မော်လူးတွင် လမ်းပြုပြင်ရန်အတွက် မြေတူးရာမှ စစ်ကျန်သေနတ် ကျည်ဆံများတွေ့ရှိ
မော်လူး စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မော်လူးမြို့တွင် လမ်းပြုပြင် ရန်အတွက်တောင်ကုန်းမြေအားတူးဖြိုရာမှစစ်လက်ကျန်သေနတ်ကျည်ဆံများတွေ့ ရှိသဖြင့် တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ကြောင်းသိရသည်။
စုံစမ်းသိရှိရသည်မှာ စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိ န်တွင်မော်လူးမြို့မင်းသစ္စာရပ် ဟဲနုကျေးရွာနေ ဦးမောင်မောင်နေအိမ်၏အနောက်တောင်ကုန်းတွင်ရာအိမ်မှူးနှင့်ရွာသားများမှလမ်းခင်းရန်အတွက်မြေကျ င်းတူးရာမှဒုတိယကမ္ဘာစစ်လက်ကျ န်ကျ ည်ဆံများတွေ့ ရှိရသဖြင့်မော်လူးနယ်မြေရဲစခန်းသို့  ဆက်သွယ်အကြောင်းကြားခဲ့သည်။
ထို့ ကြောင့်မော်လူးနယ်မြေရဲစခန်းမှူးရဲအုပ်မင်းနိုင်နှင့်တပ်ဖွဲ့ ဝင်များ လာရောက်စစ်ဆေးခဲ့ရာ ရိုင်ဖယ်ကျ ည်ဆံ(၁၀၀၉)တောင့်၊ခြောက်လုံးပြူးကျည်ဆံ ၂၅ တောင့်တို့ကိုတွေ့ရှိရသဖြင့်စနစ်တကျ တူးဖော် သိမ်းဆည်းခဲ့ကြကြောင်းသိရသည်။
နီတိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment