Latest News

Tuesday, September 18, 2018

ဘိုကလေးမြို့မရဲစခန်းတွင် အချုပ်ခန်းဖောက်၍ တရားခံ၃ဦးထွက်ပြေး ၂ဦးဖမ်းမိ

ဘိုကလေးမြို့မရဲစခန်းတွင်  အချုပ်ခန်းဖောက်၍ တရားခံ၃ဦးထွက်ပြေး ၂ဦးဖမ်းမိ
ဓာတ်ပုံ မှာလွတ်မြောက်နေသောတံတားခံဖြစ်သည်
ဘိုကလေး ၊ စက်တင်ဘာ ၁၈ ရက်။၂၀၁၈ခုနှစ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဘိုကလေးမြို့မ ရဲစခန်းတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄နာရီအချိန်ခန့်ကအချုပ်ခန်း အမှတ်(၂) တိုင်အမှတ် (၉၃)အား  မြေပြင်မှ ၃ပေ အမြင့်တွင် (၄×၂)လက်မ သစ်သားတိုင်အားသံဖြတ်လွှဖြင့်ဖြတ်၍ တရားခံ၃ဦးထွက်ပြေးလွတ်မြောက်ခဲ့ရာ တရားခံ၂ဦးဖမ်းဆီးရမိခဲ့ကြောင်း သတင်းရ ရှိသည်

မအူပင်ခရိုင် မအူပင်မြို့နယ် ရေလဲကျေးရွာအနီးရှိ လယ်ကွင်းအတွင်းတွင် ယနေနံနက် ၇ နာရီ ၄၀မိနစ် အချိန်၌ဘိုကလေးမြို့ ရှိရဲများနှင့်  ပူးပေါင်း
အဖွဲ့မှ ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ၃ဦးအနက် တရားခံအာကာဂျူးနှင့်ပိုးဖြူ(နန္ဒာအောင်)တို့အားပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တရားခံလှနိင်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်

အချူပ်ခန်းဖောက်၍ထွက်ပြေးလွတ်မြောက်ခဲ့သည့်တရားခံ ၃ဦးကတော့ဘိုကလေးမြို့ အမှတ်(၇)ရပ်ကွက်နေ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈၀/ကျင့် ၅၄ ဖြင့် ရဲတပ်သားဟောင်း
အာကာဂျူး(၂၃)နှစ် ဘိုကလေး မြို့နယ် (၁၄)လမ်း ၇ ရပ်ကွက်နေ (ပ)၂၃၇/၂၀၁၈ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့်ပိုးဖြူ(ခ)နန္ဒာအောင် (၁၉)နှစ် နှင့် ဘိုကလေးခရေကွဲ ကျေးရွာ သရက်ချောင်းကျေးရွာအုပ်စု နေ (ပ)၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ
၃၇၇ဖြင့် လှနိုင်ဦး (၃၃)နှစ်တို့ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်

တရားခံ၃ဦးသည် ယနေ့နံနက်၎နာရီအချိန်က  ဘိုကလေးမြို့နယ် မော်လမြိုင်ကျွန်းကားလမ်းပေါ်ရှိ ကျွဲခြံတံတားအနီးတွင် Follow Meအနက်ရောင်ဆိုင်ကယ်မောင်းနှင်လာသူအားရိုက်နှိက်လုယူပြီး မော်လမြိုင်ကျွန်းမြို့နယ် ဘက်သို့  မောင်းနှင်ထွက်ပြေးခဲ့သည်

အဆိုပါဖြစ်စဉ် အား ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူး
ရဲမူးကြီးရွှေသောင်းမှ ကြီးကြပ်ကွပ်ကဲကာဖျာပုံခရိုင်ရဲတပ်ဖွဲ့မူး
ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မူး ဖျာပုံခရိုင်မူခင်းနိမ်နှင်းရေးအဖွဲ့ပူးပေါင်း၍
လွှတ်မြောက်တရားခံများအားကားလမ်းတစ်လျှောက်ပိတ်ဆို့ရှာဖွေမူများပြုလုပ်ခဲ့ကြောငိး
သိရှိရသည်

"ရဲတပ်ဖွဲ့မှပိတ်ဆို့ရှာဖွေလျက်ရှိပါတယ် သုံးယောက်ပြေးတာ  နှစ်ယောက်မိပြီးပါပြီ  လက်ရှိမှာဖမ်းဆီးရမိရေး အတွက်ဆက်လက်ဆောင်ရွက်
နေပါတယ်"' ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့ မူးရုံး ရဲတပ်ဖွဲ့ မှူးရုံး ဦးစီ (ပ) (ဦး/ရေ/ထောက်) ဒုရဲမှူးကြီထွန်းရွှေမှ တိုင်းဧရာကိုပြောသည်

လက်ရှိတွင် လွှတ်မြောက်နေဆဲ ဖြစ်သည့်(ပ)၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၃၇၇ဖြင့် တရားခံ လှနိုင်ဦး (၃၃)နှစ်အား  အမြန်ဖမ်းဆီးရမိရေး အတွက်ဆောင်ရွက်နေသည်

သတင်း=ရွှေရည်ဝင်း

No comments:

Post a Comment