Latest News

Wednesday, September 12, 2018

ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါး(၇၅၁)သိန်းကျာ်ဖိုးခန့် ဖမ်းဆီးရမိ


မန္တလေး၊ စက်တင်ဘာ ၁၂

၁၁-၉-၂၀၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းအရ ပုသိမ်ကြီးမြို့နယ်၊ သမ္မတော်ကျေးရွာရှိ ထင်ကျော်(ခ)လျှိုဟန်ချောင်း ၃၉ နှစ်၊ ၆၇ လမ်း၊ ၃၂x၃၃ လမ်းကြား၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူ၏ ခြံဝန်းအတွင်း ၀င်ရောက်ရှာဖွေရာ ထင်ကျော်(ခ)လျှိဟန်ချောင်းအား မတွေ့ရှိဘဲ ခြံဝန်းအတွင်း ခြံစောင့် ခိုင်ဇော်ဝင်း(ခ)၀င်းနိုင် ၂၇ နှစ်၏ တဲအား ရှာဖွေစစ်ဆေးရာ တီဗွီစင်ခြေရင်ဘေးတွင် ဂွမ်းစောင်ဖြင့် ထုပ်ထားသည့် တရုတ်စာတန်းပါ အနီရောင် သံဘူးအတွင်းနှင့် အနက်ရောင်သစ်သားဘူးအတွင်းမှ ESTASY ဆေးပြား ၈၃၆ ပြား၊ မြန်မာငွေ ၁၀ သိန်းကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပြီး ထိုသို့စစ်ဆေးနေစဉ် ခြံပိုင်ရှင် ထင်ကျော်(ခ)လျှိဟန်ချောင် သည် SHN 9C/xxxxx MITISUBISHI PAJERO ယာဉ်ဖြင့် ခြံဝန်းအတွင်း ၀င်ရောက်ရှိလာသဖြင့် ၎င်းနေထိုင် သည့်အိမ်အား ထပ်မံစစ်ဆေးရှာဖွေရာ အိမ်၏သီးသန့်ခန်း(DJ ဖွင့်သည့်အခန်း)အတွင်းမှ တိုင်နံရံတွင် အံဝှက်ပြုလုပ်၍ သိုဝှက်ထားသော တရုတ်စာတန်းပါဖြူ/၀ါရောင်လက်ဆွဲစက္ကူအိတ်အတွင်းမှ ESTASY ဆေးပြား ၂၇ ပြား၊ ကတ်တမင်း ဟိုက်ဒရိုကလိုရိုဒ်အရည် ၅၀ မီလီဂရမ်ခန့်ပါ အလုံး ၂၀ ၊ စုစုပေါင်း ၁၀၀၀ မီလီဂရမ်ခန့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထင်ကျော်(ခ)လှိုဟန်ချောင်း အား စစ်ဆေးရာ ၆၇ လမ်း၊ ၃၂x၃၃ လမ်းကြား၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ ၎င်း၏နေအိမ်တွင် ကျန်ရှိသေးကြောင်း ထွက်ဆိုအစစ်ခံသဖြင့် ညနေ ၄ နာရီအချိန် သွားရောက်စစ်ဆေးရာ ၎င်းအိပ်သည့် အိပ်ခန်းအ၀င် နံကပ်ဘီရိုအပေါ်ဆင့်၌ ပရိုဂျက်တာလိပ်ဖြင့် ကာရံထားသည့် မူးယစ်ဆေးဝါးရောင်းရငွေ ၃ သိန်းကျပ်ပေါ်တွင် တင်ထားသည့် ပလပ်စတစ်အကြည် ကပ်ခွာအိတ်ဖြင့်ထည့်လျက် ကတ်တမင်းအဖြူရောင်အမှုန့်အလေးချိန် ၀. ၅ ဂရမ်ခန့်ပါ ၁ ထုပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကတ်တမင်း ၂၉၀.၅ ဂရမ်၊ ကတ်တမင်းအရည် ၁၀၀၀ မီလီဂရမ်နှင့် ESTASY ဆေးပြား ၈၆၃ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice

No comments:

Post a Comment