Latest News

Sunday, September 2, 2018

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ထရန့်ရဲ့ အဓိကဆုံးဖြတ်ချက်များ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ထရန့်ရဲ့
အဓိကဆုံးဖြတ်ချက်များ

ထွန်းသစ်စ

အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခြင်း၊ ပါလက်စတိုင်း ဒုက္ခသည်များအတွက် အမေရိကန်အကူအညီရပ်ဆိုင်းခြင်းတို့အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ အဓိကဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။  အခုပြောပြမယ့်အကြောင်းအရာတွေကတော့ ၂ဝ၁၇ ခုနှစ်ကတည်းက စခဲ့တဲ့ အရေးကြီးဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအခြေချခြင်းအပေါ်
နှုတ်ဆိတ်နေခြင်း
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့ဟာ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းမှာ    အသစ် ရွှေ့ပြောင်းနေထိုင်အခြေချသူ ၂၅ဝဝ ကို  အတည်ပြုပေးရေး  အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပေးရင် ကောင်းမလား၊ မကောင်းဘူးလားဆိုတဲ့ အပေါ် ခပ်မဆိတ်နေခဲ့ပါတယ်။
 အဲဒီအစီအစဉ်ဟာ နှစ်ပေါင်း များစွာအတွင်းမှာ   အကြီးမားဆုံး စီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒီအနေအထားမှာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်အနေနဲ့ အစ္စရေး နဲ့ ဆက်ဆံရေးကို ပိုမိုနီးနီးကပ်ကပ် ဖြစ်ချင်တဲ့သဘောကို တွေ့ရတယ်ဆိုတဲ့ အကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
ပါလက်စတိုင်းနဲ့ ပထမအကြိမ် အဆက်အသွယ်ရပ်ခြင်း
ဖေဖော်ဝါရီ ၁၅ ရက်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကို အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ပါတယ်။ အမေရိကန် အလိုရှိနေတဲ့ အစ္စရေး-ပါလက်စတိုင်း   ပဋိပက္ခမှာ  နှစ်နိုင်ငံ ဖြေရှင်းမှုကို    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရပ်တန့်ခဲ့ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံ ဖြေရှင်းမှုဟာ ငြိမ်းချမ်းရေးကို ဦးတည်နေတယ်ဆိုပါက    သူ့အနေနဲ့ တစ်နိုင်ငံချင်းစီကို ထောက်ခံသွားချင်တဲ့ ပုံစံဖြစ်နေပါတယ်။
မတ် ၂၇ ရက်ကလည်း အမေရိကန် သံအမတ်သစ်ကြီး  နစ်ကီဟာလေးက ကုလသမဂ္ဂမှာ  အစ္စရေးကို  ဘက်လိုက် နေမှုကိုအဆုံးသတ်ပေးမယ်လို့ ကတိပေး ခဲ့ပါတယ်။
အနောက်ဘက်တံတိုင်းမှ အမေရိကန် သမ္မတထရန့်
မေ ၃ ရက်က အမေရိကန် သမ္မတ ထရန့်ဟာ အရှေ့အလယ်ပိုင်းငြိမ်းချမ်း ရေးနဲ့  ပတ်သက်ပြီး  အိမ်ဖြူတော်မှာ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်  အဘတ်ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီ ကိစ္စကို    လုပ်ဆောင်ရပါမယ်လို့လည်း ပြောခဲ့ပါတယ်။
မေ ၂၂ ရက်ကလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂျေရုဆလင်မြို့ ဟောင်းမှာရှိတဲ့ အနောက်ဘက်တံတိုင်း ကို သွားရောက်လည်ပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန် သမ္မတဖြစ်လာခဲ့ပါတယ်။
နေတန်ယာဟုဟာ  အမေရိကန် စစ်ဘက်ဆိုင်ရာ   အကူအညီကိစ္စကို ကြေညာခဲ့ပါတယ်။
တရားမဝင်သိမ်းပိုက်အုပ်စိုးခြင်း
စက်တင်ဘာလမှာ အမေရိကန် သမ္မတထရန့်ရဲ့   အကြံပေးလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ အစ္စရေးနိုင်ငံ ဆိုင်ရာ   အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဖရိုင်းမင်န်းဟာ အနောက်ဘက် ကမ်းမှာရှိတဲ့ အစ္စရေးတို့ရဲ့  ပိုင်နက်ကို ဘေးချိတ်ခဲ့တဲ့   ပါလက်စတိုင်းတွေကို ဒေါသူပုန်ထလျက်ရှိပါတယ်။
ဂျေရုဆလင်
ဒီဇင်ဘာ ၆ ရက်မှာ အမေရိကန် သမ္မတထရန့်က ဂျေရုစလင်ကို အစ္စရေး မြို့တော်အဖြစ်     တရားဝင်သတ်မှတ်  ရမယ့် အချိန်ကျရောက်လာခဲ့ပြီလို့ ဆိုပါ တယ်။
အဲဒီလိုပြောဆိုမှုက  အရင်နောင်  တော်တွေရဲ့ မူဝါဒကို ချိုးဖောက်ခဲ့သလို ဖြစ်ခဲ့ကာ  ကမ္ဘာတစ်ဝန်း  ဝေဖန်မှုများ သောသောညံခဲ့ပါတယ်။
ပါလက်စတိုင်းတွေက သူတို့ရဲ့ ဒေါသူ ပုန်ထမှုတွေကို ဖော်ပြခဲ့ကြပါတယ်။
အဲဒီအချိန်ကတည်းက   ပါလက် စတိုင်းတို့ဟာ   အမေရိကန်နဲ့    ဆက်သွယ် မှု အားလုံးကို ငြင်းဆိုခဲ့သလို အမေရိကန် ပြည်ထောင်စုကို ငြိမ်းချမ်းရေး ညှိနှိုင်း သူအနေနဲ့ လုံးဝလက်ခံမတော့ကြောင်း သိရပါတယ်။
ရာစုတစ်ခု ဒဏ်သင့်ခြင်း
၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က အဘတ်က အိမ်ဖြူတော်ရဲ့   ငြိမ်းချမ်း ရေးကြိုးစားမှုအပေါ်         ရာစုတစ်ခု ဒဏ်သင့်ခြင်းအဖြစ် ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်ကလည်း ဝါရှင်တန် ဟာ အမေရိကန်ဒေါ်လာ ၆၅ သန်းကို ထိန်းချုပ်ထားလိုက်ပြီး အဲဒီပမာဏဟာ ပါလက်စတိုင်း   ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ လျာ ထားငွေထက်ဝက်ခန့်ထက်ပိုတယ်လို့ သိရ ပါတယ်။
ဝါရှင်တန်ကတော့ သူ့ရဲ့ လုပ်ဆောင် မှုဟာ ဂျေရုဆလင်ပဋိပက္ခနဲ့ သက်ဆိုင် မှုမရှိကြောင်း ပြောခဲ့ပါတယ်။ သို့သော် လည်း ပါလက်စတိုင်းတို့နဲ့ ပိုပြီးတင်းမာမှု တွေဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ   ၂၅   ရက်ကလည်း အမေရိကန်  ဒုသမ္မတမိုက်ပန့်  အရှေ့ အလယ်ပိုင်းခရီးစဉ်အတွင်း အဖက်မတန် သလို ဥပေက္ခာပြုခဲ့တဲ့အတွက် အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်ဟာ ပါလက် စတိုင်းတွေကို အမေရိကန်ပြည်ထောင်စု ကို လေးစားမှုမရှိဘူးဆိုပြီး  စွပ်စွဲလိုက်ပါ တယ်။
အမေရိကန်ညှိနှိုင်းပေးတဲ့ဆွေးနွေးပွဲကို လိုက်လျောလက်ခံတဲ့ အချိန်အထိ အကူအညီ   အမေရိကန်ဒေါ်လာသန်း ရာ ပေါင်းများစွာကို     ထည့်ဝင်ခြင်းမရှိဘဲ  ပြန်ထုတ်သွားမှာ    ဖြစ်တယ်ဆိုတဲ့ အကြောင်း     အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က ထပ်မံပြောကြားလိုက် ပါတယ်။
ဂျေရုဆလင်ရှိ အမေရိကန် သံရုံး
မတ်  ၅     ရက်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ နေတန်ယာဟုကို   အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး     အမေရိကန်-အစ္စရေးဆက်ဆံရေးဟာ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးဆိုပြီး   ပြောခဲ့ပြန်ပါ သေးတယ်။
မေ ၁၄ ရက်လည်း အမေရိကန် သံရုံးကို တဲလ်အဗစ်မှ    ဂျေရုဆလင်  သို့  ပြောင်းရွှေ့ခြင်းနဲ့   ပတ်သက်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ   သွေးဖုံး လွှမ်းမှုတွေဟာ  တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စ ရေးတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၆ဝ လောက် သေဆုံးခဲ့ပါတယ်။
ဇွန် ၁ ရက်ကလည်း အမေရိကန် ပြည်ထောင်စုဟာ ပါလက်စတိုင်းတွေ ကို ကာကွယ်ဖို့ ကုလသမဂ္ဂ ဆုံးဖြတ် ချက်ကို ဗီတိုအာဏာနဲ့   ပယ်ချခဲ့ပါ တယ်။
ဇွန် ၁၉ ရက်ကလည်း အစ္စရေး အပေါ် ဘက်လိုက်တယ်ဆိုပြီး ကုလ သမဂ္ဂ       လူ့အခွင့်အရေးကောင်စီမှ   အမေရိကန်ပြည်ထောင်စု နုတ်ထွက် ခဲ့ပါတယ်။
အမေရိကန်အကူအညီရပ်တန့်ခဲ့
သြဂုတ် ၂၄ ရက်ကလည်း ဂါဇာ ကမ်းမြောင်ဒေသနဲ့  အနောက်ဘက် ကမ်းဒေသမှာရှိတဲ့   ပါလက်စတိုင်း တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ လောက်ကို ပယ်ဖျက်ခဲ့ပါ တယ်။
သြဂုတ်  ၃၁   ရက်မှာလည်း   ပါလက်စတိုင်း ဒုက္ခသည်တွေအတွက်ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်း များဆောင်ရွက်ရေးအဖွဲ့ (UNRWA)  ကို  အကူအညီ   ထည့်ဝင်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ပြီးတော့လည်း   အမေရိကန်က ဒုက္ခသည်တွေအတွက်  ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့်     လုပ်ငန်းများ ဆောင်ရွက်ရေးအဖွဲ့ဟာ   ''အဖတ်  ဆယ်၍မရသော  ပြစ်ချက်များရှိသည့် လုပ်ငန်းတစ်ခု''အဖြစ်  ဖော်ပြခဲ့ပါ တယ်ဆိုတဲ့အကြောင်း တင်ပြလိုက် ပါတယ်။     ။

ကိုးကား - အေအက်ဖ်ပီ

No comments:

Post a Comment