![]() |
ဟင်္သာတမြို့ နိဗ္ဗာန်နယ်မြေရဲစခန်းအပိုင်မှ လူသတ်ပြီးထွက်ပြေး တိမ်းရှောင်နေသူနှစ်ဦးအား ကျောင်းကုန်းမြို့တွင် ဖမ်းမိ၍ လွှဲပြောင်းပေးအပ် |
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကွမ်းခြံကုန်းအုပ်စု အနောက်စုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်တွင် မသင်္ကာဖွယ်ရာ လူငယ်နှစ်ဦးအား တွေ့ရှိကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန် ကွမ်း ခြံကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွင်မိုးမှ အပိုင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စလားဆန်းအား ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသဖြင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။
ဖမ်းဆီးစစ်ဆေးရာမှာ ခိုင်မင်းထွန်း(ခ)ကပ္ပလီ (၁၉)နှစ်၊ ဒယ်ကွင်းရွာ၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ဟင်္သာတမြို့နယ်နေသူနှင့် ဇင်ကိုလတ်(ခ)ချက်ကြီး(၁၃)နှစ်၊ ဒယ်ကွင်းရွာ၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ဟင်္သာ မြို့နယ် နေသူ နှစ်ဦးဖြစ်ပြီး၊ ၄င်းတို့နှစ်ဦးမှာ ဟင်္သာတမြို့နယ် နိဗ္ဗာန်နယ်မြေရဲစခန်း (ပ)၁၄၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံများဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရားခံနှစ်ဦးအား နိဗ္ဗာန်ရဲစခန်းမှူး ရဲအုပ်ဝင်းတင့် ဦးစီးအဖွဲ့မှ လာရောက်ခေါ်ဆောင်ရာ ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်မှ ည ၆း၅၀ နာရီအချိန် လွှဲပြောင်းပေးအပ်လိုက်ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
No comments:
Post a Comment