ဘီးလင်း၌ လူသတ်အလောင်းဖျောက်သူများအား ဖမ်းဆီးရမိ
ဘီးလင်း စက်တင်ဘာ ၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာ၌ လူသတ်၍ မြေမြှုပ်ထားသော အလောင်းတစ်လောင်းတွေ့ရကြောင်း သြဂုတ် ၃ဝ ရက် ညနေပိုင်းက သတင်းပေးတိုင်တန်းချက်အရ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့် အနီးကပ်ကြီးကြပ်၍ တောင်စွန်းနယ်မြေရဲစခန်းမှ စုံစမ်းဖော်ထုတ်ရာ သြဂုတ် ၃၁ ရက်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝင်းကကျေးရွာနေ ဒေါ်လှသန်းသည် လယ်ကွင်းသို့အသွား လယ်ကန်သင်းအနီးတွင် အပုပ်နံ့ရသဖြင့် ကြည့်ရာ လူသေတစ်ဦးကို မြှုပ်နှံ ထားသည့်ပုံသဏ္ဌာန်ကိုတွေ့ရှိ၍ တောင်စွန်းနယ်မြေရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ သေမှု သေခင်းဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူသည် ဇော်မျိုးဦး(ခ)အညာသား မရမ်းကျောင်းကျေးရွာ ပဲခူးမြို့နယ်နေသူဖြစ်ပြီး စုံစမ်းဖော်ထုတ်ချက်များအရ ¤င်းသည် ဝင်းဇော် ဝင်းကကျေးရွာ ဘီးလင်းမြို့နယ်နေသူနှင့် ချစ်ဦး(ခ)ကတုံး အရက်သီမကျေးရွာ ဘီးလင်းမြို့နယ်နေသူတို့နှင့်အတူ အရက်သောက်စားရာမှ စကားများရန်ဖြစ်ပြီး ဓားဖြင့်ခုတ်သတ်၍ မြေမြှုပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
ပြစ်မှုကျူးလွန်သူ ဝင်းဇော်နှင့် ချစ်ဦးတို့အား တောင်စွန်းရဲစခန်းက အရေးယူထားကြောင်း သိရသည်။
ခွန်(ဝင်းပ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment