
ကတည်းက လက်ထက်တော်ကြီးဟု ခေါ်ဆိုအပ်သော
မင်းတုန်းမင်းလက်ထက်ရော၊ လက်ထက်တော်လေး
ခေါ်သည့် သားတော်သီပေါဘုရင်လက်ထက်ရော သာသနာတော်ကို ချီးမြှင့်ထောက်ပံ့မှုနှင့်ပတ်သက်၍
နီးဝေးပတ်ကုံး၊ နိုင်ငံလုံးဝယ်၊ စောင့်သုံးသီလ၊ ယာပိုက်
မျှသည်၊ များလှစွာစွာ၊ ထေရ်သင်္ဃာအား၊ အခါမပြတ်၊
နိစ္စပတ်ချည်း၊ ပစ္စည်းလေးပါး လှူဒါန်းခဲ့သည့် အစဉ်
အလာကို ဘုန်းရိပ်ကံရိပ်ခို ရွှေမြို့တော်သူ ရွှေမြို့တော်
သားတို့က ဘိုးဘွားအမွေအနှစ်ပမာ လက်ဆင့်ကမ်း တာဝန်ကျေခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ပစ္စည်းလေးပါးဒါယကာဟူသည် ကျန်းမာရေး
အတွက် 'ဆေး' ဟူသော ကဏ္ဍလည်းပါရှိသည်ဆိုသော်ငြား
ဂိလာနသာသနာဝင်များအတွက် ခေတ်မီဆေးကုသရေး
ပိုင်းဖြင့် စနစ်တကျ လှူဒါန်းနိုင်မှုမှာ ပြောင်းလဲလာသော
ခေတ်နှင့် လူမှုဝန်းကျင်တွင် သဟဇာတမမျှခဲ့။

တိပိဋကနိကာယ ဥပဌာကအဖွဲ့ သာသနာပြုလုပ်ငန်းသုံးသွယ်

မန္တလေးတွင် ရဟန်းသံဃာတော်များနှင့် သီလရှင်များ
အပါအဝင် သာသနာ့နွယ်ဝင်တို့ များပြားသော်လည်း ဂိလာနများအတွက် သီးသန့် ဆေးခန်းဆေးရုံတို့ ရှားပါးခဲ့
၏။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင်သာ သံဃာ့အဆောင်အဖြစ် သီးခြားဖွင့်လှစ်နိုင်ခဲ့သည်။
ထို့ကြောင့် ကျေးဇူးတော်ရှင်မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာ
ဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီး ဦးဆောင်ပဓာနပြု၍ ဇီဝိတဒါန သာသနာ့
အထူးကုဆေးရုံကြီးကို ၁၉၈၆ ခုနှစ်ကတည်းက အကောင်
အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံ မြို့တည်နန်း
တည် သတ္တဌာန၏ အချက်အချာနေရာဖြစ်သော မဟာ
လောကမာရဇိန် ကုသိုလ်တော်မြတ်စွာဘုရားနှင့် မဟာ
အတုလဝေယန် ကျောင်းတော်ကြီး၏ အပါး၊ မတ္တရာ
ကျောင်းတိုက်နှင့် စိန်တုံးကျောင်းတိုက်ကြီးတို့မှ အလှူခံ
ရရှိတော်မူခဲ့သော မြေနေရာတွင် ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကို ကောဇာသက္ကရာဇ် ၁၃၄၈ ခုနှစ်
ဝါခေါင်လဆုတ် ၂ ရက်၊ ခရစ်နှစ် ၁၉၈၆ ခုနှစ် သြဂုတ်လ
၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မင်းကွန်းဆရာတော်ကြီး၏ တိပိဋကနိကာယ ဥပဌာက
အဖွဲ့ သာသနာပြုလုပ်ငန်းသုံးသွယ်တွင် တစ်ခုအပါ
အဝင်ဖြစ်သော ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး
ကို ပြည်နယ်နှင့် တိုင်းအသီးသီးမှ ဂိလာန သံဃာတော်
တို့အား ဝိနည်းတော်နှင့်အညီ ဆေးဝါးကုသပေးရန်နှင့်  ကာကွယ်ကုသရေးများကို ပညာပေးရန်၊ နာလန်ထ
ဂိလာနသံဃာတော်များ ကျန်းမာရေးနှင့် ပြည့်စုံသည့်
အခါ ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရန်ဟူသော
လုပ်ငန်းအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ပြင်ပသူနာ
ဌာနကို မတ္တရာကျောင်းတိုက်မှ မြေဧရိယာ ၁ ဒသမ ၅၄
ဧကတွင်လည်းကောင်း၊ အတွင်းသူနာဌာနအတွက် မြေဧရိယာ နှစ်ဧကကို စိန်တုံးကျောင်းတိုက်၏ မြေနေရာ
တွင်လည်းကောင်း စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

မင်းကွန်းဆရာတော်ကြီးက ဖွင့်လှစ်ပေးတော်မူခဲ့

ထို့ကြောင့် ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး  ဆောက်လုပ်  လှူဒါန်းရေးအဖွဲ့ကို ဒေါက်တာသာလှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ၁၆ ဦးပါ ကော်မတီကို၁၉၈၅ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့တွင် ဖွဲ့စည်းပြီးပြင်ပသူနာဌာနကို ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့
တွင် စတင်တည်ဆောက်ခဲ့သည်။ အတွင်းသူနာဌာန ပင်မ
ခွဲစိတ်နှင့် ဖျားနာဆောင်ကို ၁၉၈၆ ခုနှစ် မတ်လ ၃၁ ရက်
နေ့တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် သြဂုတ်လ ၂၂
ရက်နေ့တွင် ပြင်ပသူနာများကို စတင်လက်ခံကုသခြင်း
ဖြင့် ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဆေးရုံအရပ်ရပ်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ် နိုဝင်ဘာ
လ ၉ ရက်နေ့တွင် နိုင်ငံတော်သံဃာ့မဟာနာယက ၄၇
ပါးစုံညီအဖွဲ့ဖြင့် လှူဒါန်းခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ၁၆ ခုတင်
သတ်မှတ်ပြီး အတွင်းသူနာများကို စတင်ကုသခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် ခုတင် ၄ဝ
ထိ တိုးချဲ့ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် မင်းကွန်းဆရာတော်ကြီးက  အတွင်းသူနာဌာန  အထူး ကုသဆောင်ကို  ဖွင့်လှစ်ပေးတော်မူခဲ့၏။

 
အစဉ်အဆက်တာဝန်ယူခဲ့ကြရာ

ဤသို့ဖြင့် မင်းကွန်းဆရာတော်ကြီး၏ တိပိဋက
နိကာယ ဥပဌာကအဖွဲ့ သာသနာပြုလုပ်ငန်းသုံးသွယ်
တွင် တစ်ခုအပါအဝင်ဖြစ်သော ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးကို ဥပဌာကအဖွဲ့ သာသနာပြုအဖွဲ့
က ကုသရေး၊ ဘဏ္ဍာရေး၊ ဝန်ထမ်းရေးရာတို့ကို စီမံ
အုပ်ချုပ်ဆောင်ရွက်ခဲ့ရာ ၁၉၉၄ ခုနှစ် မတ်လ ၁၅ ရက်နေ့
တွင် ဆရာတော်ကြီးကိုယ်တိုင် ဇီဝိတဒါန သာသနာ့
အထူးကုဆေးရုံကြီးကို နိုင်ငံတော်သို့ လွှဲပြောင်းပေး
တော်မူခဲ့ပါသည်။ ဆေးရုံကြီး၏ လုပ်ငန်းအဝဝကို စီမံ
အုပ်ချုပ်ရေးအဖွဲ့အသီးသီးက ကြီးကြပ်ခဲ့ကြရာတွင် ၂ဝဝ၂ ခုနှစ်မှစတင်၍ မြို့မိမြို့ဖအဖွဲ့က အစဉ်အဆက်
တာဝန်ယူခဲ့ကြရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ
စတင်ကာ ဥက္ကဋ္ဌ သုဓမ္မမဏိဇောတဓရ ဦးခင်မောင်လှ
နှင့် အတွင်းရေးမှူး ဦးမျိုးသန့်တို့ပါဝင်သော ၂၅ ဦးပါအဖွဲ့
က ကြီးကြပ်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန့် ဦးဆောင်သော ဆေးပညာရှင်များက  တာဝန်ယူလျက်ရှိ
သည်။ ယခုအခါ ဆေးရုံကြီးတွင် သာသနာ့နွယ်ဝင်များ
သာမက လူမျိုးဘာသာမရွေး လူပုဂ္ဂိုလ်များကိုပါ ပြင်ပ
သူနာအဖြစ် အနောက်တိုင်းဆေးကုထုံး၊ တိုင်းရင်းဆေး
ကုထုံး၊ တိုင်းရင်းအပ်စိုက်ကုထုံးတို့ဖြင့် ကုသပေးလျက်
ရှိ၏။

လေးပြင်လေးရပ် သံဃာတော်များ အားကိုးအားထားပြုရာ

တကယ်တော့ ကျေးဇူးတော်ရှင်မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဝိစိတ္တသာရာ
ဘိဝံသ ဆရာတော်ကြီး ဦးဆောင်ပဓာနပြု၍ ကြိုးပမ်း
အကောင်အထည်ဖော်ခဲ့ရုံမက ယခုဆေးရုံကြီးတွင် ဆရာတော်ကြီးကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ဆေးရုံ
တက် ကုသမှုခံယူတော်မူခဲ့ရာလည်း ဖြစ်သည်။ ထို့ပြင်
ယခု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်
ဆရာတော်ကြီးသည်လည်းကောင်း၊ မြစ်သား မင်းကျောင်း
ဆရာတော်ကြီးသည်လည်းကောင်း၊ ပြည်မြို့ဆရာတော် ဦးသာသနသည်လည်းကောင်း၊ စဥ့်ကိုင်ဆရာတော် ဦးဥာတိကသည်လည်းကောင်း ထေရ်ကြီးဝါကြီး ဆရာ
တော်ကြီးများ တက်ရောက်ကုသဖူးရာ ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး (နန်းရှေ့) ကို မန္တလေး အရှေ့ပြင် မြောက်ပြင်နှင့် လေးပြင်လေးရပ် သံဃာတော်
များ အားကိုးအားထားပြုရာအဖြစ် ရေရှည်တည်တံ့နိုင်
ရေးအတွက် စောင့်ရှောက်ရေး၊ လှူဒါန်းရေးများမှာ အထူးလိုအပ်လျက်ရှိပါကြောင်း။

ဆူးငှက်

No comments:

Post a Comment