မုံရွာမြို့ လုံခြုံရေး ရှောင်တခင်စစ်ဆေး
မုံရွာ စက်တင်ဘာ ၁ဝ
မုံရွာမြို့ပြလုံခြုံရေးအတွက် ဥပဒေစိုးမိုးမှုရှိစေရန် ရှောင်တခင်လျှပ်တစ်ပြက်စစ်ဆေးမှုများကို စက်တင်ဘာ ၉ ရက်ညမှစတင်ကာ မုံရွာမြို့ အရပ်ဘက်အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်အင်အားသုံးကာ နေရာစုံ လှည့်လည်ဆောင်ရွက်ခဲ့သည်။
''စစ်ဆေးဆောင်ရွက်တာတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုပါတယ်'' ဟု ဒုရဲမှူးကြီးသန်းဝင်းကပြောသည်။
ခိုးဆိုးလုယက် မသမာမှုများ၏ ဇာစ်မြစ်သည် မူးယစ်ဆေးမှဖြစ်နိုင်သည့်အတွက် မူးယစ်ဆေးရှာဖွေဖမ်းဆီးခြင်းများကို ရှောင်တခင်စစ်ဆေးခြင်းနှင့်အတူ ဆောင်ရွက်ရန်နှင့် နေ့စဉ် ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ လျော့ကျစေရန်အတွက် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ပညာပေးခြင်းအရေးယူခြင်းများ ဆက်တိုက်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သောကူညီပံ့ပိုးမှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
မျိုးဝင်းထွန်း(မုံရွာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment