Latest News

Monday, September 10, 2018

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ က ယောက်ျားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန် ကိစ္စ ရှင်းရင်း မယားကြီး နဲ့ မယားငယ် ဓားခုတ်မှုဖြစ်

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ က ယောက်ျားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန် ကိစ္စ ရှင်းရင်း မယားကြီး နဲ့ မယားငယ် ဓားခုတ်မှုဖြစ်
       
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံနယ်မြေရဲစခန်းအပိုင် အတွင်း ကျေးရွာလူကြီးကနေအိမ်မှာခေါ်၍အိမ်ထောင်ရေးဖောက်ပြန်သည့်ကိစ္စရှင်းလင်း ပေးနေချိန် မယားကြီးဖြစ်သူက ဒေါသဖြစ် ထိန်းချုပ်မရ သောစိတ်ကြောင့် အနီးရှိ ကိုင်းခုတ်ဓားဖြင့် မယားငယ်အားခုတ်လိုက်ရာ ဘယ်လက်မှာ ပြင်းထန်ဒါဏ်ရာ(၂) ချက်ရရှိပြီး ပုသိမ်ဆေးရုံကြီးမှာ အတွင်လူနာဖြင့်ဆေးကုသခံယူနေရကြောင်းသိ့ရသည်။
         
ဖြစ်စဉ်မှာ ၆.၉.၂၀၁၈ ရက်နေ့ညနေ (၄)နာရီခွဲ အချိန် ရွှေသောင်ယံ ဘောမိကျေးရွာအုပ်စု ပြာတိုက်ကျေးရွာ ရာအိမ်မှူး ဦးဇော်ဦး မှ ဓနိဖျားအလုပ်စခန်း တဲအိမ်များမှ ရဲလင်းနိုင်အသက် (၃၃) နှစ်(ဘ)ဦးအုန်းသန်း က ၎င်း ရဲ့အကိုရင်းဖြစ်သူ၏ဇနီး မအိမွန်စိုး အသက်(၁၆)နှစ် (ဘ)ဦးညွန့်ရွှေ နှင့်အိမ်ထောင်ရေးဖောက်ပြန်နေသည့်ကိစ္စအား ရဲလင်းနိုင်  လက်ရှိပေါင်းသင်းနေထိုင်သော ဇနီးဖြစ်သူ ဝေဝေစိုး အသက်(၂၉)နှစ်(ဘ)ဦးသိန်းဝင်း တို့ (၃)ဦးတို့အားတွေ့ဆုံ ညှိနိုင်းဖြေရှင်းပေးခဲ့သည်။
       
ထိုသို့ဖြေရှင်းပေးခဲ့ရာ ရဲလင်းနိုင် ကနှစ်ယောက်အတူ ပေါင်းသင်းနေထိုင်မည် ပြောဆိုရာ ညှိနိုင်းမရဖြစ်ပြီး မိန်းမ နှစ်ယောက် ဆဲဆိုစကားများကြရာ ရဲလင်းနိုင် က နှင်တို့ ဒီမှာ ဖြေရှင်းညှိနိုင်းမရရင် ရဲစခန်းသာ သွားတိုင် ကြတော့ ငါထောင်ကျသွား အေးရောလို့ပြောလိုက်ရာ ဇနီးဖြစ်သူ ဝေဝေစိုး က ဟဲ့ကောင်မ နင့်ကြောင့် ခလေး (၄)ယောက်နဲ့ ငါတို့မိသားစု ဒုက္ခ ရောက်တော့မယ် ငါ့ယောက်ျားထောင်အကျမခံနိုင်ဘူးနင့်ကို ငါ သတ်မယ် ဆိုပြီး လူကြီးအိမ်မှ အနီးရှိ ကိုင်းခုတ်ဓားဖြင့် အိမွန်စိုးအား ခုတ်လိုက်ရာ ဘယ်ဘက်လက်ကောက်ဝတ်နှင့်လက်မောင်း တို့ မှာ ပြင်းထန် ဒါဏ်ရာ (၁)စီရရှိခဲ့၏။
     
ယင်းဖြစ်စဉ်အား မအိမွန်စိုး ကတရားလိုပြု၍ အမှုဖွင့်အရေးယူ ပေးရန်တိုင်ကြားသဖြင့် ရွှေသောင်ယံ နယ် မြေရဲစခန်း (ပ)၂၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်၍ အမှုအား ဒုရဲအုပ်ရဲအောင်က စစ်ဆေးဆောင်ရွက်နေကြောင်းသိ့ရသည်။

တရားခံဖြစ်သူ ဝေဝေစိုး ကဖမ်းဆီးအရေးယူခံရပြီးယောက်ျားဖြစ်သူက ဒါဏ်ရာရရှိသူအား ဆေးရုံလိုက်ပြုစုနေရ၍ ခလေး (၄)ယောက်မှာ တောတွင်းအလုပ်စခန်းဖြစ်သောကြောင့် နေအိမ်တဲ တရားလိုတရားခံတဲအပါဝင် (၈)လုံးသာရှိပြီး၎င်း ခလေးတို့အား တဲနားနီးချင်းတို့ကစောင့်ရှောက်ထားရကြောင်းသိ့ရသည်။
                               
သတင်းဓါတ်ပုံ - ရွှေဘိုဝဠာ

No comments:

Post a Comment