ရိုက်တာ သတင်းထောက် နှစ်ဦးအား သတင်းသမား များ ဖြစ်နေခြင်းကြောင့် မဟုတ်ပဲ ဥပဒေ ချိုးဖေါက်၍ ပြစ်ဒဏ် စီရင်ခဲ့ခြင်းသာ ဖြစ်တယ်ဟု အဆိုပါ ကိစ္စအပေါ် ရက်အတန်ကြာ နှုတ်ဆိပ်နေခဲ့ရာမှ ဟနွိုင်းတွင် ရှိနေစဉ် တိုက်ရိုက် ဝေဖန်ချက် ပေးလိုက်ပြီ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးသည် နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ကို ချိုးဖေါက်ခဲ့ခြင်းကြောင့် အခုလို တရားရုံးမှ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။
အဆိုပါ အမှု ကို လူအများ တက်ရောက်နားထောင်ခွင့် ရှိသော တရားရုံးတွင် စစ်ဆေးခဲ့တာ ဖြစ်ပြီး ဘယ်သူမှလည်း တရားသူကြီး၏ စီရင်ချက် အကျဉ်းချုပ်ကို အရေးတယူ လုပ် ဖတ်ခဲ့ပုံ မရဟု သူမ ထင်မြင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
တရားရုံး၏ စီရင်မှု အပေါ် ကုလသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့များ နဲ့ အမေရိကန် ဒုသမ္မတ အပါအ၀င် လူအများ က ဝေဖန် ရှုတ်ချခဲ့ကြပြီး ဖြစ်ပါတယ်။
တပ်မတော်၏ ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်မှုများအား ကိုင်တွယ်ခဲ့ပုံနှင့် စပ်လျင်း၍ အခုလို ပြောသွားခဲ့ပါတယ်။
ပြန်စဉ်းစားကြည့်မည်ဆိုကာ အခြေအနေကို ပိုမို ကောင်းမွန်အောင် ကိုင်တွယ်နိုင်တဲ့ နည်းတွေတော့ ရှိတာ သေချာတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ပဲ UNHCR နဲ့ UNDP အဖွဲ့များကို အခင်း ဖြစ်ပွားရာ ဒေသများကို စတင် ၀င်ရောက်ခွင့် ပြု လိုက်ပြီ ဖြစ်ပါတယ်။
လှစိုးဝေ
ကိုးကား ။ ။ AFP
Thursday, September 13, 2018
ရိုက်တာ သတင်းထောက် နှစ်ဦး အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ
ရိုက်တာ သတင်းထောက် နှစ်ဦး အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ
Reviewed by timeayeyar
on
7:00 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment