ခါးသက်တဲ့အရာချိုမြိန်စေဖို့
ခေတ်သစ်အိမ်(မြသာ)
''အပတ်စဉ် စာမေးပွဲတွေ ဖြေလာခဲ့တာ အေးစက်စက်နဲ့၊ မင်းတို့ကိုကြည့်ရတာ သိပ် လေးနက်မှုမရှိသလိုပဲ။ အလုပ်လုပ်တဲ့နေရာမှာ ဘာအလုပ်ပဲဖြစ်ဖြစ် လေးနက်မှုဆိုတာ ရှိရ တယ်။ အလုပ်လုပ်တာလေးနက်မှုမရှိရင် အလုပ်ရဲ့ရလဒ်က ပေါ့လျော့နေလိမ့်မယ်။ မင်းတို့ကလေးတွေ ပညာသင်တဲ့အရွယ်မှာ စာကျက်ရတာဟာ မင်းတို့ရဲ့အလုပ်ပဲ။
အဲဒီအလုပ်ရဲ့ ရလဒ်ကောင်းထွက်ဖို့ အတွက် စာလုပ်တဲ့အခါ လေးနက်မှုရှိပါလို့ ဆရာမှာချင်တယ်။ အားလုံး ကိုယ့်တာဝန်ကိုယ် ကျေရမယ်နော်''
''ဟုတ်ကဲ့ပါ ဆရာ''
''ဟုတ်ပြီ .... အခု သတင်းကောင်း တစ်ခု ဆရာပြောမယ်။ နောက်တစ်ပတ်ဖြေ မယ့်စာမေးပွဲမှာ အထူးချွန်ဆုံးသူကို ဆုချီးမြှင့် ဖို့ စီစဉ်ထားတယ်။ ဒုတိယ၊ တတိယတွေ ခွဲမထားဘူး။ တစ်ဆုတည်းပေးမှာဖြစ်တဲ့ အတွက် အားလုံး အပြိုင်အဆိုင်ကြိုးစားကြရ မယ်နော်''
''ဟုတ်ကဲ့ ကြိုးစားပါ့မယ် ဆရာ''
ပြိုင်တူထွက်လာသော ကျောင်းသား ကျောင်းသူအားလုံး၏အသံသည် တစ်ကျောင်း လုံးဟိန်းထွက်သွားပြီး ကျောင်းဆရာ ဦးရဲကျော်၏စိတ်အတွင်း၌ ပီတိတစ်စု ဖုံးလွှမ်း စေသည်။ ကျောင်းသား ကျောင်းသူများသည် လည်း တက်ြ<ွကသည့်အားအင်များနှင့်အပြည့်။
ဦးရဲကျော်၏ ဆိုဆုံးမမှုသည် သူတို့၏ အသိစိတ်အတွင်းသို့ တိုးဝင်ခဲ့လေပြီ။ ဆုချီး မြှင့်မည်ဟု ပြောထားခြင်းကြောင့်လည်း ဆုမလို ချင်သောကျောင်းသား မည်သူရှိမည်နည်း။စာကို ပုံမှန်လုပ်သောကြောင့် နှင်းပွင့်မှာ စိုးရိမ်ပူပင်မှုမရှိ။ သို့သော် ဆုနှင့်လွဲသွားမည်ကို တော့ သူနည်းနည်းတွေးပူမိသည်။ သူနှင့် ပြိုင်ဘက်ဖြစ်သော ရဲထက်သည် စာမေးပွဲ ရလဒ်တိုင်းက သူနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်နေသောကြောင့်ပင်တည်း။
''စိတ်အေးအေးထား နှင်းပွင့်၊ ဒီဆု နင်ရ မှာ'' စိတ်ထဲကပင် သူ့ကိုယ်သူ တိတ်တဆိတ် ပြန်အားပေးနေမိလေသည်။ ရဲထက်ကတော့ တစိုးတစိမျှ သောကမရှိ။ အေးဆေးစွာပင် သူ့ကို အားပေးသလိုလိုနှင့် စနောက်သွားသေး သည်။
''စာတွေလုပ်နေတာလား၊ ကြိုးစား ကလေး၊ ကြိုးစားမှုရဲ့နောက်ကွယ်မှာ အောင်မြင်မှုဆိုတာရှိတယ်။ ငါက နံပါတ် (၁)ဆိုရင် ငါ့နောက်မှာ နင်ရှိမှာပါ'' ရဲထက်က ခနဲ့သလိုနဲ့ နှင်းပွင့်ကို ပြောနေပေမယ့် သူက တစ်ချက်မျှပြုံးပြပြီး စကားတစ်ခွန်းသာ ရွဲ့ပြော၍ လှည့်ထွက်သွားလေသည်။
''ဟုတ်ကဲ့''
စာမေးပွဲဖြေမယ့်ရက်သို့ ရောက်သော အခါ နှင်းပွင့်လေးက မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်။
အကောင်းဆုံး ကြိုးစားထားသောကြောင့် အဆိုးရွားဆုံးအခြေအနေသို့ မရောက်နိုင် ကြောင်း သူသိသည်။ စိတ်အေးအေးထားပြီး မေးခွန်းတစ်ခုချင်းစီကို အေးဆေးစွာဖြေသည်။ ရဲထက်မှာတော့ တစ်ချိန်လုံး ရင်တထိတ်ထိတ် နဲ့ စိုးရိမ်ကြောင့်ကြနေရသည်။ စာမရ၍တော့ မဟုတ်။ ပေးသမျှစာအကုန်ရသော်လည်း ဆုနဲ့လွဲမည်စိုးသောကြောင့် သူ၏လက်ထဲတွင် နျပေ တစ်ပုဒ်ကို ရေးသားထားခြင်းကြောင့် ဖြစ်သည်။ သူ့ပြိုင်ဘက်ဖြစ်သော နှင်းပွင့်နှင့် က အဆင့်(၁)ကို တစ်ယောက်တစ်လှည့်စီ ရယူနေသည်မဟုတ်ပါလား။
ဒီ နျပေ တစ်ပုဒ်ကို ကောင်းစွာဖြေနိုင် လျှင် ကျိန်းသေပေါက် အဆင့်(၁)ရမှာ သူသိ ၏။ စာမေးပွဲ၏ မေးခွန်းအားလုံးကို မဖြေ နိုင်မှာစိုးသောကြောင့် မလုပ်သင့်သောအလုပ် တစ်ခုကို သူလုပ်ခဲ့မိသည်။ သို့သော် မေးခွန်း အားလုံးကို သူဖြေနိုင်ခဲ့သည်။ အရိုးသားဆုံး ပြောရလျှင် ရိုးရိုးသားသား ဖြေခဲ့သည်တော့ မဟုတ်။
ရိုးသားစွာဖြေဆိုသော နှင်းပွင့်၏ မျက်နှာ သည် လမင်းပမာ အေးမြလျက်ရှိသည်။အကောင်းဆုံးကြိုးစားထားသောကြောင့် ပီတိ အပြုံးများက စိုးရိမ်ကြောင့်ကြမှုကို ဖုံးလွှမ်းစေ သည်။ စာမေးပွဲဖြေဆိုပြီးနောက် တစ်ပတ်ခန့် ကြာသောအခါ ဆရာဦးရဲကျော်က စာမေးပွဲ ရလဒ်ကို ကြေညာလေ၏။
''ဆုရတဲ့သူကတော့ ကျောင်းသားထဲက ဖြစ်ပါတယ်'' ဆရာ့ရဲ့စကားကို ကြားသောအခါ နှင်းပွင့်၏ရင်ထဲတွင် လှိုင်းထန်သွားလေသည်။ ရဲထက်ပြောခဲ့သလိုပဲ သူက(၁)ဆို သူ့နောက်က သူလားဟု တွေးနေမိသည်။ သို့သော်လည်း
''အကောင်းဆုံးကြိုးစားထားတယ်။ အဆိုးဆုံး အခြေအနေကိုလည်း ရင်ဆိုင်ရဲတယ်''ဟု မိမိ ကိုယ်မိမိ ဖြေသိမ့်ရင်း ရဲထက်အတွက် လက်ခုပ်တီးပေးဖို့ သူအသင့်ဖြစ်နေခဲ့၏။
''ပထမဆုကို ဆွတ်ခူးသွားသူကတော့ ရဲထက်ပဲဖြစ်ပါတယ်''
''ဟေး .....ဟေး ....ဖြောင်း ဖြောင်း ...ဖြောင်း ..''
နှင်းပွင့်အပါအဝင် ရဲထက်၏ သူငယ်ချင်း များထံမှ အော်သံနှင့်အတူ လက်ခုပ်သံများ ဆူညံစွာထွက်ပေါ်လာခဲ့သည်။ အားလုံးက လည်း ရဲထက်ကို ကြိုဆိုနေကြ၏။ ဆရာ ဦးရဲကျော် မခေါ်ခင်မှာဘဲ ရဲထက်သည် သူ့အနားသို့ ရောက်ရှိလာပြီး အမှတ်စာရင်းကို တောင်းကြည့်လေသည်။
''ဆရာ သားကို အမှတ်စာရင်းလေး ပြကြည့်လို့ရမလား''
''ရတာပေါ့'' ဦးရဲကျော်က အမှတ်စာရင်း ကို ပေးကြည့်သောအခါ သူသည် နှင်းပွင့်ထက် တစ်မှတ်သာပိုများသည်ကို တွေ့ရ၏။
''ရဲထက် မင်းနဲ့ထိုက်တန်တဲ့ဆုကို လက်ခံ ပါ'' စကားသံကြားရာဘက်သို့ လှည့်ကြည့် သောအခါ ဦးရဲကျော်၏ လက်ထဲတွင် ပါကင် လှလှထုပ်ထားသော အထုပ်တစ်ထုပ်နဲ့ ရွှေရောင်ဒိုင်းဆုကို တွေ့ရလေသည်။
''ဒီဆုက ကျွန်တော်နဲ့ ထိုက်တန်တဲ့ဆု မဟုတ်ပါဘူး ဆရာ။ အဲဒါကြောင့် လက်မခံပါ ရစေနဲ့''
သူ့စကားကြားသောအခါ ဆရာအပါ အဝင် ကျောင်းသား ကျောင်းသူတိုင်း အံ့အား သင့်ကုန်၏။
''ဘာပြောတယ်သား၊ ပြန်ပြောပါဦး''
''ဟုတ်ပါတယ်ဆရာ၊ အမှန်တော့ ဒီအမှတ် စာရင်းက သားအရည်အချင်းနဲ့ရတာ မဟုတ် ပါဘူး။ လက်ပေါ်မှာရေးသွားတဲ့ စာလေး တစ်ပုဒ်ကို ပြန်ကူးထားတာပါ။ မရှက်တမ်း ဝန်ခံရရင် ခိုးချလို့ရလာတဲ့အမှတ်ပါပဲ။ ဒါတောင် ရိုးရိုးသားသားဖြေတဲ့ နှင်းပွင့်နဲ့ တစ်မှတ်ပဲကွာ တာကို တွေ့ရပါတယ်။ အစကတော့ ဒီဆုကို လိုချင်စိတ်နဲ့ လုပ်လိုက်မိပေမယ့် ဆုကိုရတဲ့ အခါမှာတော့ သား လိပ်ပြာမလုံဘူးဆရာ။ လိမ်ညာပြီးရယူတဲ့ဆုမလို့လည်း သားမလိုချင် ဘူး။ ယူဖြစ်ခဲ့ရင်တောင်မှ ကိုယ်ပိုင်အရည် အချင်းနဲ့ ကြိုးစားတဲ့ဆုမဟုတ်တဲ့အတွက် သားကို ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။ အဲဒါ ကြောင့် ဒီဆုက စာတကယ်လုပ်တဲ့ နှင်းပွင့်နဲ့ ပဲ ထိုက်တန်တဲ့ဆုပါ။ ဆရာ့ရဲ့ဆုံးမမှုအောက်က ရုန်းထွက်ပြီး အတိတ်ရဲ့တစ်စိတ်တစ်ဒေသ မှာ သားရဲ့စာရိတ္တပျက်ပြားခဲ့တဲ့အတွက် ဆရာ့ ကို သား တောင်းပန်ပါတယ်။ မှားခဲ့တဲ့အမှား အတွက် သားကို ကြိုက်တဲ့အပြစ်ပေးပါ ဆရာ''
အားလုံးက ရဲထက်ကို အပြစ်တင်ရမလို၊ ချီးမွမ်းရမလိုနှင့် ဒွိဟဖြစ်နေသည်။
''ဟုတ်ပါပြီ၊ အမှားကို အမှားမှန်းသိပြီး ဝန်ခံရဲတာဟာ အမှန်ကို လျှောက်ဖို့အတွက် လမ်းစပဲ သား။ မှားမှန်းသိရဲ့နဲ့ ဆက်မှားနေရင် တော့ အဲဒီလူဟာ ဘယ်တော့မှ အမှန်ဘက် ရောက်မှာမဟုတ်ဘူး။ သူ့ဘဝတစ်လျှောက်လုံး အမှောင်ထဲမှာပဲ ပိတ်မိနေမှာ။ အမှန်လမ်းကို လျှောက်နိုင်မှ အလင်းတံခါးကို ဖွင့်နိုင်မှာ။ အလင်းထဲမှာမှ ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်လို့ အမြဲကြိုးစားရမှာ၊ ပီကေကို အားလုံးစားဖူးမယ်လို့ ထင်ပါတယ်''
''ဟုတ်ကဲ့ စားဖူးပါတယ်ဆရာ'' သူ့ အရသာက ချိုတယ်နော်။ ဒါပေမယ့် တစ်ချိန် လုံး မချိုဘူး။ ခဏဝါးပြီးချိန်မှာ အချိုကုန်သွား တယ်။ အချိုကုန်သွားတော့ သူ အထွေးထုတ်ခံ ရတာပဲ။ အပြင်ရောက်တဲ့အခါ ထိမိ ကိုင်မိတဲ့ သူကို လိုက်ကပ်ငြိနေသေးတာ။ သူတစ်ပါးကို ဒုက္ခဖြစ်စေတယ်။ သကြားလုံးကတော့ စားလို့ မကုန်မချင်း သူ့အရသာက ရှိနေတုန်းပဲ။သူကုန်သွားမှ အရသာကပျက်သွားတာ။ အမှန် က သကြားလုံးလိုပဲ ကျင့်ရမှာ။ ပီကေလို မကျင့်ရဘူး။ လူတော်တော်များများက ပီကေ လိုလူများတယ်။ လုပ်ငန်းခွင်အစမှာ အလုပ် ကို အလွန်ကြိုးစားပြတယ်။ တစ်လ နှစ်လ ကြာတော့ အလုပ်ကို သိပ်မလုပ်တော့ဘူး။ ထပ်မကြိုးစားဘူး။ မကြိုးစားတော့ အရည် အသွေးက တက်မလာဘူး။ အဲဒီအခါကျတော့ အလုပ်ရှင်ရဲ့ ထုတ်ပယ်မှုကိုခံရရော။ကျောင်းသားအနေနဲ့လည်း ပီကေလို ကျင့်ကြံ မယ်ဆိုရင် အတန်းတင်စာမေးပွဲဖြေတဲ့အခါ မင်းတို့ရဲ့ result က မင်းတို့ကို ဖယ်ထုတ်ပစ် မှာပဲ။ တကယ်လို့ ကိုယ်က အခုပီကေနေရာမှာ ပဲ ရှိနေသေးတယ်ဆိုရင်တောင်မှ သကြားလုံး နေရာကို ရောက်အောင်သွားပါ။ မသွားနိုင် သေးရင်တောင် သူများအထွေးထုတ်မခံရစေနဲ့။အဲဒီလိုဖြစ်ဖို့အတွက် အချိုထပ်ဖြည့်ပါ။သကြားလုံးလိုလူက မသေမချင်း သူ့အရည် အချင်း ကုန်မသွားဘူး။ အဲဒါကြောင့်လည်း ပီကေလို အထွေးထုတ်မခံရတာပေါ့။ ရဲထက် ရဲ့ပထမလုပ်ရပ်ကြောင့် တစ်ချိန်မှာ အထွေး ထုတ်ခံရမှာဖြစ်ပေမယ့် ဒုတိယလုပ်ရပ်ကြောင့် အချိုထပ်ဖြည့်ဖို့ အချိန်တွေ ရှိပါသေးတယ်။ သားကို ဆရာ ခွင့်လွှတ်တယ်။ ပီကေကနေ သကြားလုံးအဖြစ် ပြောင်းလဲနိုင်သူ ဖြစ်ပါစေ''
''ကျေးဇူးပါ ဆရာ''
''ကဲ သမီးနှင်းပွင့် ဆုလက်ခံဖို့ ရှေ့ကိုြ<ွကပါ''
''ဖြောင်း ..ဖြောင်း ..ဖြောင်း ...''
ရဲထက်အတွက် လက်ခုပ်သံက နှင်းပွင့် အတွက် ပြောင်းလဲသွားလေသည်။ ရဲထက် ကိုယ်တိုင်ဝန်ခံပြီး ပြောင်းလဲပေးခြင်း မဟုတ် ပါလား။ လက်ခုပ်သံပိုင်ရှင်ထဲတွင် ရဲထက် လည်း ပါဝင်နေမည်က ဧကန်ပင်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment