ရန်ကုန် စက်တင်ဘာ ၁၇
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းနှင့် အထက် ပိုင်းဒေသများတွင် မုတ်သုံလေသည် ဆုတ်ခွာနေပြီဖြစ်ရာ အင်အားပြင်း မုန်တိုင်းဖြစ်ပေါ်ရန် အလှမ်းဝေးကြောင်း နှင့် ပြည်သူလူထုအား မိုးလေဝသ အခြေအနေ ဖြစ်ပေါ်နေမှုကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် ခန့်မှန်းချက် များကို ၄၈ နာရီအတွင်း တရားဝင် ထုတ်ပြန်ပေးနေကြောင်း ရန်ကုန်မြို့ က္ဘာအေးဘုရားလမ်းရှိ မိုးလေဝသ နှင့်ဇလဗေဒ òန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်)ရုံးမှ သိရသည်။
''ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရပါ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း မှာ နောက် ၄၈ နာရီအတွင်းဆိုတော့ စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ အထိပေါ့။ လေဖိအားနည်းရပ်ဝန်း တစ်ခုသာ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်း ရပါတယ်။ အခု တရုတ်နိုင်ငံ ဟိုင်နန် ကျွန်းနဲ့ ဟောင်ကောင်ကျွန်းမှာ ဝင်ရောက်တိုက်ခတ်နေတဲ့ စူပါ တိုင်ဖွန်းမုန်တိုင်းက မြန်မာနိုင်ငံကို ဝင်ရောက်လာဖို့က ဖြစ်နေတဲ့နေရာ နဲ့ ကြားမှာ တောတွေ၊ တောင်တွေ အများကြီး ကာရံထားပြီး မိုင်ပေါင်း ထောင်ချီအောင် ဝေးနေတဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောရမှာပေါ့။ အခု အခါမှာလည်း မုတ်သုံလေက ဆုတ်နေ ပြီဆိုတော့ မုန်တိုင်းဖြစ်ပေါ်လာဖို့က အလွန်ကို အလှမ်းဝေးပါတယ်။ ဒီ အပေါ်မှာ လူထုအနေနဲ့ကျွန်တော်တို့ မိုး/ဇလကအချိန်နဲ့တစ်ပြေးညီ ထုတ်ပြန် ပေးနေတဲ့ မိုးလေဝသသတင်းတွေကိုပဲ ယုံကြည်ကြပါ။ အခြား လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အင်အားပြင်းမုန်တိုင်း ကျရောက်နိုင်တယ်ဆိုတဲ့ အခြေအမြစ် မရှိ ဖော်ပြချက်တွေကို မယုံကြပါနဲ့လို့ ပြောချင်တယ်။ မုန်တိုင်းတစ်ခု ဖြစ်ပေါ် ဖို့ဆိုတာ အဆင့်ဆင့်ရှိပါတယ်။ ဒါကို ကျွန်တော်တို့ မိုး/ဇလအနေနဲ့ အမြဲ မပြတ်စောင့်ကြည့် တိုင်းထွာခန့်မှန်း ပေးနေပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန (အောက် မြန်မာပြည်)မှတ်တမ်းဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။
မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းမှ စတင် ဝင်ရောက်ပြီး မြစ်ဝကျွန်းပေါ်၊ မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များအထိ ဝင်ရောက်ကြောင်း သိရ သည်။ မုတ်သုံလေပြန်ဆုတ်လျှင် မြန်မာ နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝ ကျွန်းပေါ်နှင့် မြန်မာနိုင်ငံ တောင်ပိုင်းမှ ပြန်လည်ထွက်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှု ဦးစီးဌာန၏ မုတ်သုံလေ ပုံမှန်တွက်ချက် မှု ခန့်မှန်းချက်များအရ အောက်တို ဘာလ ပထမပတ်တွင် အပြီးပြန်လည် ထွက်သွားကြောင်း မုတ်သုံလေသည် အဝင်/အထွက် နှစ်ခုပေါင်း ကြာချိန် သည် ၁၂၁ ရက်ရှိကြောင်း သိရသည်။
ယခုအခါ မုတ်သုံလေသည် မြန်မာ နိုင်ငံ မြောက်ပိုင်းမှ ယခုလ စက်တင်ဘာ ၁၄ ရက်နေ့တွင့် စတင်ထွက်ပြီဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
မုန်တိုင်းတစ်ခုဖြစ်ပေါ်ရန် မုန်တိုင်း၏အင်အားဦးတည်ရာအလိုက် အရောင် ငါးမျိုး သတ်မှတ်ထားကြောင်း၊ အဝါ ရောင်သည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း စတင်ဖြစ်ပေါ်ရန် အချိန်ဖြစ်ကြောင်း၊ လိမ္မော်ရောင်သည် ဘင်္ဂလားပင်လယ် အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း စတင်ဖြစ်ပေါ်သည့်နောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည် ရွေ့လျားလာမည့်အချိန် ဖြစ်ကြောင်း၊ အနီရောင်သည် မုန်တိုင်းမှ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျား လာပြီး မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီအလို အချိန် ဖြစ်ကြောင်း၊ အညိုရောင်သည် မြန်မာ့ ကမ်းရိုးတမ်းဒေသသို့ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ချိန်ဖြစ်ကြောင်း၊ အစိမ်း ရောင်သည် မုန်တိုင်းအားပျော့၍ မုန်တိုင်းအ္တရာယ် ကင်းရှင်းသွားချိန် ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံအနေဖြင့် မည်သည့်အဆင့် သတ်မှတ်ချက်မျှ မရှိ ဘဲ မုန်တိုင်းဝင်ရောက်ရန် အလှမ်းဝေး သည်ဟု ယူဆရကြောင်း မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်)ရုံးမှ သိရသည်။
မြန်မာ့အလင်း၊သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး
No comments:
Post a Comment