Latest News

Monday, September 17, 2018

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ထိုးသတ်ပွဲ ကျင်းပမည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ထိုးသတ်ပွဲ ကျင်းပမည်

ရန်ကုန်  စက်တင်ဘာ  ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာ   နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က    ကြီးမှူးပြီးLethwei Nation Modern Myanmar Synergy နှင့် H & S Group တို့    ပူးပေါင်း ကျင်းပသောLethwei Nation  Champion  ship  မြန်မာနှင့်ထိုင်း အထူးစိန်ခေါ်ထိုးသတ် ပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ တွင်  ရန်ကုန်မြို့(သိမ်ဖြူလက်ဝှေ့ရုံ)၌ ကျင်းပ မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း ပွဲစဉ် ရှစ်ပွဲ ပါဝင်ပြီး  အဓိကပွဲစဉ်တွင်  မြန်မာနှင့်ထိုင်း အထူး စိန်ခေါ်ပွဲအဖြစ် မြန်မာ့လက်ဝှေ့ကျော် ခနဲကို(ခ)ရွှေကို(သတ္တိ)နှင့်   ထိုင်းနိုင်ငံသား ဖစ်(ခ)Sakom၊ ရဲသွေးနီ(တောင်ကလေး)နှင့်  ခင်မိုအင်တာမန်း(ထိုင်း)၊  စောဖိုးထွန်း(သတ္တိ)နှင့် ရောဝီထရာ(ထိုင်း)တို့  ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်ပြီး   ၄၈ ကီလိုတန်း(ဆီမီးဖိုင်နယ်)တွင် စောထွန်းမြိုင်(ရွှေမိုးထိ)နှင့် ချစ်ဆူးငယ် (ရွှေသထုံ)၊   ထက်လင်းဦး(တိုက်ဂါး)နှင့် သန့်ဇင်ဦး(ရွှေဘားလား)တို့က လည်းကောင်း၊ ၇၅ ကီလိုတန်း(ကွာတားဖိုင်နယ်)တွင် ထွန်းလင်း ခန့်(စစ်ကိုင်း)နှင့်  စိုးမောင်ဦး(ရတနာပုံ)၊ စောဆဝါး(ဒို့ရိုးရာ)နှင့်  ထွန်းတောက်ကြယ် (မုဒုံ)၊   နော်ဥမ္မာစိုး(ဖီးနစ်)နှင့်   စုလှိုင်ဦး (တောင်ဇလပ်)တို့က   အသီးသီးယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment