Latest News

Saturday, September 29, 2018

ညပိုင်းကစတင်၍ လျှပ်စစ်မီးပုံမှန်ပေးနိုင်တော့မည် ဆို

ညပိုင်းကစတင်၍ လျှပ်စစ်မီးပုံမှန်ပေးနိုင်တော့မည် ဆို

ပေါင် စက်တင်ဘာ၂၉

ထရန်စဖေါ်မာအသစ်လဲလှယ်တပ်ဆင်ပြီးနောက် စမ်းသပ် ကာလအတွင်း ဝန်အားလျော့၍အလှည်ကျပေး နေ
ခဲ့ရသော လျှပ်စစ်မီး ဖြန့်ဖြူးမှုအား စက်တင်ဘာ ၂၉
ရက်ညပိုင်းကစတင်ပြီး ပုံမှန်ပေးနိုင်တော့မည်ဟု ပေါင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံမေးမြန်းသိရသည်

"ထရန်စဖေါ်မာအသစ်နဲ့ ဆိုတော့  အခန်းလျော့ လွှတ်ပြီး ဓာတ်အားပမာဏ လျော့ပြီး ပေးထားဖို့အထက်က ညွှန်ကြားထားပါတယ် စမ်းသပ်ကာလတစ်ခုအနေနဲ့ပါ
ဒီည ၉နာရီနောက်ပိုင်းဆိုယင်တော့ ပုံမှန်ပေးနိုင်တော့မှာပါ သထုံကလည်း ပြင်တာပြီးသွားပါပြီ "ဟု ပေါင်မြို့
နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမိုင်းအောင်နေထွန်းမှ  စက်တင်ဘာ ၂၉ ည ၇နာရီအချိန်ကရှင်းလင်းပြောဆိုခဲ့သည်

ထရန်စဖေါ်မာအသစ်လဲလှယ်သည့် ရက်ပိုင်းကစတင်ပြီး ပေါင်မြို့နယ်အတွင်း လျှပ်စစ်မီးပုံမှန်မရရှိသဖြင့်
ဝေဖန်မှုများများပြားစွာဖြစ်ပေါ်နေခဲ့သဖြင့် အခြေအနေအား  မေးမြန်းကြည့်စဉ် ၎င်းကပြန်လည်ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်

Paung Daily

No comments:

Post a Comment