Latest News

Tuesday, September 18, 2018

ဘားအံအကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်နေသည့်အကျဉ်းသားများကို အမှုသုံးမှုရေးဖွင့်ထားပြီး ဖမ်းဆီးရမိသူ ၂၁ ဦးကို အထူး အမှုစစ်အဖွဲ့များဖြင့်စစ်ဆေးသွားမည်

ဘားအံအကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်နေသည့်အကျဉ်းသားများကို အမှုသုံးမှုရေးဖွင့်ထားပြီး ဖမ်းဆီးရမိသူ ၂၁ ဦးကို  အထူး အမှုစစ်အဖွဲ့များဖြင့်စစ်ဆေးသွားမည်

ဘားအံ စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကထွက်ပြေးလွတ်မြောက်သွားသည့်အကျဉ်းသား ၄၁ဦးနှင့် ထောင်ဗူးဝတွင်ဖမ်းဆီးရမိသူတစ်ဦးအပါဝင် ထောင်မှထွက်ပြေးခဲ့သည့် အကျဉ်းသားစုစုပေါင်း၄၂ ဦးဖြစ်ဖြစ်ကြေင်းသိရပြီး အဆိုပါအကျဉ်း သားများကို အမှုသုံးမှုခွဲဖွင့်၍အရေးယူဆောင်ရွက်ထားပြီး ဖမ်းဆီးရမိသူ ၂၁ ဦးကို  အထူး အမှုစစ်အဖွဲ့များဖြင့် စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

 ထွက်ပြေးခဲ့သည့် အကျဉ်းသားအနက်  ထောင်ဘူးဝအနီးတွင် ပုန်းအောင်းနေသည့် စောညို(ခ)သိန်းညို၊ (၃၉)နှစ်၊ အောင်မေတ္တာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ သာမညကျေးရွာ၊ ဘားအံမြို့၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး လွတ်မြောက်သွားခဲ့သည့် အကျဉ်းသား ၄၁ဦးအားဖမ်းဆီး ရမိရေး ပိတ်ဆို့ဆောင်ရွက်ခဲ့ရာစက်တင်ဘာလ ၁၇ရက်နေ့ ည ၉နာရီအချိန်ထိ ဖမ်းဆီးရမိခဲ့သူများဖြစ်သော ဝတုတ်(ခ) စည်သူကျော်၊ (၃၂)နှစ်၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ (ထောင်ဒဏ် ၆ နှစ်)၊ ရဲနောင်ဖြိုး (ခ) သဲမောင်၊ (၂၀)နှစ်၊  ရာဇသတ်ကြီး ၃၈၀ (ထောင်ဒဏ် ၁ နှစ်)၊ စောကျော်ပိ၊ (၅၇)နှစ်မူး/စိတ်ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၃ နှစ်)၊ လက်နက်ပုဒ်မ ၁၉(စ) (ထောင်ဒဏ် ၆လ)၊ ဗီလား(ခ) ဇော်ထူး၊ (၁၈)နှစ်၊မူး/စိတ်ပုဒ်မ ၁၆(ဂ) (ထောင်ဒဏ် ၆ နှစ်)  ထွန်းထွန်းသန့်(ခ)ကိုနေ၊ (၂၂)နှစ်၊  မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၃ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်) ဝဏ္ဏ(ခ) ဖြိုးတေဇာ၊ (၂၈)နှစ်၊မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၂ နှစ်)  ပြည်ဟိန်း၊ (၂၈)နှစ်၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၂ နှစ်) ဇင်အောင်(ခ)မိုးဒီ၊ (၂၂)နှစ်၊ မူး/စိတ် ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်)  အောင်ဝင်း(ခ)အပု၊ (၄၂)နှစ်၊မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့်တရားရုံး စစ်ဆေးဆဲ၊ထွန်းထွန်းဦး(ခ)သားသား၊ (၂၅)နှစ်၊မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့်တရားရုံးစစ်ဆေးဆဲ၊  ကျော်မိန်လ (ခ) အရှောင် (ခ) ကျော်ဖကုလား (ခ) မိန်လ၊ (၃၃)နှစ်၊  မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂၂(ခ) (နှစ်အကန့်အသတ် မရှိ)၊ မူး/စိတ်ပုဒ်မ ၁၅(ထောင်ဒဏ် ၄ နှစ်)၊ ရာဇသတ်ကြီး ၃၀၂(၁)(ဂ) (တစ်သက်)၊ ရာဇသတ်ကြီး ၃၂၆ (ထောင်ဒဏ် ၁၀ နှစ်)၊ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး၊ (၂၆)နှစ်၊ မူး/စိတ်ပုဒ်မ ၁၅(ထောင်ဒဏ် ၄ နှစ်)၊ မူး/စိတ်ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၁နှစ်)၊ ကံမြင့်(ခ) ဇော်ကြီး၊ (၂၅)နှစ်၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်တရားရုံးစစ်ဆေးဆဲ၊ အောင်ဆန်းဦး (၂၂)နှစ်၊  မူး/စိတ် ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်) မျိုးမင်းမြတ်(၂၉)နှစ်၊  မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁၊ ၁၉(က)/၂၁တို့ဖြင့် တရားရုံးစစ်ဆေးဆဲ၊ သန်းနိုင်ဦး၊၃၃နှစ်၊လက်နက်ပုဒ်မ ၁၉(င)ဖြင့် ထောင်ဒဏ် လေးလကျခံနေသူ၊ မြင့်ထွန်း(ခ)ဒဘူလာ၊၂၉နှစ်၊ မူးစိတ်ပုဒ်မ ၁၆(ဂ)/ ၁၉(က)/၂၁အမှုဖြင့် တရားရုံးစစ်ဆေးဆဲ၊ဝင်းသိန်း (ခ) အရှည်ကြီး၊မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့်တရားရုံးစစ်ဆေးဆဲ၊ စောမြင့်စိုး (ခ)စောသံဏိ၊၄၅နှစ်၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ဖြင့်တရားရုံး စစ်ဆေးဆဲ၊  အောင်မြင့်လင်း(ခ)မြင့်လင်း၊၃၉နှစ်၊မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်ထောင်ဒဏ် ၁၁နှစ်ကျခံနေရသူတို့ကိုဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း အကျဉ်းသား (၂၁)ဦးဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
 အကျဉ်းထောင်မှထွက်ပြေးသည့် အကျဉ်းသား ၄၂ဦးကို ဘားအံမြို့နယ် ရဲတပ်ဖွဲ့က စက်မှုဇုန်နယ်မြေရဲစခန်း တွင်(ပ)၃၉/၂၀၁၈၊ရာဇသတ်ကြီး ပုဒ်မ ၂၂၄/၁၁၄ဖြင့်လည်းကောင်း၊(ပ)၄၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃(ပ)၄၁/၂၀၁၈ ၊၁၉၆၁ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်ျစာင့်ရှောက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်း ဆီးရမိသူများကို အထူးအမှုစစ်အဖွဲ့ (၃)ဖွဲ့ခွဲကာ စက်တင်ဘာလ ၁၈ရက်နေ့မှစတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)မြန်မာ့အလင်း

No comments:

Post a Comment