Latest News

Wednesday, September 5, 2018

တာချီလိတ်၌ တရားမဝင် ဝိုင်အရက် သယ်ဆောင်သူနှင့် ဖြန့်ဖြူးရောင်းချသူ များကို အရေးယူ

တာချီလိတ်၌ တရားမဝင် ဝိုင်အရက် သယ်ဆောင်သူနှင့် ဖြန့်ဖြူးရောင်းချသူ များကို အရေးယူ

တာချီလိတ် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် သယ်ဆောင်လာသော ဝိုင်အရက်များကို ဖမ်းဆီးရာမှာ ရန်အောင်မြေ ရပ်ကွက်အတွင်း ဝိုင်းအရက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူကို ယမန်နေ့က ကွင်းဆက်ဖြင့် ဖမ်းဆီးရမိသည်။
 စက်တင်ဘာ ၄ ရက်နံနက် ၅ နာရီအချိန် တွင် တာချီလိတ်မြို့မှ တောင်ကြီး-လားရှိုးမြို့သို့ သွားရောက်မည့် ယာဉ်မောင်း ဦးကျင်ရှန်းရှုံး မောင်းနှင် လာသော ဒိုင်နာ ယာဉ်အား မယ်ယန်း စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းမောင်းနှင် လာစဉ် တာချီလိတ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်OSSရဲတပ်ဖွဲ့တာဝန်ရှိသူများမှ တားဆီး စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံစာတန်းပါ စက္ကူဖာများဖြင့် ထည့်သွင်းထုတ်ပိုးထားပြီး တစ်ပုလင်းလျှင်750 ML၊ ဝိုင်ပုလင်း ၁၂ ပုလင်းပါ ၁၅၈ ဖာအား စစ်ဆေးတွေ့ရှိခဲ့သည်
 အဆိုပါ ယာဉ်မောင်း၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိသည့် ဝိုင်အရက်များအား တာချီလိတ်မြို့၊ အာခါဗုဒ္ဓလမ်းသယ်၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့တွင် ငှားရမ်းကာ တစ်ဖက်နိုင်ငံထုတ် မက်မန်းသီး အပါအဝင် လုပ်ငန်းနှင့် သက်ဆိုင်သည့် ကုန်ကြမ်းပစ္စည်းများအား ဝယ်ယူ၍ ဝိုင်အရက်များအား ထုတ်လုပ်ခဲ့ကြောင်း၊ လုပ်ငန်းပိုင်ရှင်သည် ကျန်ယူဆေ ဖြစ်ကြောင်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်း OSS ပူးပေါင်းအဖွဲ့တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မူးယစ်အထူးတပ် ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် တရားမဝင်ဝိုင်အရက်ထုတ်လုပ်နေရာအား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ မော်တာ တစ်လုံး၊ မက်မန်းဝိုင်လီတာ ၂ဝဝ ခန့် စီပါသည့် စဥ့်အိုးကြီး ၁၄ လုံး၊ မက်မန်းဝိုင်စိမ်သည့် စဥ့်အိုးကြီး အလွတ် ၁၂ လုံး၊ မက်မန်းသီးစိမ်ထားသည့် စဥ့်အိုးကြီး နှစ်လုံး၊ အသီးညှစ်စက် တစ်လုံး၊ အသီးခွဲစက် တစ်လုံး၊ သကြားအိတ်ကြီး တစ်ဖာ၊ ဝိုင်ပုလင်းခွံ ၁၂ လုံးတို့ကို တရားမဝင် ဝိုင်အရက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား ရှာဖွေတွေ့ရှိ ခဲ့သည်။

 အမှုမှ တရားမဝင် ဝိုင်အရက်များအား သယ်ဆောင်သူ ကျင်းရှန်းရှုံ (အမျိုးသား)နှင့် ထုတ်လုပ်/ဖြန့်ဖြူးသူ ဒေါ်ကျန်ယူဆေး(၄၃ နှစ်)၊ ရပ်ကွက်(၁၂)၊ လားရှိုးမြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက ရှမ်းပြည်နယ်ယစ်မျိုးအမိန့်ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment