မြောက်ကိုရီးယား နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ
ထိပ်တန်းပညာရှင် ပါမောက္ခဂျူ ကွယ်လွန်
ပြုံယမ်း စက်တင်ဘာ ၎
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဦးစီးဦးဆောင်ပြုလုပ်ခဲ့သူ ဝါရင့်တာဝန်ရှိသူ တစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
တက္ကသိုလ် ပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ ဂျူကျူချန်းသည် သွေးရောဂါ တစ်မျိုးဖြင့် စက်တင်ဘာ ၃ ရက်တွင် ကွယ် လွန်ခဲ့ပြီဖြစ်ကြောင်း၊ သူကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေး စွမ်းပကား မြင့်မားတိုးတက်စေရေးအတွက် ထူးထူးခြားခြား စွမ်းဆောင်ကြိုးပမ်းခဲ့သော တော်လှန်ရေးသမားကြီး ဂျူ ကွယ်လွန်သွားမှု အတွက် တစ်နိုင်ငံလုံးက ကြေကွဲဝမ်းနည်းကြ ရပါကြောင်း သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ်တွင် ဦးဆောင်ပါဝင်မှု၌ အမေရိကန် ဘဏ္ဍာရေးဌာန၏ ၂ဝ၁၃ ခုနှစ် အရေးယူ ပိတ်ဆို့မှုတွင် ပစ်မှတ်ထားခံရသူများအနက် ပါမောက္ခ ဂျူလည်း ပါဝင်သည်။
ကြီးကြပ်
၂ဝဝ၉ ခုနှစ်က အန်ဝါ-၂ တာဝေးပစ်ရော့ ကက်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ပါမောက္ခ ဂျူက ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း၊ ယင်းဒုံးကျည် ပစ်ခတ်မှုကို ထိုစဉ်က မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအီက အနီးကပ် စောင့် ကြည့်ခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာန၏ သတင်းတွင်ဖော်ပြသည်။
ပါမောက္ခ ဂျူသည် ၂ဝ၁၅ ခုနှစ်တွင် အငြိမ်းစားမယူမီ ၂ဝ၁၂ ခုနှစ်တွင် အန်ဝါ-၃ တာဝေးပစ်ရော့ကက်ဒုံးကျည် သုတေသနပြု ထုတ်လုပ်မှုတွင်လည်း ဦးဆောင်ခဲ့သူဖြစ် သည်ဆို၏။
အေအက်ဖ်ပီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment