Latest News

Sunday, September 30, 2018

ဇာသပြင်-ကျားကလေးလမ်း ​ချောင်းကူးတံတားတစ်​ခြမ်း ပဲ့ကျကာ ​ခြောက်​ဘီးယာဉ်​တစ်စီး ​ချောင်းအတွင်းထိုးကျယာဉ်မောင်း​ သေဆုံး

ဇာသပြင်-ကျားကလေးလမ်း ​ချောင်းကူးတံတားတစ်​ခြမ်း ပဲ့ကျကာ ​ခြောက်​ဘီးယာဉ်​တစ်စီး ​ချောင်းအတွင်းထိုးကျယာဉ်မောင်း​ သေဆုံး

ဘားအံ    စက်တင်ဘာ   ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊   ဇာသပြင်​-ကျားက​လေးလမ်းတွင် ​စက်​တင်​ဘာ ၃၀ရက်​​နေ့ ၃နာရီအချိန်​က  ခရားချောင်းကူး သစ်​သားတံတားပဲ့ကျကာ ​ခြောက်​ဘီးယာဉ်​တစ်​စီးချောင်းအတွင်းထိုးကျ သွားပြီး ယာဉ်​​မောင်းမှာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွား​ကြောင်း သိရသည်​။

အခင်းဖြစ်​​နေရာသို့နယ်​​မြေခံရဲစခန်းမှူးနှင့်​အဖွဲ့က သက်​​သေများနှင့်​ အတူသွားရောက်စစ်ဆေးခဲ့ရာ ကျားကလေးဘက်မှ ဇာသပြင်ဘက်သို့ ယာဉ်မောင်း သက်နိုင်ဦး၊ (၃၂-နှစ်​)မု​ရောင်း​ကျေးရွာ၊ မော်လမြိုင်မြို့နယ် နေသူမောင်းနင်လာသော 2I/------- နံပါတ်တပ် NISSAN အမျိုးအစားအဖြူရောင် (၆)ဘီးယာဉ်သည် ဇာသပြင်​-ကျားက​လေးလမ်း အတိုင်း ​မောင်းနှင်​လာစဉ်​ ခရားအတွင်းကျေးရွာအနီး ဇာသပြင်​-ကျားက​လေးကားလမ်း ကီလိုမီတာ 11 Km နှင့် 11.5 Kmအကြား အ​ရောက်​​ခရား​ချောင်းကူးသစ်​သားတံတားအား ဖြတ်​သန်းစဉ်​တံတား၏ ယာဘက်​ခြမ်းပဲ့ကျကာ ယာဉ်​မှာ ​ချောင်းအတွင်းသို့ပြုတ်​ကျသွားခဲ့ပြီး ယာဉ်​​မောင်းမှာ ယာဉ်​​မောင်းထိုင်​ခုံ​နေရာ၌ပင်​ ​သေဆုံး​နေသည်​ကို စစ်​​ဆေး​တွေ့ရှိ၍ အ​လောင်းအား ရဲ​ဆေးစာဖြင့်​ ပို့​ဆောင်​ထားပြီး  ဖြစ်​စဉ်​အား ဇာသပြင်​နယ်​​မြေရဲစခန်းက အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သိရသည်​။

အဆိုပါသစ်​သားတံတားမှာ ​ကျေးရွာမှ ကိုယ်​ထူကိုယ်​ထ ​ဆောက်​လုပ်​ထား​သောသစ်​သားတံတားဖြစ်​ပြီး ခံနိုင်​ရည်​မရှိ​တော့သည့်​အတွက်​ အဆိုပါသစ်​သားတံတား​ဘေး၌ တံတားအထူးအဖွဲ့ ၁၄က တာဝန်​ယူ၍ သြဂုတ်​လ ၃၀ ရက်​​နေ့က စတင်​တည်​​ဆောက်​ခဲ့သည့်​ ​ဘေလီ သံ​ဘောင်​တံတားမှာ ​ဆောက်​လုပ်​ပြီးစီးပြီဖြစ်​​သော်​လည်း တံတား အတတ်/ အဆင်း နေရာအားပြုပြင်​ဆဲဖြစ်​၍ ယာဉ်​သွားလာမှု​ခေတ္တပိတ်​ထားခဲ့ပြီး ယာဉ်​များအမြန်​သွားလာနိုင်​​ရေးအတွက်​ ဇာသပြင်​နယ်​​မြေရဲစခန်းနှင့်​ဂျိုင်းနယ်​​မြေရဲစခန်းမှူးတို့ ဦးစီး​သော ရဲတပ်​ဖွဲ့ဝင်​များက လမ်းပြုပြင်​​နေစဉ်​ ယာဉ်​သွားလာမှုမရှိ​စေ​ရေး ​ဆောင်​ရွက်​​ပေးပြီး ပြုပြင်​​ဆောင်​ရွက်​ခဲ့ရာ ​နေ့လည်​ ၁၁နာရီ မိနစ်​၂၀ အချိန်​တွင်​ ​ဘေလီသံ​ဘောင်​တံတား အတက်​အဆင်း​နေရာအား ပြုပြင်​​ဆောင်​ရွက်​ပြီး၍ယာဉ်​များပုံမှန်​ဖြတ်​သန်းသွားလာလျှက်​ရှိ​ကြောင်း သိရသည်​။

မင်းသူ(ဘားအံ)

No comments:

Post a Comment