Latest News
Wednesday, September 12, 2018
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးများဆက်တိုက်သေဆုးံမှု ဓာတ်ခွဲနမူနာနှင့်ရောဂါထိန်းချုပ်နိုင်ရေး စစ်ကိုင်းတိုင်းကျန်းမာရေးအဖွဲ့ကွင်းဆင်း
နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးများဆက်တိုက်သေဆုးံမှု ဓာတ်ခွဲနမူနာနှင့်ရောဂါထိန်းချုပ်နိုင်ရေး စစ်ကိုင်းတိုင်းကျန်းမာရေးအဖွဲ့ကွင်းဆင်း
  စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ရှိ ကျေးရွ သုးံရွာတွင် ကလေးငယ်များ ဆက်တိုက်သေဆုးံနေမှုအား ဓာတ်ခွဲ နမူနာရယူရေးနှင့် ဆေးခန်းဖွင့်လှစ်ရောဂါထိန်းချုပ်နိုင်ရေး တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများခေါင်းဆောင်သော အဖွဲ့သည် စက်တင်ဘာ ၉ ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
    ဒေသဆိုင်ရာကူးစက်ရောဂါများ မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှု့ရေး ဆရာဝန်ကြီး ဒေါက်တာ သန္တာလင်း၊ ကူးစက်/တိုးချဲ့ကာကွယ်ဆေး အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာကျော်သူဆွေ၊ဓာတ်ခွဲကျွမ်းကျင် ဆရာဝန်တို့အဖွဲ့သည် နယ်မြေခံကုသရေးဆရာဝန်များနှင့်အတူ နာဂဒေသသို့သွားရောက်ကြခြင်းဖြစ်သည်။
   “အဲဒီမှာဖြစ်နေတာက အသက်ရှုလမ်းကြောင်းဆိုင်ရာရာဂါ AVIပေါ့၊အနားက မဖြစ်သေးတဲ့ရွာတွေကိုလည်း တက်နိုင်သလောက်သွားမယ်၊ဆေးဝါးတွေလည်း ထပ်ဖြန့်ပေးနိုင်အောင် သယ်သွားတယ်၊အနီးဆုးံမြို့နယ်မှာ ဓာတ်ခွဲစစ်ဆေးနိုင်အောင်လုပ်မယ်၊ကူးစက်မြန် ပြင်းထန်ဖြစ်မှာပဲ စိုးရိမ်တာ၊”ဟု ဒေါက်တာကျော်သူဆွေ ကပြောသည်။
   နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲရှိ ၀မ်နုတ်၊ဟဟောင်၊လန်ပန်းကျေးရွာတို့တွင် သြဂုတ်လနောက်ဆုးံပတ်မှ စ၍ ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း၊၀မ်းလျောခြင်းများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
  “ အခု လက်ရှိဖြစ်နေတဲ့ ရှန်ဟဲပေါ်ကွန်ရွာက လန်းပန်းရွာနဲ့ ၇မိုင်လောက်ဝေးတယ်၊ ရွာက လူ ခြောက်ရာကျော်မှာ လေးရာကျော်လောက်ဆေးကုပေးနေရတယ်။ နှာခေါင်းသွေးတွေရော ထွက်တာ၊” ဟု နန်းယွန်းမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် ကပြောသည်။
   နန်းယွန်းမြိှု့နယ်သည် ၂၀၁၆ ခုနှစ်ကလည်း ရွာလုးံကျွန်အစုအပြုံလိုက် ဖျားနာ သေဆုးံမှု များရှိခဲ့သည်။ ရောဂါဖြစ်ပွားရာ ကျေးရွာများသည် သွားလာမှု ခက်ခဲခြင်း၊သွားရောက်ကုသရာတွင်လည်း ဆေးဝါးများ လုံလောက်စွာသယ်ယူနိုင်ခြင်း မရှိကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment