Latest News

Wednesday, September 5, 2018

၂၅ နှစ်အတွင်း အင်အား အပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် တိုက်ခတ်

၂၅ နှစ်အတွင်း အင်အား အပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် တိုက်ခတ်


တိုကျို   စက်တင်ဘာ   ၎

ဂျပန်နိုင်ငံတွင် ၂၅ နှစ်တာကာလအတွင်း အင်အားအပြင်းထန်ဆုံး တိုင်ဖုန်း မုန်တိုင်း အဖြစ် စက်တင်ဘာ ၄ ရက်က တိုက်ခတ်ခဲ့ရာ မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း၊ ပြင်းထန်သည့် လေတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု တို့ကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်  အသိပေးနှိုးဆော်မှုများ ထုတ်ပြန်ခဲ့ရကြောင်း   ဂျပန်  မိုးလေဝသ အေဂျင်စီက ပြောကြားသည်။

အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်း ဂျဲဘီ၏ လေတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် ၂၁၆ ကီလိုမီတာ (၁၃၅ မိုင်)ခန့်ရှိသည်။ အဆိုပါမုန်တိုင်းကြောင့် စက်တင်တာ ၄ ရက် မွန်းလွဲပိုင်းတွင်     နိုင်ငံအနောက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားခဲ့သည်။ မုန်တိုင်းတိုက်ခတ်ရာ ဧရိယာ အနီးဝန်းကျင်မှာ ယခုနှစ် နွေရာသီ အတွင်းက စံချိန်တင် လူအသေအပျောက် ရှိခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့်  ပြန်လည် ထူထောင်မှုများ  ပြုလုပ် နေရဆဲဖြစ်သည့် ဒေသဖြစ်သည်။

တိုက်တွန်း

ဒေသခံများအနေဖြင့် စောစီးစွာဘေးကင်း ရာသို့ ရွှေ့ပြောင်းကြရန် ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးက တိုက်တွန်းပြောကြားခဲ့ပြီး ဒေသခံများ အား မုန်တိုင်းဘေးဒဏ်မှ ကာကွယ်ပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးရန် ¤င်း၏ အစိုးရ အဖွဲ့ကို အမိန့်ပေးထားသည်။

မုန်တိုင်းဒဏ်ကြောင့် မြေပြိုမှုများဖြစ် ပေါ်ဖွယ်ရာရှိကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ အဓိကမြို့ကြီးများဖြစ်ကြသည့် အိုဆာကာနှင့် ကျိုတိုအပါအဝင်ဒေသများတွင် ပြင်းထန်သောလေတိုက်ခတ်မှုနှင့် ရေလွှမ်းမိုး မှုများအပြင် ဒီရေမြင့်တက်မှုများ၊ မိုးကြိုးပစ်မှု များနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုများလည်းဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။

တိုင်ဖုန်းဂျဲဘီ၏ ဗဟိုချက်တွင် လေတိုက် ခတ်နှုန်း တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ (မိုင် ၁ဝဝ)ခန့် ရှိပြီး အလွန် အင်အားပြင်းထန် ကြောင်း ဂျပန်မိုးလေဝသဌာန ခန့်မှန်းရေးမှူး ချုပ် ရူတာ တူရိုရာက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားသည်။

အဆိုပါ  မုန်တိုင်းသည် ၁၉၉၃ ခုနှစ် နောက်ပိုင်း အင်အားအပြင်းထန်ဆုံး မုန်တိုင်း ဖြစ်ကြောင်း ¤င်းက ပြောကြားသည်။

မုန်တိုင်းချဉ်းကပ်လာစဉ်တွင် ဝန်ကြီးချုပ် အာဘေးက နိုင်ငံအနောက်ပိုင်းဒေသသို့ သွား ရောက်မည့်  ခရီးစဉ်ကို  ဖျက်သိမ်းခဲ့ပြီး သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့သည်။

အင်အားပြင်းထန်သောမုန်တိုင်းက ရိုးရာ ပုံစံဆောက်လုပ်ထားသည့် လူနေအိမ်များနှင့် လျှပ်စစ်ဓာတ်တိုင်များအား    ဆောင်ယူ သွားနိုင်၍ မုန်တိုင်း သက်ရောက်ရာဒေသ တွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီး
မသွားကြရန် ဒေသဆိုင်ရာ သတင်းဌာနများက ပြည်သူများအား သတိပေးမှု ပြုလုပ်ထားသည်။

အေအက်ဖ်ပီ

No comments:

Post a Comment