တိုကျို စက်တင်ဘာ ၁၁
တိုင်ဖွန်းမုန်တိုင်းဂျေဘီ ဂျပန်နိုင်ငံ အနောက်ပိုင်းသို့ တိုက်ခတ်ပြီး တစ်ပတ် အကြာတွင် ယင်းဒေသရှိဒေသခံများ သည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လွန်ခဲ့သည့် အဂ¯နေ့နှောင်းပိုင်းက တိုင်ဖွန်းမုန်တိုင်း ဂျေဘီသည် ကန်ဆိုင်း ဒေသအတွင်းရှိ စီရင်စုခြောက်ခုခန့်သို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ ကိုးဦး သေဆုံးခဲ့ပြီး ၅၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် သဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီက ပြောခဲ့သည်။
မုန်တိုင်းနှင့်အတူ ပြင်းထန် သည့် လေပြင်းတိုက်ခတ်မှုများကြောင့် အိမ်ပေါင်း ၄ဝဝဝ ထက်မနည်း ပျက်စီး သွားကြောင်းနှင့် တချို့အိမ်များမှာ အမိုး များလန်သွားကြောင်း သိရသည်။ လျှပ်စစ် မီးတိုင်များမှာလည်း မုန်တိုင်း ကြောင့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
ကန်ဆိုင်းလျှပ်စစ်ကုမ္ပဏီက စီရင် စုခြောက်ခုအတွင်းရှိ အိမ်ထောင်စုပေါင်း ၂ ဒသမ ၁၆ သန်းခန့် လျှပ်စစ်မီး မရရှိသေးကြောင်း ပြောကြားခဲ့သည်။
တနင်္လာနေ့ ညနေ ၅ နာရီခွဲအချိန် အထိ လျှပ်စစ်မီးမရရှိသော အိမ်ထောင်စု ပေါင်း ၉၅ဝဝ ခန့်လျော့နည်းလာ ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ပြောကြား ခဲ့သည်။
တောင်ကုန်းထူထပ်သည့် ဝါကာ ယာမနှင့် ကျိုတိုစီရင်စုများတွင် သစ်ပင် ကြီးများလဲနေကာ တခြားပိတ်ဆို့မှုများ ရှိနေသေးသောကြောင့် လျှပ်စစ်မီး ပုံမှန်အတိုင်း မရရှိသေးကြောင်း သိရသည်။
အိမ်ကြီးကြီးမားမား ပျက်စီးခဲ့သည့် ပိုင်ရှင်များအတွက် အိမ်ပျက်စီးကြောင်း သက်သေခံလက်မှတ်ထုတ်ပေးကာ အကူ အညီများရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း
No comments:
Post a Comment