Latest News

Wednesday, September 12, 2018

ဒေါ်အောင်ဆန်းစုကြည် - မြန်မာသည် စတုတ္ထ စက်မှု တော်လှန်ရေးကြီးတွင် နောက်ကျန်ခဲ့ခြင်းမရှိ


ဒေါ်အောင်ဆန်းစုကြည် - မြန်မာသည် စတုတ္ထ စက်မှု
တော်လှန်ရေးကြီးတွင် နောက်ကျန်ခဲ့ခြင်းမရှိ
ပြီး
ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက စတင်ခဲ့သော အိုင်တီ အခြေပြု တတိယ စက်မှု တော်လှန်ရေးကြီးအား လက်တွေ့တွင် ကျော်လွှားသွားခြင်း ခံခဲ့ရသော်လည်း စတုတ္ထ စက်မှု တော်လှန်ရေးကြီးဖြစ်ရန် ဦးတည်နေသည့် လျင်မြန်စွာ တိုးတက်လာနေသော နည်းပညာ ပြုပြင်ပြောင်းလဲမှုများ ကို အမှီလိုက်ရန် အကြီးအကျယ် ခုန်ပျံ ကျော်လွှားလိုက်လာနေပြီဟု ဟနွိုင်းတွင် ကျင်းပသော အာဆီယံ နှင့် စပ်လျင်းသော ကမ္ဘာစီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ပါတယ်။
သုံးရက်ကြာ ကျင်းပမည့် အဆိုပါ ဖိုရမ်တွင် “မိမိ တို့ တိုင်းပြည်အနေဖြင့် စတုတ္ထ တော်လှန်ရေးကြီးထဲသို့ မဖြစ်မနေ ဆင်းသက်ခဲ့ရကြောင်း” ပြောခဲ့ပါတယ်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း က နောက်ကျန်ခဲ့ရသည့် ကျမတို့လို နိုင်ငံများအဖို့ ဖါးခုန် ခုန်ယုံမျှနှင့် မလုံလောက်ပဲ အကြီးအကျယ် ခုန်ပျံ နိုင်ရတော့မည့် အရေးသည် အမှန်တကယ် ကို မရှိမဖြစ် လိုအပ်လာနေပြီလို့လည်း ဆိုပါတယ်။
မိမိတို့ ပြည်သူများ အနေဖြင့် အင်တာနက်ကို ယခုအခါ ဈေးပေါပေါ နှင့် အလွယ်တကူ လျင်မြန်စွာ သုံးနိုင်ခဲ့ကြပြီလို့လည်း ထောက်ပြခဲ့ပါတယ်။ ယခင်က လက်ကိုင်ဖုန်း တလုံး တန်ဖိုးသည် ဒေါ်လာ ၁၅၀၀ ကျော်လောက် ရှိခဲ့တာကြောင့် ၁% လောက်သာ သုံးစွဲနိုင်ရာမှ ယခုအခါ ၁၀၅% အထိ ပင် တိုးတက် သုံးစွဲလာနိုင်တာသည် အင်မတန် လျင်မြန်သော ပြောင်းလဲမှုကြီး ဖြစ်သဖြင့် စတုတ္ထ တော်လှန်ရေးကြီးတွင် မကျန်ရစ်နိုင်ခဲ့တော့ဟု ထောက်ပြသွားခဲ့ပါတယ်။
စတုတ္ထ စက်မှုတော်လှန်ရေး ဆိုသည်ကား အိုင်တီ နည်းပညာများ ပြန့်ပွားလာခြင်း၊ မိုဘိုင်း အင်တာနက်များ၊ ညဏ်ရည်အတု ဟု ခေါ်သော Artificial Intelligence (AI) နည်းပညာများ ဖြင့် စက်ရုပ် များ တီထွင်လာနိုင်ခြင်းတို့ဖြင့် လူ့ဘောင် အဖွဲ့အစည်းအတွင်း ရှိ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး စနစ်များ လျင်မြန်စွာ အပြောင်းအလဲ ဖြစ်ပေါ်လာနေခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါတယ်။
ထိုကဲ့သို့ ကြီးမားသော အရှိန် ဖြင့် ကျော်လွှားနိုင်မှုကြီးကြောင့် မမျှော်လင့်သော ဦးတည်ရာများဖြစ်သည့် ကူးသန်းရောင်းဝယ်ရေး နှင့် ဘဏ်လုပ်ငန်းများ တွင် တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့ရသည်ဟု ဆိုပါတယ်။
ဤသို့ အောင်မြင်မှုများ ဖြစ်ပေါ်လာရခြင်းမှာလည်း လုပ်ငန်းများ ပွင့်လင်းစွာ ယှဉ်ပြိုင်နိုင်စေရန် ဈေးကွက်ကို ဖွင့်ပေးခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း၊ ထိုကဲ့သို့ #ယှဉ်ပြိုင်ရန် စိုးရိမ်နေမည်ဆိုက စတုတ္ထ တော်လှန်ရေး တွင် ကျမတို့ထက် ရှေ့ကနေ များစွာရောက်နေပြီ ဖြစ်သော နိုင်ငံများကို အမှီလိုက်နိုင်မည် မဟုတ်# ဟု ပြောသွားခဲ့ပါတယ်။
သို့သော်လည်း “လူသားများ၏ အခန်းကဏ္ဍ” သည် အရေးပါဆဲ ဖြစ်ကြောင်း မမေ့မလျော့ ထောက်ပြသွားခဲ့ပြန်ပါတယ်။
“ထိုကဲ့သို့ စတုတ္ထ စက်မှု တော်လှန်ရေးကြီး ဖြစ်ပေါ်အောင် ကျမတို့ ပြည်သူတွေ အနေနဲ့ တစိတ်တပိုင်း ပါဝင်ဆောင်ရွက်ကာ တိုးတက်အောင်သာ လုပ်ရမည်ဖြစ်ပြီး ကျိန်စာသင့်ခံရသလို မဖြစ်ဖို့ အရေးကြီးပါတယ်”
အဆိုပါ ဖိုရမ်သို့ နိုင်ငံခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်များ နှင့် မြိုပြလူ့အဖွဲ့အစည်းများ မှ ခေါင်းဆောင်များ စုစုပေါင်း ၉၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံ ဆယ်နိုင်ငံတွင် လာမည့် ဆယ်ငါးနှစ်အတွင်း တရက်လျင် အလုပ်သမား ဦးရေ ၁,၁၀၀ နှုန်း တိုးတက်လာနေမည်ဟု ခန့်မှန်း မှုများ ရှိနေသော်လည်း အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေသော စတုတ္ထ စက်မှု တော်လှန်ရေးကြီးကြောင့် စက်ရုံ အလုပ်ရုံများ ရှိ လူသား တို့ လက်ဖြင့်သာ  လုပ်နေရပြီး ကျွမ်းကျင်မှု မလိုလှသော အလုပ်များတွင် စက်ရုပ်များ နေရာယူလာခြင်း၊ ၀န်ဆောင်မှု လုပ်ငန်းများ၊တွင် AI က အစားထိုး ၀င်ရောက်လာနေခြင်း နှင့် မောင်းသူမဲ့ ယာဉ်များ စတင် အသုံးပြုလာနေခြင်း များ ကို ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။
(ဤပြဿနာ ကို အဖြေရှာ နိုင်ဖို့က စွန့်ဦး တီထွင်သည့် လုပ်ငန်း များကို ဦးစားပေး မြေတောင်မြှောက်ရတော့မှာလည်း ဖြစ်ပါတယ်။
Google အကြီးအကဲ ဖြစ်သူက AI သည် လူသားတို့ မီးကို စတင်တွေရှိခြင်း၊ လျပ်စစ်ဓါတ် တီထွင်နိုင်ခဲ့ခြင်းတို့ထက် ပိုမို အကျိုးများစေရမည်ဟု ကြွေးကြော်ခဲ့ပြီး ဖြစ်ပါတယ်။
တဖက်တွင်လည်း အရင်းရှင်ကြီးများ က အလုပ်သမား များကို ကျွန်သဖွယ် စေခိုင်းလာနိုင်ဖို့ ဖြစ်လာရပြန်ပါတယ်။ မကြာသေးမီက အမေဇုန် မှ ၎င်းတို့၏ ကုန်လှောင်ရုံကြီးများတွင် အလုပ်သမား များ လက်ကို အကြိမ်မည်မျှထိ ရွေ့လျားကြောင်း သိနိုင်ဖို့ AI အသုံးပြု လက်ပါတ် များ တပ်ဆင်ပေးရန် စီစဉ်လာနေပြီလည်း ဖြစ်ပါတယ်။
ထို့အတွက် စတုတ္ထ တော်လှန်ရေးကြီးက ကျွန်တော်တို့ အတွက် မျှော်လင့်ချက်များ သယ်ဆောင်လာနိုင်သလို စိုးရိမ်ကြောင့်ကြဖို့လည်း ဖြစ်လာရပါတယ်။)
ကိုးကား။ ၊ Kyodo News
Hla Soe Wai

No comments:

Post a Comment