Latest News

Wednesday, September 12, 2018

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်ပဲနို့စက်လှူဒါန်းပွဲတက်ရောက်ပြီး ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်ပဲနို့စက်လှူဒါန်းပွဲတက်ရောက်ပြီး   ဒေသဖွံ့  ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

မအူပင်             စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ တနီးကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း၌ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲကို စက်တင်ဘာ ၉ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေပါရမီ
ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပဲနို့စက်နှင့်
ဆက်စပ်ပစ္စည်းများလှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင်များ
အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂ့ါမိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရွှေပါရမီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့်အလှူရှင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ဦးသက်ကိုလေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအေးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာရှိ ကွင်းအမှတ် (၇၅၄) တောင်သူဒေါ်တင်ရီနှင့် တောင်သူ ၁၉ ဦး စိုက်ပျိုးထားသည့် ဆင်းသုခ (မျိုးသန့်) စပါးစိုက်ခင်း အောင်မြင်နေမှုကိုကြည့်ရှုရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းအောင်သန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်လဲ့လဲ့ဦးတို့က  စိုက်ပျိုးထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အဆိုပါ ကျေးရွာတွင်ဆောက်လုပ်သည့် ဖိနပ်စက်ရုံတည်ဆောက်သည့် မြေနေရာအား ကြည့်ရှုခဲ့ပြီး မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာရှိ မအူပင်စက်မှုဇုန်
တည်ဆောက်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုရာ တည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးညွန့်ရွှေက လက်ရှိ
ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မအူပင်
မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု
အပေါ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)၊ ဝဠာနိုင်(ညောင်တုန်း)

No comments:

Post a Comment