Latest News

Sunday, September 2, 2018

ဆိုင်ကယ်အား ကားဖြင့် နောက်မှဝင်တိုက်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သူများအား ဖမ်းဆီးအရေးယူ

ဆိုင်ကယ်အား ကားဖြင့် နောက်မှဝင်တိုက်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သူများအား ဖမ်းဆီးအရေးယူ

မန္တလေး  စက်တင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီး    ချမ်းမြ သာစည်မြို့နယ်  အောင်ပင်လယ်     ရဲစခန်းအပိုင်နယ်မြေ၌  ဆိုင်ကယ် အား  ကားဖြင့်  နောက်မှဝင်တိုက်ပြီး    ဝိုင်းဝန်းရိုက်နှက်ခဲ့သူများအား ဖမ်းဆီး   အရေးယူထားကြောင်း ရဲမှတ်တမ်း များအရ သိရသည်။ 

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် ချစ်ဇွဲနှင့် ဝေယံတို့ နှစ်ဦးသည်   ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက် လမ်း ၆ဝ၊ သိပ္ပံ လမ်းနှင့်  အောင်ဆန်းလမ်းကြားရွှိုဠ ဆိုင်တွင် သီချင်းဆိုခဲ့ပြီး ကျသင့် ငွေရှင်းစဉ် ချစ်ဇွဲနှင့် ဆိုင်မန်နေဂျာတို့    စကားများခဲ့ပြီးနောက်   ချစ်ဇွဲနှင့်  ဝေယံတို့သည် ဆိုင်ကယ်ဖြင့် နေအိမ် သို့   ပြန်ခဲ့ရာ   ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်   ၅၈ လမ်း၊ အောင်ဆန်းလမ်းနှင့်  ဘုရင့်နောင် လမ်းကြားအရောက်၌   အဆိုပါKTV ဆိုင်မှ ဝန်ထမ်းများပါသော လိုက်ထရပ်ယာဉ်က     နောက်မှ ဝင်တိုက်ပြီး   ဆိုင်ကယ်တိမ်းမှောက် သွားစဉ်   တုတ်၊ ခါးပတ်များဖြင့် ရိုက်နှက်ခဲ့ကြသဖြင့် ချစ်ဇွဲနှင့် ဝေယံ တို့နှစ်ဦးတွင်     ဒဏ်ရာများရရှိခဲ့       သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်မန်နေဂျာ နေအောင်နှင့် ကျော်နိုင်ဦးတို့နှစ်ဦး အား        ဖမ်းဆီး၍ အောင်ပင်လယ် နယ်မြေရဲစခန်းက  အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။       

ကျော်ကျော် (မလှိုင်)

No comments:

Post a Comment